Editor

1551 Posts
လက်နက်ချရန် အကြောင်းကြားခဲ့သော်လည်း မလိုက်နာသည့်အတွက် စခန်းသိမ်းခဲ့ရာ တပ်ခွဲမှူး ဗိုလ်ကြီး၀ဏ္ဏတိုး အပါအ၀င် (၂၁) ဦး အရှင်ဖမ်းမိ

လက်နက်ချရန် အကြောင်းကြားခဲ့သော်လည်း မလိုက်နာသည့်အတွက် စခန်းသိမ်းခဲ့ရာ တပ်ခွဲမှူး ဗိုလ်ကြီး၀ဏ္ဏတိုး အပါအ၀င် (၂၁) ဦး အရှင်ဖမ်းမိ

RNA_ဇွန်(၂၄)၊၂၀၂၄ ခုနှစ်။ KNLA ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှ စစ်ကောင်စီ၏ စုကလိ တပ်စခန်းအား လက်နက်ချပြည်သူ့ဘက်ပူးပေါင်းရန် စာပို့ခဲ့အကြောင်းကြားသော်လည်း မထူးခြားသည့်အတွက် စခန်းသိမ်းခဲ့ရာတွင် တပ်ခွဲမှူး ဗိုလ်ကြီး ၀ဏ္ဏတိုး အပါအ၀င် (၂၁) ဦး ဖမ်းဆည်းရမိခဲ့သည်ဟု KNU ထံမှ သိရသည်။ ကော့ကရိတ်မြို့နယ် အရှေ့ခြမ်း၊ စုကလိမြို့ အ‌ခြေစိုက် စကခ (၁၃) လက်အောက်ခံ၊ ခမရ(၅၆၀) တပ်ရင်းမှ ဗိုလ်မှူးကြီး ၀ဏ္ဏတိုး နှင့် ဒု-ဗိုလ်မှူးကြီး သူရိန်ဦး ‌ဦးဆောင်သော စုကလိတပ်စခန်းအား ပြည်သူ့ဘက်ရပ်တည်သွားရန် ၂၀၂၄ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့ မှ မတ်လ (၃၀) ရက်အထိ စာဖြင့်အသိပေး…
Read More
စစ်ဆင်ရေးရည်မှန်းချက် အပြည့်အဝမအောင်မြင်ခဲ့ပေမဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ခန့် သေဆုံးခဲ့ 

စစ်ဆင်ရေးရည်မှန်းချက် အပြည့်အဝမအောင်မြင်ခဲ့ပေမဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ခန့် သေဆုံးခဲ့ 

RNA_ဇွန်(၂၄)၊၂၀၂၄ ခုနှစ်။  မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မန်းချောင်းဆည်အနီး၊ ကျောင်းကုန်းရွာဟောင်းအနီးဝန်းကျင်ရှိ စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ၁၄ ဂိတ်ကင်းစခန်းတိုက်ပွဲတွင် စစ်ဆင်ရေး ရည်မှန်းချက် အပြည့်အဝ မအောင်မြင်ခဲ့ပေမဲ့ တိုက်ပွဲအတွင်း သော်လည်း စစ်ကောင်စီတပ်သား (၂၀) ခန့်သေဆုံးခဲ့သည်ဟု သိရသည်။  ကာကွယ်ရေးပစ္စည်းစက်ရုံ ၁၄ ဂိတ်ကင်းစခန်းကို ချင်းကာကွယ်ရေးတပ် - အရှို ( CDF-Asho) နှင့် ဧရာဝတီပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ကြောင်း (APDF) ရဲဘော်များက ဇွန်လ ၂၁ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၂၀) ခန့် သေဆုံးခဲ့သည်ဟု ကပစ ၁၄ နှင့် နီးစပ်သူတဦးနှင့်…
Read More
BNRA အပတ်စဉ် (၁) သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနားပြုလုပ်

BNRA အပတ်စဉ် (၁) သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနားပြုလုပ်

