Author: Editor

  • စစ်ဆင်ရေးရည်မှန်းချက် အပြည့်အဝမအောင်မြင်ခဲ့ပေမဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ခန့် သေဆုံးခဲ့ 

    စစ်ဆင်ရေးရည်မှန်းချက် အပြည့်အဝမအောင်မြင်ခဲ့ပေမဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ခန့် သေဆုံးခဲ့ 

    RNA_ဇွန်(၂၄)၊၂၀၂၄ ခုနှစ်။ 

    မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မန်းချောင်းဆည်အနီး၊ ကျောင်းကုန်းရွာဟောင်းအနီးဝန်းကျင်ရှိ စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ၁၄ ဂိတ်ကင်းစခန်းတိုက်ပွဲတွင် စစ်ဆင်ရေး ရည်မှန်းချက် အပြည့်အဝ မအောင်မြင်ခဲ့ပေမဲ့ တိုက်ပွဲအတွင်း သော်လည်း စစ်ကောင်စီတပ်သား (၂၀) ခန့်သေဆုံးခဲ့သည်ဟု သိရသည်။ 

    ကာကွယ်ရေးပစ္စည်းစက်ရုံ ၁၄ ဂိတ်ကင်းစခန်းကို ချင်းကာကွယ်ရေးတပ်အရှို ( CDF-Asho) နှင့် ဧရာဝတီပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ကြောင်း (APDF) ရဲဘော်များက ဇွန်လ ၂၁ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၂၀) ခန့် သေဆုံးခဲ့သည်ဟု ကပစ ၁၄ နှင့် နီးစပ်သူတဦးနှင့် ကပစ ၁၄ တပ်သား တဦးထံမှ သိထားရကြောင်း ချင်းကာကွယ်ရေးတပ်အရှို မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။

    (more…)

  • BNRA အပတ်စဉ် (၁) သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနားပြုလုပ်

    BNRA အပတ်စဉ် (၁) သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနားပြုလုပ်

    RNA_ဇွန်(၂၄)၊၂၀၂၄ ခုနှစ်။

    ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အပတ်စဥ် – ၁ သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်းအခမ်းအနား ပြုလုပ်ခဲ့ပြီး BNRA စစ်ဦးစီးချုပ် ဗိုလ်နဂါး ၊BNRAအတွင်းရေးမှူး နှင့် စစ်ဆင်ရေးတာဝန်ခံတို့မှ မိန့်ခွန်းများပြောကြားပြိး လက်နက်တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

    BNRA အပတ်စဉ် ၁ သင်တန်းတွင် အထူးကွန်မန်ဒို၊ အထူးချေးမှုန်းရေး၊ အထူးလက်ဖြောင့် ၊ စစ်ဆင်ရေးတွင် အဓိကကြသော စစ်ရေးလေ့ကျင့်မှုများ နှင့် စစ်သည်တော်ကျင့်ဝတ်များအား စာတွေ့ လက်တွေ့ ဖြင့်စနစ်တကျလေ့ကျင့် သင်ကြားမှုသင်တန်းဆင်းပွဲကို မေလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ယမန်နေ့က ထုတ်ပြန်ကြေညာထားသည်။

    #RedNewsAgency

  • တနိုင်ငံလုံးအတိုင်းအတာဖြင့် သိပ်မကြာခင် တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်လာတော့မည်

    တနိုင်ငံလုံးအတိုင်းအတာဖြင့် သိပ်မကြာခင် တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်လာတော့မည်

    RNA_ဇွန်(၂၂)၊၂၀၂၄ ခုနှစ်။

    အကြမ်းဖက်စစ်ကောင်စီအနေဖြင့် လူသစ်စုဆောင်းမှုများ၊ စစ်ကြောင်းထိုးမှုများ အဆက်မပြတ်လုပ်လာသည့်အတွက် တနိုင်ငံလုံးအတိုင်းအတာဖြင့် သိပ်မကြာခင် တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်လာတော့မည်ဟု ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ပြည်သူ့ဒီမိုကရက်တစ်တပ်တော် ဥက္ကဋ္ဌ ကိုလပြည့်က ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=L8_pzV4hZyY[/embedyt]

