Editor

1591 Posts
🔴 စစ်အုပ်စုကို ထိရောက်စွာ အရေးယူရန် ခူဦးရယ်တိုက်တွန်း | UN မှာဦးကျော်မိုးထွန်းမိန့်ခွန်းပြော

🔴 စစ်အုပ်စုကို ထိရောက်စွာ အရေးယူရန် ခူဦးရယ်တိုက်တွန်း | UN မှာဦးကျော်မိုးထွန်းမိန့်ခွန်းပြော

မင်္ဂလာ မနက်ခင်းပါရှင်။ Red News Agency သတင်းဌာနကနေ ထူးခြားသတင်းတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ အခုတင်ဆက်ပေးမဲ့သတင်းတွေကတော့ အာရှ-ပစိဖိတ်ဒေသ အလှည့်ကျဥက္ကဋ္ဌအဖြစ် ကုလသမဂ္ဂညီလာခံ၌ ဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားခဲ့တယ်ဆိုတဲ့သတင်း၊ မင်းတုန်းမြို့နယ်ကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်ခဲ့အတွက် ကလေး (၄) ဦးအပါအဝင် (၆) ဦး အသက်ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့သတင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ထုတ်ပြန်ချက်တွေနဲ့ တုံ့ပြန်မှုထက်ကျော်လွန်ပြီး စစ်အုပ်စုကို ထိရောက်စွာအရေးယူရန် SCEF သဘာပတိ ခူဦးရယ် တိုက်တွန်းလိုက်တဲ့သတင်း အပါအဝင် အခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ https://youtu.be/bJWJcU8-jQA?si=IQQJSipqM5PUOHFq Red News Agency, Red News, RNA
Read More
မင်းတုန်းမြို့နယ်ကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး (၄) ဦးအပါအဝင် (၆) ဦး သေဆုံး

မင်းတုန်းမြို့နယ်ကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး (၄) ဦးအပါအဝင် (၆) ဦး သေဆုံး

RNA_စက်တင်ဘာ(၁၅)၊၂၀၂၆ခုနှစ်။ မကွေးတိုင်း မင်းတုန်းမြို့နယ် ဇွန်းကျကျေးရွာကို စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် ကလေး (၄) ဦးအပါအဝင် (၆) ဦး သေဆုံးခဲ့ပြီး (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သရက်ခရိုင် အမှတ် (၄) တပ်ရင်းက စက်တင်ဘာ (၁၄) ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။ စက်တင်ဘာ (၁၃) ရက် ညနေ (၄) နာရီ (၄၀) မိနစ်ဝန်းကျင်က သရက်မြို့အခြေစိုက် စစ်အုပ်စု အမှတ် (၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၂) မှတက်လာသည့် ပါရာမော်တာ စက်တပ်လေထီး (၃) စီးဖြင့် မင်းတုန်းမြို့အနောက်ဘက်ရှိ ဇွန်းကျရွာကို ဗုံး…
Read More
KNPP နှင့် KSCC ထိပ်ပိုင်းရာထူး အပြောင်းအလဲပြုလုပ်

KNPP နှင့် KSCC ထိပ်ပိုင်းရာထူး အပြောင်းအလဲပြုလုပ်

RNA_စက်တင်ဘာ(၁၅)၊၂၀၂၆ခုနှစ်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ပါတီ၏ အထွေထွေအတွင်းရေးမှူးနှင့် အတွင်းရေးမှူး (၁) နှင့် (၂) နေရာတို့ကို တာဝန်ယူထားသူများအား အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ဥက္ကဋ္ဌနေရာအတွက် ပါတီထိပ်ပိုင်းမှ တာဝန်ရှိသူတစ်ဦးကို စေလွှတ်ခဲ့ကြောင်း ယနေ့ (စက်တင်ဘာ ၁၅ ရက်) နံနက်ပိုင်းတွင် KNPP က သတင်းထုတ်ပြန်ထားသည်။ KNPP ၏ ပါတီဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို စက်တင်ဘာ (၁၀) ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်ပြီး လစ်လပ်သွားသည့် ပါတီအထွေထွေအတွင်းရေးမှူးနေရာနှင့် KSCC ဥက္ကဋ္ဌနေရာတို့အတွက် ပြန်လည်ရွေးချယ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (more…)
Read More
🔴 [UPDATE] ရခိုင်စစ်ဘေးရှောင်အတွက် Silent Message ဓာတ်ပုံပြပွဲ ၊ AA ထိန်းချုပ်ဒေသ တိုက်ခိုက်ခံနေရ