RNA_ဇွန်(၂၄)၊၂၀၂၄ ခုနှစ်။ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အပတ်စဥ် - ၁ သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်းအခမ်းအနား ပြုလုပ်ခဲ့ပြီး BNRA စစ်ဦးစီးချုပ် ဗိုလ်နဂါး ၊BNRAအတွင်းရေးမှူး နှင့် စစ်ဆင်ရေးတာဝန်ခံတို့မှ မိန့်ခွန်းများပြောကြားပြိး လက်နက်တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ BNRA အပတ်စဉ် ၁ သင်တန်းတွင် အထူးကွန်မန်ဒို၊ အထူးချေးမှုန်းရေး၊ အထူးလက်ဖြောင့် ၊ စစ်ဆင်ရေးတွင် အဓိကကြသော စစ်ရေးလေ့ကျင့်မှုများ နှင့် စစ်သည်တော်ကျင့်ဝတ်များအား စာတွေ့ လက်တွေ့ ဖြင့်စနစ်တကျလေ့ကျင့် သင်ကြားမှုသင်တန်းဆင်းပွဲကို မေလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ယမန်နေ့က ထုတ်ပြန်ကြေညာထားသည်။ #RedNewsAgency
Read More
တနိုင်ငံလုံးအတိုင်းအတာဖြင့် သိပ်မကြာခင် တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်လာတော့မည်

တနိုင်ငံလုံးအတိုင်းအတာဖြင့် သိပ်မကြာခင် တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်လာတော့မည်

RNA_ဇွန်(၂၂)၊၂၀၂၄ ခုနှစ်။ အကြမ်းဖက်စစ်ကောင်စီအနေဖြင့် လူသစ်စုဆောင်းမှုများ၊ စစ်ကြောင်းထိုးမှုများ အဆက်မပြတ်လုပ်လာသည့်အတွက် တနိုင်ငံလုံးအတိုင်းအတာဖြင့် သိပ်မကြာခင် တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်လာတော့မည်ဟု ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ပြည်သူ့ဒီမိုကရက်တစ်တပ်တော် ဥက္ကဋ္ဌ ကိုလပြည့်က ပြောကြားထားသည်။ #RedNewsAgency
Read More
စစ်ကောင်စီကျရှုံးတော့မှာ ဘာ့ကြောင့် သေချာနေရတာလဲ

စစ်ကောင်စီကျရှုံးတော့မှာ ဘာ့ကြောင့် သေချာနေရတာလဲ

"လက်နက်ကိုင်တော်လှန်ရေးဟာ ၃ နှစ်ကျော်ကာလအကြာမှာပဲ သမိုင်းအဆက်ဆက် သက်ဆိုးရှည်နေတဲ့ စစ်အာဏာရှင်တွေကို ထိခိုက်ကျရှုံးလောက်အောင်၊ ပုံပျက်ယိုင်နဲ့ပြီး ပြိုကျလာအောင်အထိ စွမ်းဆောင်ပြနိုင်လာခဲ့ပါပြီ" ကေဂျီ - Wiper ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ဟိုင်ဂင်အပစ်ရပ်စဲရေး သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ချိန်မှာတော့ ရှမ်းမြောက်မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က မြို့ပေါင်း ၁၇ မြို့ကို သိမ်းပိုက်ရရှိထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ရှမ်းမြောက်မှာ စစ်ကောင်စီထိန်းချုပ်ထားနိုင်တော့တာဆိုလို့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးနဲ့ မှုဆယ် ၅ မြို့ သာကျန်ရှိပါတော့တယ်။ အပစ်အခတ်ရပ်စဲပြီး ၅ လ ကျော်လာချိန်မှာတော့ စစ်ကောင်စီနဲ့ ညီနောင် ၃ ဖော်တို့ရဲ့…
Read More
အနောက်တံခါး ပိုင်ရှင်ပြောင်းသွားသော်

အနောက်တံခါး ပိုင်ရှင်ပြောင်းသွားသော်

"ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦးဆောင်တဲ့ အာရက္ခတပ်တော် AA ကတော့ စစ်ရေးအရ စစ်ကောင်စီကို အဖက်ဖက်က ဖိထားနိုင်သလို စစ်အင်အားအတွက်လည်း အင်အားကောင်းတဲ့ မြောက်ပိုင်းညီနောင် သုံးဖွဲ့အဖြစ် MNDAA, TNLA တို့နဲ့ မဟာမိတ်ဖွဲ့ထားနိုင်သလို ၁၀၂၇ စစ်ဆင်ရေးကြီးကိုဆင်နွှဲပြီး အကြမ်းဖက်စစ်တပ်ကို ကောင်းကောင်း ဦးနှိမ်ထားနိုင်ခဲ့တယ်" ရန်နိုင် တနိုင်ငံလုံးမှာ စစ်ရုံးနေတဲ့ စစ်ကောင်စီအတွက် ရခိုင်ပြည်နယ်ကို ကြည်း၊ ရေ၊ လေ အင်အားအကုန်သုံးပြီး ကာကွယ်နေသလို ရဲခွေး၊ စစ်ခွေးတွေကိုလည်း ဘုရင့်နောင်ဖောင်ဖျက်တဲ့ စစ်ဗျူဟာနဲ့ အသေခံတိုက်ခိုင်းနေ ပေမယ့်လည်း ရှက်ဖို့ကောင်းတဲ့စစ်ရေးအရှုံးတွေပဲ ကြုံနေတယ်။ လက်နက်ကိုင်အချင်းချင်းမနိုင်တော့လို့ အရပ်သားတွေကို တိုက်ခိုက်နေပေမယ့်လည်း စစ်ကောင်စီရဲ့စစ်ရာဇဝတ်ကျူးလွန်တာတွေပဲ အဖတ်တင်ခဲ့တယ်။ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် အောင်မြင်မှုဆိုတာက အာရက္ခတပ်တော် AA ရဲ့…
Read More
ဆရာတော်ကြီးကို ပစ်တယ်၊ ပြည်သူကို လိမ်တယ်၊ ဘယ်မလဲ စစ်တပ်ဂုဏ်သိက္ခာ