    #RedNewsAgency

  • စစ်ကောင်စီကျရှုံးတော့မှာ ဘာ့ကြောင့် သေချာနေရတာလဲ

    စစ်ကောင်စီကျရှုံးတော့မှာ ဘာ့ကြောင့် သေချာနေရတာလဲ

    “လက်နက်ကိုင်တော်လှန်ရေးဟာ ၃ နှစ်ကျော်ကာလအကြာမှာပဲ သမိုင်းအဆက်ဆက် သက်ဆိုးရှည်နေတဲ့ စစ်အာဏာရှင်တွေကို ထိခိုက်ကျရှုံးလောက်အောင်၊ ပုံပျက်ယိုင်နဲ့ပြီး ပြိုကျလာအောင်အထိ စွမ်းဆောင်ပြနိုင်လာခဲ့ပါပြီ”

    ကေဂျီ – Wiper

    ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ဟိုင်ဂင်အပစ်ရပ်စဲရေး သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ချိန်မှာတော့ ရှမ်းမြောက်မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က မြို့ပေါင်း ၁၇ မြို့ကို သိမ်းပိုက်ရရှိထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ရှမ်းမြောက်မှာ စစ်ကောင်စီထိန်းချုပ်ထားနိုင်တော့တာဆိုလို့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးနဲ့ မှုဆယ် ၅ မြို့ သာကျန်ရှိပါတော့တယ်။ အပစ်အခတ်ရပ်စဲပြီး ၅ လ ကျော်လာချိန်မှာတော့ စစ်ကောင်စီနဲ့ ညီနောင် ၃ ဖော်တို့ရဲ့ အသီးသီး စစ်ရေးပြင်ဆင်လာမှုတွေကို တွေ့မြင်လာရပြီး ဘယ်အချိန် ထပေါက်ကွဲမယ်မသိရတဲ့ ဖျက်အားပြင်း ဗုံးတလုံးလို အနေအထားကို ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

    စစ်ကောင်စီဟာ ဇွန်လ ၁၂ရက်နေ့ လောက်ကစပြီး လားရှိုးမူဆယ် လမ်းပေါ်က ကောင်းဟုန်၊ နမ့်ဖ၊ မန်နားရွာအနီးက လမ်းများနဲ့ နမ္မတူသီပေါ လမ်းပိုင်းနေရာတချို့ကို မြေတူးစက်နဲ့ တူးပြီးဖျက်ဆီးကာ သွားလာလို့ မရနိုင်အောင် လုပ်ဆောင်လာခဲ့ပါတယ်။ လားရှိုးမြို့ပေါ်မှာလည်း စစ်ကောင်စီဟာ လက်နက်ကြီးတွေ၊ တရုတ်ထုတ်နဲ့ ရုရှားထုတ် ဒရုန်းတွေကို ပြင်ဆင်ထားပြီး မြို့အပြင်မှာရှိတဲ့ စစ်စခန်းတွေကိုလည်း အင်အားဖြည့်တင်းနေပါတယ်။ စစ်ကောင်စီဟာ  ဟိုင်ဂင်သဘောတူညီချက်များကို သွေဖီပြီး ကိုးကန့်နဲ့ တအာင်းဒေသတွေကို လက်နက်ကြီး ပစ်တာတွေ၊ လေယာဉ်ဗုံးကြဲတိုက်ခိုက်တာတွေကို ပြုလုပ်ခဲ့ပါတယ်။

    (more…)