🔴 [UPDATE] ရခိုင်စစ်ဘေးရှောင်အတွက် Silent Message ဓာတ်ပုံပြပွဲ ၊ AA ထိန်းချုပ်ဒေသ တိုက်ခိုက်ခံနေရ

မင်္ဂလာ မနက်ခင်းပါရှင်။ Red News Agency သတင်းဌာနကနေ ထူးခြားသတင်းတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ အခုတင်ဆက်ပေးမဲ့သတင်းတွေကတော့ ရခိုင်စစ်ဘေးရှောင်များအတွက် Silent Message အမည်ပေးထားတဲ့ ဓာတ်ပုံပြပွဲ မဲဆောက်မှာပြုလုပ်နေတဲ့သတင်း၊ လက်နက်နှင့် ပိုက်ဆံများယူဆောင်ပြီး မြင်းမူ တိုက်နယ်ပကဖ တာဝန်ခံမြတ်စိုး တစ်ဖက်အဖွဲ့အစည်းထံ ဘက်ပြောင်းသွားတယ်ဆိုတဲ့သတင်း၊ AA ထိန်းချုပ်ဒေသများကို ဝေဟင်မှ အင်အားသုံးမှုများ အရှိန်မြှင့်လုပ်ဆောင်နေတဲ့အတွက် နေ့စဉ်နီးပါး အရပ်သားပြည်သူများ ထိခိုက်မှုရှိနေတယ်ဆိုတဲ့သတင်း၊ မဲဆောက် နိုင်ငံရေးအသိုင်းအဝန်းက မောင်ကြီးမင်းမင်း(ခ) မင်းမင်း ဘက်ပြောင်းသွားတယ်ဆိုတဲ့သတင်း အပါအဝင် အခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ https://youtu.be/wYC434mZjX0?si=ubf5TvkMvIr7llk_ Red News Agency , Red News ,…
Read More
AA ထိန်းချုပ်ဒေသများကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်မှု အရှိန်မြှင့်လုပ်ဆောင်နေခြင်းကြောင့် နေ့စဉ်နီးပါး အရပ်သားသေဆုံးမှုများရှိနေ

AA ထိန်းချုပ်ဒေသများကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်မှု အရှိန်မြှင့်လုပ်ဆောင်နေခြင်းကြောင့် နေ့စဉ်နီးပါး အရပ်သားသေဆုံးမှုများရှိနေ

RNA_စက်တင်ဘာ(၁၄)၊၂၀၂၆ခုနှစ်။ ရခိုင်ပြည်နယ် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့်ဒေသများကို စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လာနေခြင်းကြောင့် နေ့စဉ်နီးပါး အရပ်သား ထိခိုက်သေဆုံးမှုများရှိနေကြောင်း AA တပ်တော်က ယနေ့ (စက်တင်ဘာ ၁၄ ရက်) သတင်းထုတ်ပြန်ထားသည်။ စက်တင်ဘာ (၁၃) ရက်၊ နေ့လည် (၁) နာရီဝန်းကျင်က ပုဏ္ဏားကျွန်းမြို့နယ် သမိုင်းဝင် ဦးရာဇ်တော်ဘုရားရှိရာ တောင်ခြေရင်း၊ ကြိုးတံတားအနီး ဝန်းကျင်ကို စစ်အုပ်စုက ဂျက်ဖိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများအပြင် စက်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း သိရသည်။ (more…)
Read More
လက်နက်နှင့် ပိုက်ဆံများယူဆောင်ကာ မြင်းမူ တိုက်နယ်ပကဖတာဝန်ခံမြတ်စိုး စစ်အုပ်စုဘက်ပြောင်း

လက်နက်နှင့် ပိုက်ဆံများယူဆောင်ကာ မြင်းမူ တိုက်နယ်ပကဖတာဝန်ခံမြတ်စိုး စစ်အုပ်စုဘက်ပြောင်း

