Author: Editor

  • လမ်းမပေါ်က အလှူခံမဏ္ဍပ်များ

    လမ်းမပေါ်က အလှူခံမဏ္ဍပ်များ

    လမ်းမပေါ်တက် အလှူခံပြီး ရံပုံငွေရှာတာကို ဒုတိယအချက်အနေနဲ့ စဥ်းစားရမှာက စစ်ကောင်စီဂိတ်တွေနဲ့ နီးတဲ့အပြင် အထင်ကရလမ်းမကြီးပေါ်ဖြစ်တာကြောင့် မကြာခဏဆိုသလို အဲ့ဒီလမ်းပိုင်းပေါ်က တော်လှန်လူငယ်တွေက စစ်တပ်ရဲ့ စစ်ရေးပစ်မှတ်ဖြစ်နေရတယ်။ ဥပမာ စစ်သားတွေက စစ်ကိုင်းဖက်က ဂိတ်တခုကနေ ခရီးသွားယာဥ်ပေါ်တက်လိုက်လာတယ်။ အလှူခံနေတဲ့ ဂိတ်ရောက်မှ ကားမရပ်ခိုင်းဘဲ ကားပေါ်ကနေ သေနတ်နဲ့ပစ်သွားတယ်။ လူငယ်တွေမှာ ပြဆင်ဆင်ချိန်မရှိ ခုခံမှုမရှိ အသက်ပေးရတယ်”

    ခေတ်ငြိမ်းအေး

    ကျွန်မ  မန္တလေးကနေ မုံရွာကို ကားနဲ့သွားတဲ့နေ့က လမ်းမှာလည်း ကျွန်မက လှတပတဝတ်စားထားပြီး မုန့်တွေတမျိုးပြီးတမျိုးစားပြီး လိုက်လာတာပေါ့။ ကြည့်လိုက်တာနဲ့ ပိုက်ဆံသုံးနိုင်တဲ့သူမှန်း သိသာနေတာမျိုးပဲ။ ကျွန်မစီးလာတဲ့ ကားက မန္တလေးကနေ စစ်ကိုင်းမြို့ကိုဖြတ်ပြီး မန္တလေး မုံရွာလမ်းမကြီးပေါ်အတိုင်း မှန်မှန်မောင်းလာရင်း ကားကို PDF ရဲဘော်တွေက တားကြတယ်။ စစ်ဆေးရေးဂိတ်လားလို့ ထင်ပေမယ့် သူတို့ အလှူခံနေကြတာဖြစ်တယ်။ ဆယ်မိနစ်လောက်ကားစီးပြီးရင် တဖွဲ့ တခါ နောက်ဆယ်မိနစ်ကျော်လောက် ကားစီးပြီးရင် တဖွဲ့နဲ့ တော်လှန်ရေးအဖွဲ့တွေ အလှူခံနေကြတာ အဲ့လမ်းပိုင်းလေးမှာတင် ဆယ်ဖွဲ့ကျော်တယ်။ 

    အဲ့ဒီတော်လှန်ရေးသမားတွေ ထွက်အလှူခံတဲ့ လမ်းပိုင်းနာမည်က ချောင်းဦး မြင်းမူး စစ်ကိုင်း လမ်းပိုင်းဖြစ်ပြီး အဲ့ဒီလမ်းက မုံရွာကနေ မန္တလေးကို သွားတဲ့ လမ်းပိုင်း တခုဖြစ်တယ်။ အဲ့ဒီလမ်းက မုံရွာမြို့အပြင် မုံရွာမြို့နှင့် အနီးတဝိုက် မြို့နယ်များမှ ရန်ကုန် မန္တလေး အစရှိသော မြို့ကြီးတွေကို သွားလာနိုင်တဲ့ တခုတည်းသော လမ်းဖြစ်တယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးမှာ စစ်ကိုင်းတိုင်းက ပုံစံမျိုးစုံနဲ့ နေရာပေါင်းစုံတွင် တက်အားသ၍ ပါဝင်နေသော နေရာတခုဖြစ်တယ်ဆိုတာ ထူးပြီးပြောပြနေစရာတော့ လိုမယ်မထင်ပါဘူး။ 

