ကျောင်းဆရာ

လူမဆန်စွာ ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ဖြတ်ခံရသည့် CDM ဆရာ ဦးစောထွန်းမိုးအတွက် အထူးဝမ်းနည်းကြောင်း NUG ထုတ်ပြန်

လူမဆန်စွာ ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ဖြတ်ခံရသည့် CDM ဆရာ ဦးစောထွန်းမိုးအတွက် အထူးဝမ်းနည်းကြောင်း NUG ထုတ်ပြန်

RNA_အောက်တိုဘာ(၁၈)၊၂၀၂၂ခုနှစ်။ မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်း၊ သစ်ညီနောင်ရွာနေ ဆရာဦးစောထွန်းမိုး (ပညာမိုးဘော်ဒါအုပ်)ကို စစ်ကောင်စီတပ်သားများက လူမဆန်စွာ ရက်ရက် စက်စက် ခေါင်းဖြတ်သတ်ဖြတ်ခံရသည့် အတွက် အထူးဝမ်းနည်းကြောင်း NUG ပညာရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။ ဆရာဦးစောထွန်းမိုးသည် အမှန်တရားနှင့် တရားမျှတမှု ရရှိနိုင်ရေးအတွက် အာဏာဖီဆန်လှုပ်ရှားမှု (CDM) တွင်ပါဝင်ခဲ့သည့်အပြင် ကြားကာလပညာရေးကို အကောင် အထည်ဖော်ဆောင်ရွက် ပေးနေသော ဆရာတစ်ဦးဖြစ်ကြောင်း၊ ဆရာဦးစောထွန်းမိုး ကဲ့သို့သော နွေဦးတော်လှန်ရေးတွင် အကြမ်းဖက်စစ်အာဏာ ရှင်၏ လူမဆန်စွာရက်စက် ကြမ်းကြုတ်မှုများကို ခုခံတော်လှန်ရင်း ကျဆုံးခဲ့ရသောဆရာများကို မော်ကွန်းဝင်တော်လှန် ပညာသူရဲကောင်းများ အဖြစ်မှတ်တမ်းတင် အလေးအမြတ်ပြုထားပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More
ယနေ့ တိုက်ပွဲအတွင်း KGZ Army သူရဲကောင်း ရဲဘော်တဦး ကျဆုံး

ယနေ့ တိုက်ပွဲအတွင်း KGZ Army သူရဲကောင်း ရဲဘော်တဦး ကျဆုံး

RNA_မတ် ၉၊၂၀၂၂ခုနှစ်။ ယနေ့ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်ထိုးစစ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ခုခံတိုက်ခိုက်ရင်း Karenni Generation Z ( KGZ Army) က ရဲဘော်တဦး ယနေ့ ကျဆုံးခဲ့ကြောင်း သိရသည်။ ကရင်နီပြည်ကို တာဝေးပစ်လက်နက်ကြီး၊ လေကြောင်း ပစ်ကူ စသည့် အင်အားအများအပြားဖြင့် ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်ကို KGZ ၊ PDF ၊ KNDF၊ KPDF စသည့် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖက်ဒရယ် ဒီမိုကရေစီရရှိရေးအတွက် အသက်ပေး ကာကွယ်နေကြောင်း KGZ ရဲဘော်များထံမှ သိရသည်။ Red News Agency
Read More
လွိုင်ကော် မိုင်းလုံးမှာ ကျဆုံးသွားရသည့် CDM ကျောင်းဆရာ KNDF ရဲဘော် ကိုနိုင်လင်း

လွိုင်ကော် မိုင်းလုံးမှာ ကျဆုံးသွားရသည့် CDM ကျောင်းဆရာ KNDF ရဲဘော် ကိုနိုင်လင်း

RNA_ဇန်နဝါရီ ၇ ရက်၊ ၂၀၂၂ ခုနှစ်။ ကရင်နီပြည်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားချိန် လက်နက်ကြီးကြောင့် ထွက်ပြေးနေရသည့် ပြည်သူများအား ကယ်ထုတ်နေစဉ် CDM ကျောင်းဆရာ၊ KNDF B-06 မှ သူရဲကောင်း ရဲဘော် ကိုနိုင်လင်း ကျဆုံးသွားကြောင်း သိရသည်။ ယနေ့ ပြည်သူများကို ကယ်ထုတ်နေစဉ် ပြည်သူများအတွက် အသက်ပေးသွားသည့် သူရဲကောင်း ရဲဘော် ကိုနိုင်လင်းသည် ဖယ်ခုံမြို့နယ်၊ ရမ်းခူ (မူလွန်) ကျောင်းက မူလတန်းပြ ဆရာတဦးဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေးကာလ CDM လုပ်ပြီး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီးနောက် လက်နက်ကိုင်တော်လှန်ရေးထဲ ပါဝင်လာသူ ဖြစ်ကြောင်း သိရသည်။…
Read More