စစ်ကောင်စီလက်အောက်မှ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဗိုလ်ကြီးအပါအဝင် ၄၁ ဦး ဩဂုတ်လအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံ

RNA_စက်တင်ဘာ(၁၂)၊၂၀၂၄ ခုနှစ်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် မနေနိုင်တော့သည့်အတွက် ဒုဗိုလ်မှူးကြီး (၃) ဦး၊ ဗိုလ်မှူး (၂) ဦး၊ ဗိုလ်ကြီး (၂) ဦး၊ ဗိုလ် (၃) ဦး အပါ အဝင် တပ်သားနှင့်ရဲ (၄၁) ဦးသည် ဩဂုတ်လအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင် အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ပကဖများသို့ ဆက်သွယ်ကာ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့သည်ဟု သိရသည်။

သြဂုတ်လအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံလာသူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ (၁၉) လက်နှင့် ခဲယမ်း မီးကျောက်များရရှိခဲ့ကြောင်း၊ လက်နက်ယူဆောင် လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။

#RedNewsAgency #RNA

By Editor