    စစ်ကိုင်းတိုင်းလို့ ပြောလိုက်တာနဲ့ လက်ညှိုးထိုးမလွှဲ တော်လှန်ရေးတပ်ဖွဲ့များ ကြင်လည်ကျက်စားနေတယ်ဆိုတာကို   တွေ့ရပါလိမ့်မယ်။ အလားတူ ချောင်းဦးမြို့နယ် မြင်းမူမြို့နယ်တို့ကလည်း တော်လှန်ရေးမှာ အားသွန်ခိုက်စွာ ပါဝင်လှုပ်ရှားနေကြတဲ့နေရာတွေဖြစ်သလို Local PdF၊ ရပ်ရွာကာကွယ်ရေးအဖွဲ့အပါအဝင် NUG – MOD ရဲ့ တပ်ရင်းတပ်ဖွဲ့များ အခြေစိုက်လှုပ်ရှားနေကြတယ်။    

    အဲ့ဒီလက်ညိုးထိုးမလွှဲတဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးအသုံးစရိတ်နှင့် စခန်းစရိတ်တွေကို ပြည်တွင်းပြည်ပ အလှူရှင်များ အင်တိုက်အားတိုက် ကူညီနေကြပေမယ့် လုံလောက်တဲ့ အနေအထားမဟုတ်ပေ။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကလည်း တပ်ရင်းဘယ်လောက် တပ်ဖွဲ့ ဘယ်လောက်လို့ ပြောပေမဲ့ အလုံးစုံ ပြည့်စုံအောင် ထောက်ပံ့မထားနိုင်တာ အားလုံးအသိဖြစ်ပါတယ်။ ဒါကြောင့် ဒီဒေသက တော်လှန်ရေးတပ်ဖွဲ့တွေဟာ Online ကနေ အလှူခံတာ၊ သီးနှံတွေကို ကိုယ်တိုင်စိုက်ပျိုးတာ၊ ကိုယ့်အသိမိတ်ဆွေတွေဆီက အလှူခံတာအပြင် လမ်းပေါ်မှာ အလှူခံထွက်လာကြရတယ်။ 

    (more…)

  • စစ်ကောင်စီတပ်အတွင်း တိုက်ခိုက်ရေးကောင်းသည့် စစ်သားများမရှိတော့

    စစ်ကောင်စီတပ်အတွင်း တိုက်ခိုက်ရေးကောင်းသည့် စစ်သားများမရှိတော့

    RNA_ဇွန်(၁၇)၊၂၀၂၄ ခုနှစ်။
     
    မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စစ်ကြောင်းများတွင် တိုက်ခိုက်ရေးကောင်သည့် စစ်သားများ ပါမလာတော့ဟု မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဂျိုကာမှပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=ps9-j_Mj6sA[/embedyt]
    Red News Agency

  • ရေမဆေးကျောက်ရှာသူတစ်ဦး ချောင်းကမ်းပါးမှ ပြုတ်ကျသေဆုံး

    ရေမဆေးကျောက်ရှာသူတစ်ဦး ချောင်းကမ်းပါးမှ ပြုတ်ကျသေဆုံး

    RNA_ဖားကန့်၊ ဇွန်(၁၇)၊၂၀၂၄ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ မော်မောင်းလျံ-တောင်ပြိုကျေးရွာဘက်ခြမ်းရှိ ယခင် ပိုင်ဖြိုးသီဟ ကုမ္ပဏီမြေစာပုံဟောင်းအောက်ရှိ ရေချောင်းကမ်းပါးတွင် ယနေ့နေ့လယ် (၁၂)နာရီ ဝန်းကျင်ခန့်က ရေမဆေးကျောက်ရှာသူ တစ်ဦး ကမ်းပါးပြိုကျပြီး ရေချောင်းအောက်သို့ပြုတ်ကျ သေဆုံးသွားကြောင်း သိရသည်။