  • အနောက်တံခါး ပိုင်ရှင်ပြောင်းသွားသော်

    အနောက်တံခါး ပိုင်ရှင်ပြောင်းသွားသော်

    “ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦးဆောင်တဲ့ အာရက္ခတပ်တော် AA ကတော့ စစ်ရေးအရ စစ်ကောင်စီကို အဖက်ဖက်က ဖိထားနိုင်သလို စစ်အင်အားအတွက်လည်း အင်အားကောင်းတဲ့ မြောက်ပိုင်းညီနောင် သုံးဖွဲ့အဖြစ် MNDAA, TNLA တို့နဲ့ မဟာမိတ်ဖွဲ့ထားနိုင်သလို ၁၀၂၇ စစ်ဆင်ရေးကြီးကိုဆင်နွှဲပြီး အကြမ်းဖက်စစ်တပ်ကို ကောင်းကောင်း ဦးနှိမ်ထားနိုင်ခဲ့တယ်”

    ရန်နိုင်

    တနိုင်ငံလုံးမှာ စစ်ရုံးနေတဲ့ စစ်ကောင်စီအတွက် ရခိုင်ပြည်နယ်ကို ကြည်း၊ ရေ၊ လေ အင်အားအကုန်သုံးပြီး ကာကွယ်နေသလို ရဲခွေး၊ စစ်ခွေးတွေကိုလည်း ဘုရင့်နောင်ဖောင်ဖျက်တဲ့ စစ်ဗျူဟာနဲ့ အသေခံတိုက်ခိုင်းနေ ပေမယ့်လည်း ရှက်ဖို့ကောင်းတဲ့စစ်ရေးအရှုံးတွေပဲ ကြုံနေတယ်။ လက်နက်ကိုင်အချင်းချင်းမနိုင်တော့လို့ အရပ်သားတွေကို တိုက်ခိုက်နေပေမယ့်လည်း စစ်ကောင်စီရဲ့စစ်ရာဇဝတ်ကျူးလွန်တာတွေပဲ အဖတ်တင်ခဲ့တယ်။

    ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် အောင်မြင်မှုဆိုတာက အာရက္ခတပ်တော် AA ရဲ့ အဖမ်းမခံရပဲ၊ တိုက်ပွဲမှာမကျဆုံးပဲ ထွက်ပြေးနိုင်ခြင်းက အမြင့်ဆုံးအောင်မြင်မှုပဲဖြစ်နေတယ်။ ရခိုင်ပြည်နယ်မှာ စစ်တွေမြို့နဲ့ မောင်တောခရိုင်ထဲက ဗူးသီးတောင်မြို့ကို အပြီးသတ်သိမ်းပိုက်ပြီးရင် ရခိုင်ပြည်နယ် မြောက်ပိုင်းတခုလုံးက စစ်တပ်ကင်းစင်မြေဖြစ်သွားပြီ။ 

    အိန္ဒိယနိုင်ငံ နယ်စပ်ကိုသာမကပဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့နယ်စပ်ကုန်သွယ်မှုကိုပါ ထိန်းချုပ်နိုင်တော့မှာဖြစ်တယ်။ အာရက္ခတပ်တော် AA က ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ၂၀၂၃ နိုဝင်ဘာလကတည်းက နေ့စဉ်စစ်ကောင်စီတပ်စခန်းကိုတွေကို သိမ်းပိုက်နေပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း ဆိုရင် ဗူးသီးတောင် မြို့တခုပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေနိုင်တော့တယ်။ ဗူးသီးတောင်မြို့မှာလည်း ကျန်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်တိုက်ရင်း အသေမခံပဲ လက်နက်ချဖို့ နောက်ဆုံးအဆင့်အဖြစ် အသိပေးကြေညာနေပြီဖြစ်တယ်။ 

    (more…)