ဆရာတော်ကြီးကို ပစ်တယ်၊ ပြည်သူကို လိမ်တယ်၊ ဘယ်မလဲ စစ်တပ်ဂုဏ်သိက္ခာ

"တချိန်လုံးအမျိုးဘာသာ သာသနာဆိုတဲ့ ကတုံးတွေအသံမထွက်ကြဘူး။ ရွှေကျင်ဥက္ကဌ သီတဂူကိုယ်တိုင်က တိတ်ဆိတ်နေတယ်။ အဲ့ဒီအချိန် ဘာသာခြား တယောက်က ပြစ်မှုကျူးလွန်မိမယ်ဆိုရင် ငါတို့အရိုးစည်းရိုးထိုးမယ်ဆိုတဲ့ လူ့အတ္တတွေ ပေါ်လာပါလိမ့်မယ်။ အခုတော့ အဆုံးထိ လိမ်ကြမယ်ဆိုပြီး အထက်ရောအောက်ရော ဝိုင်းလိမ်ကြတယ်" မောင်ဝိ - Wiper ပဲခူးမြို့က ဝင်းနိမ္မိတာရုံစာသင်တိုက်ရဲ့ ပဓာနနာယကဆရာတော်၊ နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ဝင် ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခဲ့တာကြောင့် ပျံလွန်တော်မူသွားခဲ့တဲ့ ဖြစ်စဥ်က အားလုံးသိပြီးဖြစ်မှာပါ။ ဒါနဲ့ပတ်သတ်ပြီး စစ်ကောင်စီ လှည့်ကင်းက ပစ်ခတ်ခဲ့ကြောင်း၊ အခင်းဖြစ်ရာနေရာမှာပဲ ပျံလွန်တော်မူခဲ့ကြောင်း မန္တလေး သာသနာရေးမှူး ကျော်လှိုင်ကနေ နေပြည်တော် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်ဆီ အစီရင်ခံတင်ပြထားတဲ့ စာမှာ ဖော်ပြထားတယ်။ ဖြစ်စဥ်နဲ့ပတ်သတ်ပြီး ကံသုံးဆင့်ဆရာတော်…
Read More
ဝင်းနိမ္မိတရုံ ဆရာတော်ကို စစ်ကောင်စီတပ်သားများ ပစ်သတ်ဟု