    ​သေဆုံးသူသည် မည်သူမည်ဝါဖြစ်ကြောင်း ယခုအချိန်အထိ ရပ်မိ/ရပ်ဖများနှင့် တာဝန်ရှိသူ များထံ မိသားစုမှ ဆက်သွယ်လာခြင်းမရှိသေးပဲ သူငယ်ချင်း မိသားစု ဆွေမျိုးအသိုင်းအဝန်းမှ ဆက်သွယ်လာရန် စောင့်ဆိုင်းနေသည့်အတွက် ရုပ်အလောင်းအား သုဿာန်သို့မပို့ဆောင်ရသေးကြောင်း တောင်ပြိုကျေးရွာ ရပ်မိ/ရပ်ဖ တစ်ဦးထံမှ သိရသည်။

    (more…)

  • အညာသူ/အညာသားတွေ စစ်ဘေးကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်နေလဲ

    အညာသူ/အညာသားတွေ စစ်ဘေးကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်နေလဲ

    အညာသူ/အညာသားတွေ စစ်ဘေးကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်နေလဲ
     
    ခေတ်ငြိမ်းအေး
     
    “စစ်ကြောင်းက အရှေ့ကလာရင် အနောက်ကိုပြေးပြီး အနောက်ကလာရင် အရှေ့ကိုပြေးကြရတာပဲ ဖြစ်ပါတယ်။ စစ်ဘေးဒဏ်ကို ကိုယ်တိုင်ခံစားနေကြရတာမို့ ဆင်းရဲငတ်မွတ်နေကြသော်လည်း စစ်ဘေးရှောင်တွေကိုတော့ ဧည့်ဝတ်ကျေနိုင်အောင် ရှိထမင်း ရှိဟင်းနဲ့ ကြိုးစားဧည့်ခံနေကြတဲ့ အညာက စေတနာတွေကို ​မျက်လုံးနဲ့မြင်ရ၊ နှလုံးသားနဲ့ ခံစားသိရှိရပါတယ်။ ဒါ့ကြောင့်လဲ အညာက အညာဖြစ်နေတာပေါ့”
    [embedyt] https://www.youtube.com/watch?v=QMzY9l1je5Y[/embedyt]
     
    #RedNewsAgency

  • တပ်ရင်းဌာနချုပ်နှင့် မောရဝတီဗျူဟာ အပါအဝင် စစ်ကောင်စီတပ်စခန်းတွေ ထပ်မံသိမ်းပိုက်နိုင်ဟု AA ကြေညာ

    တပ်ရင်းဌာနချုပ်နှင့် မောရဝတီဗျူဟာ အပါအဝင် စစ်ကောင်စီတပ်စခန်းတွေ ထပ်မံသိမ်းပိုက်နိုင်ဟု AA ကြေညာ

    RNA_ဇွန်(၁၅)၊၂၀၂၄ ခုနှစ်။

    ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ နခခ (၄) တပ်ရင်းဌာနချုပ်၊ အလယ်သံကျော်စခန်း၊ မောရဝတီဗျူဟာ၊ နခေါင်းတိုစခန်းတို့ကို ဇွန်လ ဒုတိယပတ်အတွင်း ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်ဟု အာရက္ခတပ်တော်-AA က ယမန်နေ့ညပိုင်းက ထပ်မံကြေညာခဲ့သည်။

    စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲအတွင်း မောရဝတီဗျူဟာမှူး ဗိုလ်မှူးကြီး- တေဇာဌေးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀၀) ကျော် သေဆုံးခဲ့ကြောင်း၊ နခခ (၄) တပ်ရင်းဌာနချုပ် အား ဇွန်လ (၁၀) ရက်၊ နံနက် (၇) နာရီအချိန်တွင်လည်းကောင်း၊ အလယ်သံကျော်စခန်း အား ဇွန်လ (၁၀) ရက်၊ နံနက် (၇) နာရီ (၄၆) မိနစ် အချိန်တွင်လည်းကောင်း၊ မောရဝတီဗျူဟာ အား ဇွန်လ (၁၃) ရက်၊ နံနက် (၇) နာရီအချိန်တွင်လည်းကောင်း၊ နခေါင်းတိုစခန်း အား ဇွန်လ (၁၃) ရက်၊ ညနေ (၆) နာရီအချိန်တွင်လည်းကောင်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။


    ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်စခန်းများကျန်ရှိနေသေးသည့် မောင်တောမြို့နယ်၊ အမ်းမြို့နယ်၊ သံတွဲမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း၊ ဇွန်လ ပထမအပတ်အတွင်း၌ မောင်တောမြို့ရှိ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင်စခန်း (သို့) နခခ (၆) စခန်း နှင့် နခခ (၉) စခန်းတို့အား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ဒုတိယပတ်အတွင်း ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စခန်းသိမ်းတိုက်ပွဲများတွင်လည်း စစ်ကောင်စီီီီီတပ်မှ လက်နက်ခဲယမ်းများသိမ်းဆည်းရမိထားပြီး၊ ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများလည်း ရှိနေသေးကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

    #RedNewsAgency

  • ဖားကန့်၌ ကမ်းပါးပြိုကျသည့်အတွက် ကျောက်တူးနေသူ (၃)ဦး ဒဏ်ရာရပြီး (၁)ဦး သေဆုံး

    ဖားကန့်၌ ကမ်းပါးပြိုကျသည့်အတွက် ကျောက်တူးနေသူ (၃)ဦး ဒဏ်ရာရပြီး (၁)ဦး သေဆုံး

    RNA_ဖားကန့်၊ဇွန်လ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအပိုင်း သာယာကုန်းကမ်းပါး ပြိုကျမှု ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ချိန် ကမ်းပါးနံရံတွင်ကပ်လျက် ကျောက်တူးနေသူ (၄) ဦး မြေစာနှင့်အတူ ကမ်းပါးအောက်ခြေသို့ ပြုတ်ကျခဲ့ပြီး (၃) ဦး ဒဏ်ရာရရှိကာ (၁) ဦးမှာ မြေစာပိ သေဆုံးသွားခဲ့သည်။


    ကျောက်တူးနေစဉ် ကမ်းပါးပြိုကျ၍ မြေစာပိ သေဆုံးသူနှင့် ဒဏ်ရာရသူများသည် ဒေါ်ခမ်းပေါင်း လုပ်ကွက်မှ ကျင်းသားများဖြစ်ကြောင်း၊ ဖားကန့်၌ မိုးရာသီ လမ်းများပျက်စီးပြီး ကျင်းများသည် ရေကန်အဖြစ်ပြောင်းလာချိန် နွံရေများပြည့်လာပြီး ဘက်ဟိုးနှင့်မြေသယ်ယာဉ် စက်ယန္တရားများ အသုံးပြုရန် ခက်ခဲလာသည့်အတွက် လုပ်ကွက်ပိုင်ရှင်များက အစုပုံစံဖြင့် ကျင်းသားများကို ကမ်းပါးယံများတွင် ကျောက်တူးစေခြင်း၊ စုပုံထားသည့် မြေစာများအား ရွှေမျောစင်များဖြင့် ရွှေမျောတိုက်စေခြင်းတို့ကို ဆောင်ရွက်ကြသည်။

    #RedNewsAgency

  • အသက် (၅) နှစ်အရွယ် မိန်းကလေးအား မုဒိမ်းမှုကျူးလွန်သူကို KIO/KIA တိုက်နယ်အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးနိုင်ခဲ့

    အသက် (၅) နှစ်အရွယ် မိန်းကလေးအား မုဒိမ်းမှုကျူးလွန်သူကို KIO/KIA တိုက်နယ်အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးနိုင်ခဲ့

    RNA_ဖားကန့်၊ ဇွန်( ၁၃)၊ ၂၀၂၄ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ ရှရော်ခကျေးရွာ ၌ အသက် (၅) နှစ်အရွယ် မိန်းကလေးငယ်အား မုဒိမ်းမှုကျူးလွန်ခဲ့သူ အသက် (၁၇)နှစ် အရွယ် ယောင်္ကျားလေးအား KIO/KIA အုပ်ချုပ်ရေး တိုက်နယ်မှ ယနေ့ နံနက်ပိုင်းက ဖမ်းဆီးသွားပြီဖြစ်ကြောင်း သိရသည်။