  • ဆရာတော်ကြီးကို ပစ်တယ်၊ ပြည်သူကို လိမ်တယ်၊ ဘယ်မလဲ စစ်တပ်ဂုဏ်သိက္ခာ

    ဆရာတော်ကြီးကို ပစ်တယ်၊ ပြည်သူကို လိမ်တယ်၊ ဘယ်မလဲ စစ်တပ်ဂုဏ်သိက္ခာ

    “တချိန်လုံးအမျိုးဘာသာ သာသနာဆိုတဲ့ ကတုံးတွေအသံမထွက်ကြဘူး။ ရွှေကျင်ဥက္ကဌ သီတဂူကိုယ်တိုင်က တိတ်ဆိတ်နေတယ်။ အဲ့ဒီအချိန် ဘာသာခြား တယောက်က ပြစ်မှုကျူးလွန်မိမယ်ဆိုရင် ငါတို့အရိုးစည်းရိုးထိုးမယ်ဆိုတဲ့ လူ့အတ္တတွေ ပေါ်လာပါလိမ့်မယ်။ အခုတော့ အဆုံးထိ လိမ်ကြမယ်ဆိုပြီး အထက်ရောအောက်ရော ဝိုင်းလိမ်ကြတယ်”

    မောင်ဝိ – Wiper

    ပဲခူးမြို့က ဝင်းနိမ္မိတာရုံစာသင်တိုက်ရဲ့ ပဓာနနာယကဆရာတော်၊ နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ဝင် ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခဲ့တာကြောင့် ပျံလွန်တော်မူသွားခဲ့တဲ့ ဖြစ်စဥ်က အားလုံးသိပြီးဖြစ်မှာပါ။ ဒါနဲ့ပတ်သတ်ပြီး စစ်ကောင်စီ လှည့်ကင်းက ပစ်ခတ်ခဲ့ကြောင်း၊ အခင်းဖြစ်ရာနေရာမှာပဲ ပျံလွန်တော်မူခဲ့ကြောင်း မန္တလေး သာသနာရေးမှူး ကျော်လှိုင်ကနေ နေပြည်တော် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်ဆီ အစီရင်ခံတင်ပြထားတဲ့ စာမှာ ဖော်ပြထားတယ်။

    ဖြစ်စဥ်နဲ့ပတ်သတ်ပြီး ကံသုံးဆင့်ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံရဲ့ မိန့်ဆိုချက်ရုပ်သံကြောင့် အားလုံး ရှင်းရှင်းလင်းလင်း သိခဲ့ရတယ်။ ဒီနေရာမှာ ပုဂ္ဂိုလ်တဦးချင်းစီရဲ့ လုပ်ရပ်တွေကိုမြင်တွေ့ရတယ်။ ပထမဆုံးက ဝင်းနိမ္မိတာရုံဆရာတော်ကြီးရဲ့ကားမောင်းတဲ့ ဒရိုင်ဘာဆိုသူရဲ့ထွက်ဆိုချက်။ သူကတော့ လက် ၃ ချောင်းပြတ်ပြီး၊ စစ်ကောင်စီဆေးရုံမှာတင်ထားရတယ်။ ပြီးတော့ စစ်တပ်မီဒီယာတွေကနေ PDF ပစ်တာပါဆိုပြီး ပြောခဲ့တယ်။ သူ့အနေနဲ့က သာမာန်လူဖြစ်နေတာက တကြောင်း၊ နောက်ကွယ်က သေနတ်ထောက်ပြောခိုင်းတာလည်း ဖြစ်နိုင်တော့ အပြစ်တင်ဖို့ဆိုတာလည်း အကန့်အသတ်နဲ့ပါ။


    သိပ်မကြာခင်ပဲ ကံသုံးဆင့် ဆရာတော်ရဲ့ သံဃာတော်များကို လျှောက်တင်တဲ့ ရုပ်သံထွက်လာတယ်။ ဖြေရှင်းတဲ့ပုံစံက ဗုဒ္ဓဘုရားရှင်လက်ထပ်တုန်းက အတိုင်း သံဃာတော်တွေရဲ့အလယ်မှာ ဖြစ်စဥ်ကို အမှန်အတိုင်း ထုတ်ပြောခဲ့တာတွေ့ရတယ်။ “ဖော ကားပေါ်မှာပါတဲ့ ရှင်းရှင်းပြောရရင် စစ်ဗိုလ်စစ်သားတွေပေါ့၊ ရက်စက်လှချီလားဆိုတော့၊ အရှင်ဘုရားတို့က ဘုရား ဘုန်းကြီးမှန်း မသိလို့ပါ၊ ကားတံခါးလည်း ပိတ်ထားတော့ ရန်သူကားလို့ ထင်လို့ ပစ်ပါတယ် ဘုရား သူတို့ ကိုယ်တိုင် ဝန်ခံပါတယ်” ဆိုပြီး ကန်သုံးဆင့် ဆရာတော် မိန့်ကြားခဲ့တယ်။