RNA_စက်တင်ဘာ(၁၄)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဂုံညင်းဆိပ်တိုက်နယ်မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ မြတ်စိုးသည် သေနတ် (၁၀) လက်နှင့် ပကဖအဖွဲ့၏ ရန်ပုံငွေများကိုယူဆောင်ကာ စစ်အုပ်စုထံ ဘက်ပြောင်းဝင်ရောက်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အတည်ပြုပြောသည်။ တိုက်နယ် ပကဖတာဝန်ံခံဖြစ်သူ မြတ်စိုးသည် စက်တင်ဘာ (၁၃) ရက် နံနက်ပိုင်းက စစ်အုပ်စုနှင့် သွားရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်းသိရပြီး တိုက်နယ်ပကဖအဖွဲ့၏ ရန်ပုံငွေများကိုလည်း ယူဆောင်သွားကြောင်း သိရသည်။ (more…)
Read More
မဲဆောက် နိုင်ငံရေးအသိုင်းအဝန်းမှ မောင်ကြီးမင်းမင်း(ခ) မင်းမင်း အာဏာသိမ်းစစ်တပ်ဘက်ပြောင်း

မဲဆောက် နိုင်ငံရေးအသိုင်းအဝန်းမှ မောင်ကြီးမင်းမင်း(ခ) မင်းမင်း အာဏာသိမ်းစစ်တပ်ဘက်ပြောင်း

RNA_စက်တင်ဘာ(၁၁)၊၂၀၂၆ခုနှစ်။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ နိုင်ငံအရေးအသိုင်းအဝန်းတွင် ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်ခဲ့သော မောင်ကြီးမင်းမင်း (ခ)၊ မင်းမင်း သည် အကြမ်းဖက် အာဏာသိမ်းစစ်တပ်ဘက် ပြောင်းသွားသည်ဟု မဲဆောက်နိုင်ငံရေးအသိုင်းအဝန်းနှင့် လူမှုကွန်ရက်တွင် သတင်းများထွက်ပေါ်နေသည်။ မောင်ကြီးမင်းမင်း (ခ) မင်းမင်းသည် အင်္ဂလန်နိုင်ငံတွင် နေထိုင်ခဲ့သူဖြစ််််််ပြီး၊ နွေဦးတော်လှန်ရေးဖြစ်ပွားစဉ် ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ရောက်ရှိလာပြီးနောက် AAPP နှင့် NUG အတွင်းဝန်ရုံး တို့တွင် တာဝန်ထမ်းဆောင်ခဲ့သေးကြောင်း၊ ထို့နောက် မဲဆောက်တွင် ထမင်းဆိုင်ဖွင့်ပြီး နိုင်ငံရေးအသိုင်းအဝန်းတွင်လည်း ဝင်ဆန့်နေသူဖြစ်ကြောင်း၊ ယခု ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၀ ရက်နေ့ကတည်းက မောင်ကြီးမင်းမင်း ပြည်တွင်းရောက်သွားသည်ဟု သတင်းများ ထွက်ပေါ်နေခဲ့သည်ကို သိရှိရသည်။ "ပြည်တွင်းကို…
Read More
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဒီမိုကရေစီဆုကို မြန်မာ့နွေဦးတော်လှန်ရေးလှုပ်ရှားသူများရရှိ

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဒီမိုကရေစီဆုကို မြန်မာ့နွေဦးတော်လှန်ရေးလှုပ်ရှားသူများရရှိ

RNA_စက်တင်ဘာ(၁၂)၊၂၀၂၆ခုနှစ်။ စစ်အာဏာရှင်၏ ဖိနှိပ်ချုပ်ခြယ် ကန့်သတ်မှုများကို သပိတ်အဖွဲ့များဖြင့် ငြိမ်းချမ်းစွာ ဆန့်ကျင်တော်လှန်နေသည့် ဒီမိုကရေစီလှုပ်ရှားသူများကို အမေရိကန်အခြေစိုက် National Endowment for Democracy (NED) က “လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်” ဒီမိုကရေစီဆု ချီးမြှင့်ခဲ့ကြောင်း ယနေ့ (စက်တင်ဘာ ၁၁ ရက်) ထုတ်ပြန်ထားသည်။ ကမ္ဘာတစ်ဝန်း ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့အတွက် တက်ကြွစွာလှုပ်ရှားဆောင်ရွက်နေသူများနှင့် အဖွဲ့အစည်းများကို NED က ၁၉၈၃ ခုနှစ်ကတည်းက နှစ်စဉ်ဆုချီးမြှင့်နေခြင်းလည်း ဖြစ်သည်။ ၂၀၂၆ ခုနှစ်အတွက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် (Freedom for Expression) ဆုကို မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း မြန်မာဒီမိုကရေစီရေး လှုပ်ရှားသူများမှ ရရှိခဲ့ခြင်းဖြစ်ကာ ကိုနန်းလင်းက အွန်လိုင်းမှတဆင့် ကိုယ်စားလက်ခံရယူခဲ့ခြင်း…
Read More
🔴 [UPDATE] တံတားဦးလေတပ် တိုက်ခိုက်ခံရ ၊ အရာရှိများအပါအဝင် ၁၅၁ ဦး လက်နက်ချ