    ကလေးငယ်၏ မိဘများက KIO/KIA အုပ်ချုပ်ရေးထံ တိုင်ကြားခဲ့သော်လည်း အမှုဖြစ်စဉ်အတွင်းမှ ဆေးလက်မှတ်အပါအဝင် လိုအပ်သည့် သက်သေများ ပြည့်စုံနေသည့်အတွက် တိုင်ကြားခံရသူအား ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

    ကျူးလွန်ခံရသူသည် အသက်(၅)နှစ်အရွယ်၊ မိန်းကလေးဖြစ်ပြီး လွန်ခဲ့သည့် နှစ်ရက်ကတည်းက မသင်္ကာသဖြင့် မိန်းကလေးမိဘများက ဆေးစစ်ခဲ့ရာ ဆေးလက်မှတ်တွင် ကျူးလွန်ခံထားရသည်ဟု ဖော်ပြကြောင်း၊ ယနေ့ နံနက်ပိုင်းက ဖမ်းဆီးခံရသည့် အသက် (၁၇) နှစ်အရွယ် ယောက်ျားလေးကလည်း ကျူးလွန်ကြောင်း ဝန်ခံထားသည်ဟု Red News Agency သတင်းရင်းမြစ်ထံမှ သိရသည်။

    #RedNewsAgency

  • တိုင်းစစ်ဌာနချုပ်အနီး ကာကင်းစခန်းကိုတော်လှန်ရေးအင်အားစုများ ဝင်တိုက် စစ်ကောင်စီလက်အောက်ခံ ၂၀ ခန့်သေဆုံးပြီး ၅ ဦးအရှင်ဖမ်းမိ

    တိုင်းစစ်ဌာနချုပ်အနီး ကာကင်းစခန်းကိုတော်လှန်ရေးအင်အားစုများ ဝင်တိုက် စစ်ကောင်စီလက်အောက်ခံ ၂၀ ခန့်သေဆုံးပြီး ၅ ဦးအရှင်ဖမ်းမိ

    RNA_ဇွန်(၁၂)၊၂၀၂၄ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာ – ရေဦး အဝေးပြေးလမ်းမကြီး အနီးရှိိ စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နှင့် တစ်မိုင်ခန့်ဝေးသည့် ကာကင်းစခန်းအား ဒေသခံတော်လှန်ရေးအင်အားစုများက ဝင်တိုက်ခိုက်သည့်အတွက် စစ်ကောင်စီလက်အောက်ခံ (၂၀)ခန့်သေဆုံးပြီး ၅ ဦးအရှင်ဖမ်းမိကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ထံမှ သိရသည်။

    စစ်ကောင်စီ၏ နမခအား ဇွန်လ ၁၁ ရက်နေ့က ညနေ ၅ နာရီခန့်က ယင်းမာပင်မြို့နယ် ပကဖ ( ULF စစ်ကြောင်းမှုး ) ဦးစီးသော ‌ကာကွယ်ရေးတပ်ဖွဲ့များက မိနစ် ၃၀ ခန့်တိုက်ခိုက်ပြီး ကာကင်းစခန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သား အများအပြားထွက်ပြေးကြကြောင်း၊ သုံ့ပန်း ၅ ဦးနှင့် လက်နက်ငယ် ၉ လက်၊ ကွန်မန်ဒို စိန်ပြောင်း ၁ လက်၊ ၆၀ မမ ၅ လုံး၊ 79 အသီး ၂ လုံး၊ 5.56 ကျည် ၁၃၃၀ တောင့် သိမ်းဆည်းရမိခဲ့ပြီး နမခမှ အင်အား ၁၀ ခန့် စစ်ကူလာနေသည့်အတွက် တော်လှန်ရေးအင်အားစုများ ပြန်ဆုတ်ခဲ့ကြောင်း သိရသည်။

    (more…)

  • အညာသူ/အညာသားတွေ စစ်ဘေးကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်နေလဲ