ဝင်းနိမ္မိတရုံ ဆရာတော်ကို စစ်ကောင်စီတပ်သားများ ပစ်သတ်ဟု

RNA_ဇွန်(၂၀)၊၂၀၂၄ ခုနှစ်။   ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသကို စစ်ကောင်စီတပ်သားများ ပစ်သတ်ဟု ခရီးထွက်ရာတွင် ကားပေါ်ပါပြီး ဒဏ်ရာရရှိခဲ့သည့် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသမှ ဖြစ်စဉ်များကို လျှောက်ထားရာတွင် ထည့်သွင်းမိန့်ကြားထားသည်။   “ဝိုင်းပြီးတော့ ဖောကားပေါ်ကနေ ပစ်လိုက်တာ ခုနှစ်ချက် ရှစ်ချက်လောက်ရှိပါတယ်။ ဝင်းနိမ္မိတာရုံ ဆရာတော်ကတော့ တစ်ဘဝတစ်ခန္ဓာ ရုတ်သိမ်းသွားပါတယ်ဘုရား။ ဘုရားတပည့်တော်ကတော့ ခေါင်းကို ကားရဲ့မှန်စထိပါတယ်ဘုရား။ ဘုရားတပည့်တော် ပြင်ဘတ်ရောက်တဲ့အခါ ခင်ဗျားတို့ ရက်စက်လှကြီလားဗျာ ဘုန်ကြီးတွေကို ဒီလောက်ရက်စက်ရသလားလို့ ဖောကားပေါ်မှာပါတဲ့ ရှင်းရှင်းပြောရင် စစ်ဗိုလ်စစ်သားတွေ ရက်စက်လှပြီလားလို့။ အရှင်ဘုရားတို့က ဘုရားတဲ့ ဘုန်းကြီးမှန်းမသိလို့ပါတဲ့ ကားတံခါးလည်းပိတ်ထားတော့…
Read More
စစ်ကောင်စီတပ်၏ ပစ်ခတ်ခံရမှုကြောင့် ပျံလွန်တော်မူခဲ့ရသည့် ဝင်းနိမ္မိတရုံစာသင်တိုက် ဆရာတော်၏ ရုပ်ကလာပ် ပဲခူးပြန်လည်ပင့်ဆောင်

စစ်ကောင်စီတပ်၏ ပစ်ခတ်ခံရမှုကြောင့် ပျံလွန်တော်မူခဲ့ရသည့် ဝင်းနိမ္မိတရုံစာသင်တိုက် ဆရာတော်၏ ရုပ်ကလာပ် ပဲခူးပြန်လည်ပင့်ဆောင်

RNA_ဇွန်(၂၀)၊၂၀၂၄ ခုနှစ်။ အကြမ်းဖက်စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ယမန်နေ့က ပျံလွန်တော်မူခဲ့ရသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ၏ ဥတုဇရုပ်ကလာပ် ပဲခူးမြို့ ကျောင်းတိုက်သို့ ယနေ့ (ဇွန်လ ၂၀ ရက်) နံနက် ၄ နာရီတွင် ပြန်လည်ပင့်ဆောင်ခဲ့ပြီဟု သိရသည်။ မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် (ရွှေကျင်နိကာယဗဟိုဌာန) ၌ ယနေ့ ကျင်းပမည့် ရွှေကျင်နိကာယဗဟိုဌာန၏ အစည်းအဝေးသွားတက်သည့် ခရီးစဉ်အတွင်း စစ်ကောင်စီတပ်သားများ၏ ပစ်ခတ်မှုကြောင့် ဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့ရခြင်း ဖြစ်သည်။ (more…)
Read More
စစ်ကောင်စီ ကျောင်းများတွင် အတန်းကျော်သည့် မှောင်ခိုဈေးကွက်ထွန်းကားနေ

စစ်ကောင်စီ ကျောင်းများတွင် အတန်းကျော်သည့် မှောင်ခိုဈေးကွက်ထွန်းကားနေ

RNA_ဖားကန့်၊ ဇွန် (၁၇)၊၂၀၂၄ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ စစ်ကောင်စီဖွင့် အခြေခံပညာကျောင်းများတွင် အသက်အရွယ်အလိုက် စာသင်နှစ်တစ်နှစ်အတွင်း အတန်းကျော်သည့် မှောင်ခိုဈေးကွက်ထွန်းကားနေကြောင်း ကျောင်းသား မိဘများထံမှ သိရသည်။ “ဖားကန့် ကျောင်းကြီးမှာက ကိုယ့်သားသမီးက အသက်ကြီးနေရင် ကျောင်းစအပ်တာနဲ့ တစ်တန်းတက်စေချင်ရင် သုံးသိန်းခွဲပဲ၊ တစ်နှစ်ထဲ နှစ်တန်းအထိတင်လို့ရတယ်၊ ခုနှစ်သိန်း ကျမှာပေါ့ နှစ်တန်းတင်ဆို၊ အတန်းကြီးတွေက တစ်တန်းတင်မယ်ဆို ငါးသိန်းဈေးပေါက်တယ်၊ ကျောင်းအုပ် ကတော့ မသိဘူး ဒါဆရာမတွေက လုပ်ပေးတာ ဆိုပြီးပြောနေတာပဲ”ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။ မြို့နယ်ပညာရေးမှူးသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်နောက်မှ ပြောင်းလာသည့် ဒေါ်အေးအေးနွယ်ဖြစ်ပြီး ဖားကန့်ကျောင်းအုပ်ကြီးသည် အာဏာမသိမ်းခင်ကတည်းက ကျောင်းအုပ် ဖြစ်သူ ဦးထွဲဝါဖြစ်သည်။ (more…)
Read More