🔴 [UPDATE] တံတားဦးလေတပ် တိုက်ခိုက်ခံရ ၊ အရာရှိများအပါအဝင် ၁၅၁ ဦး လက်နက်ချ

မင်္ဂလာ မနက်ခင်းပါရှင်။ Red News Agency သတင်းဌာနကနေ ထူးခြားသတင်းတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ အခုတင်ဆက်ပေးမဲ့သတင်းတွေကတော့ အရပ်သားပြည်သူများအပေါ် ဝေဟင်မှ အင်အားသုံးနေသည့် စစ်အုပ်စုက တံတားဦးလေတပ်စခန်း တိုက်ခိုက်ခံရမှုအပေါ် ဂျီနီဗာကွန်ဗင်းရှင်း ချိုးဖောက်တယ်လို့ စွပ်စွဲပြောကြားလိုက်တဲ့သတင်း၊ လောင်းလုံ၌ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုကို ထားဝယ်ခရိုင် PDF က နည်းပညာမြင့်ယာဉ်ပျံများဖြင့် တိုက်ခိုက်ခဲ့သည့်သတင်း၊ ရွှေကူတွင် လက်နက်ချခဲ့သည့် ထိန်းသိမ်းခံ (၁၅၁) ဦးထဲတွင် အရာရှိ (၄၆) ဦး ပါဝင်နေသည့်သတင်း အပါအဝင် စိတ်ဝင်စားစရာ ပြည်တွင်း ပြည်ပသတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ https://youtu.be/uu7x894epNM (more…)
Read More
ထိုင်းဝန်ကြီးချုပ် ဝတ်ဆင်ထားသည့် အဆောင်လက်ဖွဲ့သည် လိင်အရှုပ်တော်ပုံဖြစ်ခဲ့သည့် ကျောင်းထိုင် ဆရာတော်၏ ဘုန်းကြီးကျောင်းမှဖြစ်နေ

ထိုင်းဝန်ကြီးချုပ် ဝတ်ဆင်ထားသည့် အဆောင်လက်ဖွဲ့သည် လိင်အရှုပ်တော်ပုံဖြစ်ခဲ့သည့် ကျောင်းထိုင် ဆရာတော်၏ ဘုန်းကြီးကျောင်းမှဖြစ်နေ

ထိုင်းဝန်ကြီးချုပ် ဝတ်ဆင်ထားသည့် အဆောင်လက်ဖွဲ့သည် လိင်အရှုပ်တော်ပုံဖြစ်ခဲ့သည့် ကျောင်းထိုင်ဆရာတော်၏ ဘုန်းကြီးကျောင်းမှဖြစ်နေ RNA_စက်တင်ဘာ(၁၁)၊၂၀၂၆ခုနှစ်။ ထိုင်းဝန်ကြီးချုပ် အနုထင်ချန်ဗီရာကူက ကံဇာတာမြင့်စေသည်ဟုဆိုကာ ဝတ်ဆင်ထားသည့် အဆောင်လက်ဖွဲ့သည် ယခုရက်ပိုင်းအတွင်း ငွေကြေးအလွဲသုံးစားမှု၊ လိင်အရှုပ်တော်ပုံတို့ဖြင့် နာမည်ဆိုးထွက်ခဲ့သည့် ကျောင်းထိုင်ဆရာတော်၏ အယုဒ္ဓယဘုန်းကြီးကျောင်းမှဖြစ်နေကြောင်း ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်။ အယုဒ္ဓယရှိ Wat Phutthaisawan ရှေးဟောင်းကျောင်းတော်မှ ထုတ်လုပ်သော နူအာဒွန်း (Nuer Duang) အဆောင်လက်ဖွဲ့သည် ကံဇာတာမြင့်စေသော ဗုဒ္ဓရုပ်ပုံပါ လည်ဆွဲကို ထိုင်းဝန်ကြီးချုပ်က ဝတ်ဆင်ခဲ့ခြင်းကြောင့် ထိုင်းလူမှုကွန်ရက်၌ ဝေဖန်လှောင်ပြောင်မှုများလည်း ရှိနေသည်။ (more…)
Read More