    အညာသူ/အညာသားတွေ စစ်ဘေးကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်နေလဲ

    “ကျွန်မအရီးဆိုရင်ခြုံထဲတိုးလိုက် ပြေးလိုက်နဲ့ အတွင်းခံလက်ကြိုး ပါမလာတာကို ဘေးကင်းရာရောက်မှ သတိထားမိတော့တယ်။ တကယ်ပြေးနေရတာဆိုတော့ အတွင်းခံကြိုးရှိမရှိလည်း သတိမထားမိကြတော့ပါဘူး။ လေယာဥ်အသံငြိမ်တော့ ကျွန်မတို့နေရာနဲ့ တော်တော်ဝေးတဲ့ရွာကို ပြောင်းနေကြတယ်။ အဲ့ဒီရွာကိုရောက်လို့ အဖေ့ကိုရေချိုးခိုင်းတော့ အဖေက ပစ္စည်းထည့်ယူလာတယ်သာပြောတယ် အိင်္ကျီမပါဘဲ ပုဆိုးတွေပဲယူလာခဲ့တာမို့ ကျွန်မတို့မှာ ငိုရခက် ရယ်ရခက်ပါပဲ”

    ခေတ်ငြိမ်းအေး

    အညာလို့ပြောလိုက်ရင် တောင်ဆင်းတောင်တက်တွေနည်းပြီး ကွင်းပြင်ကြီးတွေ တမျှော်တခေါ်ရှိတဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေးက လယ်ကွင်းစိမ်းစိမ်းထဲဒေသကို မြင်ကြလိမ့်မယ်။ အညာဟာ မိုးခေါင်ရေရှားလို့ ပြောကြပေမယ့် ရာသီဥတုကို အံ့တုပြီး ဆန်၊ရေ၊စပါး ပေါများအောင် ကြိုးစားတတ်ကြတဲ့ စိတ်ဓာတ်မာကြောသူတွေ ရှိတဲ့အရပ်တခုလည်းဖြစ်တယ်။ ဒီလိုပဲ  အညာသူ အညာသားဆိုတာ အစောကတည်းကမှ မာရေကျောရေနဲ့ လက်ကြောတင်းကြသလို စိတ်ဓာတ်ဆိုတာလည်း တော်တော်လေး ခိုင်မာကြတာ အားလုံးအသိဖြစ်မှာပါ။ ဒီလိုလူတွေက မတရားတာကို မတရားမှန်းသိလေတော့ တော်လှန်လိုစိတ်အပြည့်နဲ့ ကျွန်မတို့ အညာသူ၊ အညာသာတွေလည်း ဆန္ဒဆိုတော့ ပြကြ၊ သပိတ်ဆိုတော့လည်း သပိတ်ကြ၊ လက်နက်ကိုင်တော်လှန်ရေးဆိုလည်း ကျွန်မတို့အညာ နောက်မကျခဲ့ပါဘူးရှင်။

    အညာက အဲ့သလိုပဲ ပြေးဆိုရင်လည်း ညီကြပြန်ပါရော။ ကျွန်မတို့ရွာရဲ့ အနောက်ဖက် နှစ်ရွာခြားမှာ စစ်သားတွေရောက်နေတော့ ကျွန်မတို့ရွာတွေက လူတွေက ထမင်းထုပ်ကိုယ်စီနဲ့ မိုးရေထဲ ရှောင်ကြတာပေါ့။ ကျွန်မကတော့ မရှောင်ပါဘူး။ ကြောက်စရာလို့လည်း မထင်ခဲ့ပါဘူး။ ဟန်ပါပါနဲ့ အရီးအိမ်မှာ ကလေးတွေ၊ အရီးတွေနဲ့ စကားလက်ဆုံကျနေတာပေါ့။ နေလေးနည်းနည်းစောင်းလာတော့ အဲ့ရွာဆီကနေ သေနတ်သံတွေလည်းကြားရော ကျွန်မ အိမ်ကနေ လည်ပင်းလောက်ထိရှိတဲ့ ရိုးကိုဖြတ်ပြီး စပါးခင်းတွေထဲ အပြေးသွားတာ ဆယ်မိနစ်တောင်ကြားရဲ့လား မသိဘူး။ 