    (more…)

  • ဝင်းနိမ္မိတရုံ ဆရာတော်ကို စစ်ကောင်စီတပ်သားများ ပစ်သတ်ဟု

    ဝင်းနိမ္မိတရုံ ဆရာတော်ကို စစ်ကောင်စီတပ်သားများ ပစ်သတ်ဟု

    RNA_ဇွန်(၂၀)၊၂၀၂၄ ခုနှစ်။
     
    ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသကို စစ်ကောင်စီတပ်သားများ ပစ်သတ်ဟု ခရီးထွက်ရာတွင် ကားပေါ်ပါပြီး ဒဏ်ရာရရှိခဲ့သည့် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသမှ ဖြစ်စဉ်များကို လျှောက်ထားရာတွင် ထည့်သွင်းမိန့်ကြားထားသည်။
     
    “ဝိုင်းပြီးတော့ ဖောကားပေါ်ကနေ ပစ်လိုက်တာ ခုနှစ်ချက် ရှစ်ချက်လောက်ရှိပါတယ်။ ဝင်းနိမ္မိတာရုံ ဆရာတော်ကတော့ တစ်ဘဝတစ်ခန္ဓာ ရုတ်သိမ်းသွားပါတယ်ဘုရား။ ဘုရားတပည့်တော်ကတော့ ခေါင်းကို ကားရဲ့မှန်စထိပါတယ်ဘုရား။ ဘုရားတပည့်တော် ပြင်ဘတ်ရောက်တဲ့အခါ ခင်ဗျားတို့ ရက်စက်လှကြီလားဗျာ ဘုန်ကြီးတွေကို ဒီလောက်ရက်စက်ရသလားလို့ ဖောကားပေါ်မှာပါတဲ့ ရှင်းရှင်းပြောရင် စစ်ဗိုလ်စစ်သားတွေ ရက်စက်လှပြီလားလို့။ အရှင်ဘုရားတို့က ဘုရားတဲ့ ဘုန်းကြီးမှန်းမသိလို့ပါတဲ့ ကားတံခါးလည်းပိတ်ထားတော့ ရန်သူကားဖြစ်မယ်ထင်လို့ ပစ်ပါတယ်ဘုရားတဲ့၊ သူတို့ကိုယ်တိုင် ဝန်ခံပါတယ်” ဟု ဆရာတော်က ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ၏ ဥတုဇရုပ်ကလာပ် ဈာပနအခမ်းအနားပွဲမှာ မိန့်ကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=0OcGVnYlOt8[/embedyt]
     
    မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် (ရွှေကျင်နိကာယဗဟိုဌာန)၌ ယနေ့ (ဇွန်လ ၂၀ ရက်) တွင် ကျင်းပမည့် ရွှေကျင်နိကာယဗဟိုဌာန၏ အစည်းအဝေးသွားတက်သည့် ခရီးစဉ်အတွင်း စစ်ကောင်စီတပ်သားများ၏ ပစ်ခတ်မှုကြောင့် ဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ပျံလွန်တော်မူခဲ့ရခြင်း ဖြစ်သည်။
     
    #RedNewsAgency

  • စစ်ကောင်စီတပ်၏ ပစ်ခတ်ခံရမှုကြောင့် ပျံလွန်တော်မူခဲ့ရသည့် ဝင်းနိမ္မိတရုံစာသင်တိုက် ဆရာတော်၏ ရုပ်ကလာပ် ပဲခူးပြန်လည်ပင့်ဆောင်

