တရားမဝင်

မဲဆောက်မြို့၌ စီမံချက်ဖြင့် ဖမ်းဆီးခံရမှုအတွင်း လက်နက်၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလောင်းကစားလုပ်သူများလည်း ပါဝင်နေ

မဲဆောက်မြို့၌ စီမံချက်ဖြင့် ဖမ်းဆီးခံရမှုအတွင်း လက်နက်၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလောင်းကစားလုပ်သူများလည်း ပါဝင်နေ

NA_အောက်တိုဘာ(၁၇)၊၂၀၂၆ခုနှစ်။ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့အတွင်း စီမံချက်ဖြင့် ရှာဖွေစစ်ဆေးမှုများလုပ်ဆောင်ချိန် အထောက်အထားမဲ့ မြန်မာများအပါအဝင် မူးယစ်ဆေးဝါး၊ လက်နက်ကိုင်ဆောင်သူများနှင့် အွန်လိုင်းလောင်းကစားလုပ်ကိုင်သူများကို ဖမ်းဆီးရမိခဲ့ကြောင်း တာ့ခ်ခရိုင် ရဲတပ်ဖွဲ့က ယနေ့ (အောက်တိုဘာ ၁၇ ရက်) ထုတ်ပြန်ထားသည်။ ယနေ့နံနက်ပိုင်း၌ အရုဏ်ဦးစစ်ဆင်ရေး စီမံချက်ဖြင့် တရားမဝင် နေထိုင်သူများနှင့် ရာဇဝတ်နှိမ်နင်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ထိုင်းရဲတပ်ဖွဲ့နှင့် ဒေသအာဏာပိုင်များက ပူးပေါင်းဆောင်ရွက်ချိန် မူးယစ်ဆေးဝါးနှင့် လက်နက်များအပြင် အခြားနိုင်ငံခြားသားများကိုပါ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ထိုင်းအာဏာပိုင်များ၏ ရှာဖွေစစ်ဆေး ဖမ်းဆီးမှုများအတွင်း မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ (၈) ဦးကို ၎င်းတို့နှင့်အတူ ယာဘဆေးပြား (၂၀) ပြားနှင့် ဘိန်းဖြူ (၉ ဒသမ ၃၁) ဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း၊ လက်နက်နှင့်…
Read More
မယ့်စရီယန်းမြို့၌ တရားမဝင်နေထိုင်သည့် မြန်မာ (၆) ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မယ့်စရီယန်းမြို့၌ တရားမဝင်နေထိုင်သည့် မြန်မာ (၆) ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး

RNA_စက်တင်ဘာ(၂၂)၊၂၀၂၆ခုနှစ်။ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် မယ့်စရီယန်းမြို့၌ အထောက်အထားမဲ့ နေထိုင်သည့် မြန်မာနိုင်ငံသား (၆) ဦးကို စက်တင်ဘာ (၂၁) ရက် နေ့လည်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း မယ့်စရီယန်းအာဏာပိုင်များက ထုတ်ပြန်ထားသည်။ မယ့်စရီယန်မြို့ ဘန်ကတ်ကျေးရွာအုပ်စု ဘန်ဖမိုလိုရွာအတွင်း၌ နိုင်ငံခြားသားများ နေထိုင်နေကြောင်း ဒေသခံများက အာဏာပိုင်များထံ သတင်းပေးတိုင်ကြားမှုကြောင့် တာဝန်ရှိသူများက နေရာ (၂) ခုအား သွားရောက်စစ်ဆေးချိန် အထောက်အထားမဲ့ အိမ်ငှားရမ်းနေထိုင်နေသည့် မြန်မာနိုင်ငံသား (၆) ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံတွင်း အထောက်အထားမဲ့ နေထိုင်သူများကို အိမ်ငှားရမ်းထားသည့် အသက် (၂၃) နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးထားပြီး တရားမဝင် ဝင်ရောက်လာသူများအား ဒေသ တာဝန်ရှိသူများထံ သတင်းပေးတိုင်ကြားခြင်းမရှိဘဲ ထားရှိမှုနှင့်…
Read More