    သေနတ်သံတွေကြောင့် အသွားသာ သေမှာကြောက်တဲ့စိတ်နဲ့မို့ ပြေးတာ အပြန်ကျ ရေခါးလာက်ရှိတဲ့ စပါးခင်းကို စမ်းတဝါးဝါးနဲ့ ဖြတ်ရင်း အရီးကငါ့တူမတော့ သူ့အဖေက ဖူးဖူးမှုတ်ထားလို့ အိမ်ကစပါးခင်း ဘယ်နားရှိမှန်းမသိရှာတာ၊ ခွေးသား မင်းအောင်လှိုင်နဲ့မှ ရေပေါင်းနှုတ်တဲ့သူတွေကို နားလည်တော့မယ်တဲ့။ အရီပြောတာလဲ ဟုတ်တယ်။ ကျွန်မကို အဖေက ဘာအလုပ်မှ မခိုင်းတာမို့ ကျွန်မက တောင်သူရဲ့သားသမီးဖြစ်ရတာ ဂုဏ်ယူရမယ့်စိတ်တောင်ပျောက်နေခဲ့တာကြာပြီ။ အဲ့ဒီစကားသံကြားမှ အညာသူက ဒီကာလတော့ အညာသူပီပီနေသင့်တာပဲလို့ စဥ်းစားမိတယ်။

    (more…)

  • တိုင်းပြည်က လိုအပ်လာတဲ့အခါ လူငယ်တွေက ရှေ့ဆုံးမှာ

    တိုင်းပြည်က လိုအပ်လာတဲ့အခါ လူငယ်တွေက ရှေ့ဆုံးမှာ

    “ငါတို့နဲ့ စစ်တပ်ကကောင်တွေနဲ့က မီတာတစ်ရာလောက်ပဲဝေးတာ တချို့နေရာတွေဆိုလှမ်းတောင်မြင်ရတယ်.. ဒါပေမဲ့ ဒီကောင်တွေတက်မလာရဲတော့ဘူး..တခါတလေဆေးကြောင်ပြီး ကျွံလာတဲ့ကောင်တွေတော့ရှိတယ်..အဲ့လိုကောင်မျိုးဆိုရင်တော့ ဖမ်းထားလိုက်တာပဲကွာ.. အာဏာရှင်ကို တော်လှန်နေတာတော့ဟုတ်တယ် အတက်နိုင်ဆုံးတော့ လူမသတ်ခြင်ဘူး ယဖရာ..ဆိုပြီး ပြောသွားခဲ့ပါတယ်…”

    ချမ်းမင်း – Wiper

    “တော်လှန်ရေး” ဒီစကားအသုံးအနှုန်းဟာ ကျွန်တော်တို့မျိုးဆက်အတွက် မစိမ်းလှတဲ့ စကားအသုံးအနှုန်းဖြစ်ပေမဲ့လည်း တကယ့်တကယ် နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့လာရတဲ့အချိန်မှာတော့ အခက်အခဲတွေ၊ ပင်ပန်းမှုတွေများစွာနဲ့ ကြုံတွေ့ရင်ဆိုင်ခဲ့ရတယ်။ အထူးသဖြင့် ၈၈ လူထုအရေးတော်ပုံနဲ့ ၇၃/၇၄ ကျောင်းသားသပိတ်နဲ့ အလုပ်သမားအရေးအခင်းတွေအကြောင်း စာအုပ်တွေထဲမှာ လူကြီးတွေ ပြန်ပြောပြတဲ့အကြောင်းအရာတွေထဲမှာလောက်တော့ သိရှိခဲ့ဖူးခဲ့ပေမဲ့လည်း တကယ့်တကယ် ကိုယ်တွေမျိုးဆက်လက်ထက်မှာခုလိုဖြစ်လာကြတော့ မျိုးဆက်သစ်လူငယ်တွေဟာ တကယ့်ကို ကိုယ်ကျိုးစွန့်ပြီး စစ်အာဏာသိမ်းမှုကို ရွပ်ရွပ်ချွံချွံ ခုခံတော်လှန်ခဲ့ကြတာကို ကိုယ်တွေပတ်ဝန်းကျင်မှာကော၊ နီးစပ်ရာအသိုင်းအဝိုင်းတွေမှာပါ မြင်တွေ့ခဲ့ရတယ်။