    စစ်ကောင်စီတပ်၏ ပစ်ခတ်ခံရမှုကြောင့် ပျံလွန်တော်မူခဲ့ရသည့် ဝင်းနိမ္မိတရုံစာသင်တိုက် ဆရာတော်၏ ရုပ်ကလာပ် ပဲခူးပြန်လည်ပင့်ဆောင်

    RNA_ဇွန်(၂၀)၊၂၀၂၄ ခုနှစ်။

    အကြမ်းဖက်စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ယမန်နေ့က ပျံလွန်တော်မူခဲ့ရသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ၏ ဥတုဇရုပ်ကလာပ် ပဲခူးမြို့ ကျောင်းတိုက်သို့ ယနေ့ (ဇွန်လ ၂၀ ရက်) နံနက် ၄ နာရီတွင် ပြန်လည်ပင့်ဆောင်ခဲ့ပြီဟု သိရသည်။

    မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် (ရွှေကျင်နိကာယဗဟိုဌာန) ၌ ယနေ့ ကျင်းပမည့် ရွှေကျင်နိကာယဗဟိုဌာန၏ အစည်းအဝေးသွားတက်သည့် ခရီးစဉ်အတွင်း စစ်ကောင်စီတပ်သားများ၏ ပစ်ခတ်မှုကြောင့် ဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့ရခြင်း ဖြစ်သည်။

    (more…)

  • စစ်ကောင်စီ ကျောင်းများတွင် အတန်းကျော်သည့် မှောင်ခိုဈေးကွက်ထွန်းကားနေ

    စစ်ကောင်စီ ကျောင်းများတွင် အတန်းကျော်သည့် မှောင်ခိုဈေးကွက်ထွန်းကားနေ

    RNA_ဖားကန့်၊ ဇွန် (၁၇)၊၂၀၂၄ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ စစ်ကောင်စီဖွင့် အခြေခံပညာကျောင်းများတွင် အသက်အရွယ်အလိုက် စာသင်နှစ်တစ်နှစ်အတွင်း အတန်းကျော်သည့် မှောင်ခိုဈေးကွက်ထွန်းကားနေကြောင်း ကျောင်းသား မိဘများထံမှ သိရသည်။

    “ဖားကန့် ကျောင်းကြီးမှာက ကိုယ့်သားသမီးက အသက်ကြီးနေရင် ကျောင်းစအပ်တာနဲ့ တစ်တန်းတက်စေချင်ရင် သုံးသိန်းခွဲပဲ၊ တစ်နှစ်ထဲ နှစ်တန်းအထိတင်လို့ရတယ်၊ ခုနှစ်သိန်း ကျမှာပေါ့ နှစ်တန်းတင်ဆို၊ အတန်းကြီးတွေက တစ်တန်းတင်မယ်ဆို ငါးသိန်းဈေးပေါက်တယ်၊ ကျောင်းအုပ် ကတော့ မသိဘူး ဒါဆရာမတွေက လုပ်ပေးတာ ဆိုပြီးပြောနေတာပဲ”ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

    မြို့နယ်ပညာရေးမှူးသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်နောက်မှ ပြောင်းလာသည့် ဒေါ်အေးအေးနွယ်ဖြစ်ပြီး ဖားကန့်ကျောင်းအုပ်ကြီးသည် အာဏာမသိမ်းခင်ကတည်းက ကျောင်းအုပ် ဖြစ်သူ ဦးထွဲဝါဖြစ်သည်။

    (more…)

