Red News Agency

Independent Journalism for Justice and Human Rights.

KIA နှင့် PDF များကို ချေမှုန်းရန်စစ်မိန့်ပေးခြင်းသည် မထုတ်ပြန်သင့်သော “စစ်မိန့်” ဟု ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ပြော

Written by

in

RNA_စက်တင်ဘာ(၁၀)၊၂၀၂၄ ခုနှစ်။

နယ်မြေကျူးကျော် ဝင်ရောက်သူများဖြစ်သော ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF များကို ယတိပြတ်ခုခံချေမှုန်းရန် ကချင်ပြည်နယ်အထူးဒေသ (၁) ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်း စစ်မိန့်ပေးစာသည် မထုတ်ပြန်သင့်သော “စစ်မိန့်” ဟု KIA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က Facebook စာမျက်နှာမှတဆင့် အသိပေးထားသည်။


ကချင်ပြည်နယ် အထူးဒေသ ၁ ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်း၏ “စစ်မိန့်” တွင် “တိုင်းရင်းသားလူမျိုး ပြည်သူများ၏ ဘဝ သာယာအေးချမ်းမှုကို ဖျက်ဆီးရန် KIA နှင့် PDF ကျူးကျော်လာပြီဖြစ်သဖြင့် ကျွန်တော်တို့ ဆော့လလော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ကံပိုင်တည်ဒေသတွင် တာယန်ထမ်းဆောင်နေသည့် နခစ၊ ပသစများသည် မြေတစ်လက်မတိုင်းကို ကာကွယ်သည့် ခုခံစစ်ဆင်တိုက်ခိုက် ချေမှုန်းကြပါရန် အမိန့်ပေးအပ်ပါသည်” ဟု ဖော်ပြထားသည်။

ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က Facebook စာမျက်နှာမှတဆင့်တင်ပြထားသည့် ဦးဇခုန်တိန့်ယိန်း၏ “စစ်မိန့်” သည် ၂၀၂၄ ခုနှစ် ဇွန်လ (၇) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားပြီး နယ်ခြားစောင့်တပ်ဖွဲ့ ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃ တပ်ဖွဲ့မှူးများနှင့် ဒေသလက်နက်ကိုင်ပြည်သူ့စစ် ရဲဘော်များအား အမိန့်ပေး စေခိုင်းထားခြင်းဖြစ်ပြီး၊ ရှေ့ နောက်ပိတ်ပြီး တိုက်ခိုက်ချေမှုန်းရန်နှင့် ပြန်လည်ထွက်သွားခွင့် မပေးကြရန် တိုက်တွန်းထားသည်ကို တွေ့ရှိရသည်။

#RedNewsAgency #RNA