    ပြီးခဲ့တဲ့ နှစ်ရက်လောက်က အညာဘက်ကို ရောက်နေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ VC ပြောနေရင်း ကိုယ့်ဟာကိုယ်တွေးမိပါတယ်။ အဆိုပါသူငယ်ချင်းဟာ မန္တလာတက္ကသိုလ်ကနေ မြန်မာစာနဲ့ဘွဲ့ရပြီး ကိုယ့်မြို့မှာ Street Food လေးတွေ စမ်းသပ်ရောင်းရင်း ဘဝကိုစတင်ဖို့ကြိုးပမ်းနေတဲ့အချိန်မှာ အာဏာသိမ်းမှုတွေဖြစ်သွားခဲ့တယ်။ အာဏာသိမ်းပြီးတဲ့နောက်မှာလည်း ဆန္ဒပြပွဲတွေ၊ သပိတ်မှောက်ပွဲတွေမှာ သူနဲ့မကြာခဏဆုံခဲ့ပြီး နောက်ဆုံး သင်္ကြန်အပြီးမှာ သူမြို့ကနေပျောက်သွားခဲ့ပါတယ်။ အဲ့တုန်းက စစ်တပ်အနေဖြင့် ဆန္ဒပြပွဲမှာပါတဲ့လူငယ်တွေ၊ ကျောင်းသားတွေနဲ့နိုင်ငံရေး သမားတွေကို အိမ်တွေရပ်ကွက်တွေထဲထိ ဝင်ရောက်ဖမ်းဆီးတာတွေပြုလုပ်နေတဲ့ကာလဖြစ်တာကြောင့် ထိုသူငယ်ချင်းအနေဖြင့် ခေတ္တရှောင်တိမ်းနေတာဖြစ်မယ်လို့ အစောပိုင်းက တွေးထင်မိပါသေးတယ်။

    အခုနောက်ပိုင်း သူ့သတင်းတွေကို တဖြည်းဖြည်းနဲ့ ပြန်ကြားလာရတဲ့အချိန်မှာတော့ ကျွန်တော်ထင်သလို ခေတ္တရှောင်တိမ်းသွားတာမျိုးမဟုတ်ဘဲ ဆန္ဒပြရုံ၊ သပိတ်မှောက်ရုံနဲ့ စစ်အာဏာရှင်ကို တိုက်ထုတ်လို့မရကြောင်း သေချာတာမို့ သူတို့ကျောင်းက သူငယ်ချင်းတွေစုပြီး ကချင်ပြည်နယ် လိုင်ဇာမြို့မှာ သင်တန်းသွားတက်တာဖြစ်ကြောင်း ပြန်သိခဲ့ရတယ်။ ထိုအချိန်က စစ်တပ်အနေဖြင့် အင်တာနက်နဲ့ FB ကို အဓိကဖြတ်တောက်ထားတဲ့ကာလဖြစ်တဲ့အပြင် သူကိုယ်တိုင်လည်း စစ်သင်တန်းတက်နေတာကြောင့် အဆက်အသွယ်သိပ်တော့မရခဲ့ပါဘူး။ တစ်ခါတစ်လေ လိုင်းပေါ်တက်လာရင် သူအဆင်ပြေကြောင်း၊ အခုဆို လက်ဖြောင့်သင်တန်းပါ ဆက်တက်နေကြောင်း သင်တန်းမှာ ထူးချွန်ဆုရတာကြောင့် မြေပြင်ကိုမဆင်းရသေးဘဲ မွမ်းမံသင်တန်းတွေဆက်တက်နေရကြောင်းတွေ ပြောပြလေ့ရှိပါတယ်။

    (more…)