  • စစ်သားတွေအပေါ် စေတနာထားခဲ့တဲ့ လူထုခေါင်းဆောင်ဆိုတာ…

    စစ်သားတွေအပေါ် စေတနာထားခဲ့တဲ့ လူထုခေါင်းဆောင်ဆိုတာ…

    “အမေစုရောက်လာပြီး လုံခြုံရေးတာဝန်ကျစစ်သားလေးကို “သားတို့ရော စားပြီးပြီလား”လို့ ဂရုတစိုက် မေးတယ်။ အမေစုအနားမှာလည်း စစ်တပ်က အကြီးပိုင်းတချို့ခြံရံလာတာဆိုတော့ စစ်သားလေးက ဘာမှပြန်မဖြေရဲဘူး “ဟုတ်ကဲ့” တခွန်းပဲပြောခဲ့ရတယ်။ အမေးခံရတော့ ပီတိတော့ဖြစ်မိတယ်။ အိမ်ပြန်ရောက်တော့ စဥ်းစားတယ်။ မင်းအောင်လှိုင်အတွက် အသက်ပေးပြီး အနီးကပ်လုံခြုံရေးယူနေတဲ့ ငါတို့ကို ဘယ်စစ်ဗိုလ်ချုပ်ကမှ “နေကောင်းလား..စားပြီးပြီလား” တခွန်းမမေးခဲ့ဘူး”

    မောင်ဝိ – Wiper

    အမေ….လို့ ပြည်သူအများစုက မြတ်မြတ်နိုးနိုးခေါ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်။ သူက ပြည်သူတွေအပေါ် အကြောက်တရားတွေ၊ ဖိနှိပ်ခံရမှုတွေကို ​မျက်စိပွင့်နားဖွင့်ဖြစ်စေခဲ့တဲ့ သူပါ။ မြန်မာ့ဒီမိုကရေစီတိုက်ပွဲမှာလည်း အမျိုးသမီးတန်မဲ့ ဦးဆောင်တိုက်ခဲ့တဲ့သူတစ်ယောက်လည်း ဖြစ်တယ်။ သူ့ဘဝရဲ့ သက်တမ်းတဝက်ကျော်လောက်က စစ်အာဏာရှင်တွေရဲ့ မတရားဖမ်းဆီးထောင်ချတာခံခဲ့ရတာ ဒီကနေ့အထိပါပဲ။

    ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ၁၉၈၈ ခုနှစ်ကစပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို စတင်တည်ထောင်သူတွေထဲက ခေါင်းဆောင်တဦးဖြစ်သလို ၁၉၉၀ ခုနှစ်မှာဆိုရင် သူမရဲပါတီက လူထုထောက်ခံမှုနဲ့ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့တယ်။ စစ်တပ်က ရွေးကောက်ပွဲရလဒ်ကို လက်မခံတဲ့အပြင် သူမကို နေအိမ်မှာ ထိန်းသိမ်းခဲ့တယ်။ ဒီလိုဖိနှိပ်မှုများကြားကပဲ ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ ခုနှစ်တွင် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းမှုများအတွက် နိုဘယ်လ်ဆုကို ရရှိခဲ့တယ်။ အဲ့ဒီကတဆင့် လျောက်လှမ်းခဲ့တဲ့ ဒီမိုကရေစီခရီးလမ်းဟာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတာကို မြင်တွေ့ရတယ်။

    ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သတ်ပြီး လေးစားစရာစိတ်ထားလေး အကြောင်း ကြားသိခဲ့ရတဲ့ အမှတ်တရ အဖြစ်ပျက်လေးတခုလည်း ပြောပြချင်သေးတယ်။ ဒါက စစ်သားတယောက်ရဲ့အတွေ့အကြုံပါ။ သိတဲ့အတိုင်း စစ်ဗိုလ် စစ်သားအများစုက ဒေါ်အောင်ဆန်းစုကြည်တို့လို လူတွေဆိုရင် တပ်ထဲက ဝါဒမှိုင်းတွေမိပြီး အမြင်သိပ်မကြည်ကြဘူး။ အဲ့ဒီလိုဖြစ်အောင်လည်း တပ်ထဲမှာ အမျိုးမျိုးပုံဖျက်ကြတယ်။ အဲ့ဒီလိုပုံဖျက်တော့ ဘာဖြစ်လဲဆိုတော့ တခါမှမမြင်ဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် တချို့စစ်သားတွေဆိုအမုန်းကြီးမုန်းကြတယ်။

    (more…)