အာရက္ခကမ်းခြေစောင့်တပ်

ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား (၄၃) ဦးကို ဘင်္ဂလားဒေ့ချ် အာဏာပိုင်များထံ AA လွှဲပြောင်းအပ်နှံ

ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား (၄၃) ဦးကို ဘင်္ဂလားဒေ့ချ် အာဏာပိုင်များထံ AA လွှဲပြောင်းအပ်နှံ

RNA_နိုဝင်ဘာ(၂၆)၊၂၀၂၆ခုနှစ်။ အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရေပိုင်နက်အတွင်း တရားမဝင် ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ငါးဖမ်းသမား (၄၃) ဦးကို အာရက္ခတပ်တော် ကမ်းခြေစောင့်တပ်မှ ဖမ်းဆီးရမိပြီးနောက် ဘင်္ဂလားဒေ့ချ် အာဏာပိုင်များထံ ယနေ့ (နိုဝင်ဘာ ၂၆ ရက်) နေ့လယ်ပိုင်းတွင် အာရက္ခတပ်တော် (AA)က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ချ်နိုင်ငံသား ငါးခိုးဖမ်းသူ (၄၃) ဦးကို ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်အတွင်း အာရက္ခပြည်၊ မောင်တောမြို့နယ်၊ ကျောက်ပန္ဒူ၊ အင်းဒင် ကမ်းတလျှောက်နှင့် အာရက္ခရေပိုင်နက်အတွင်း တရားမဝင်ကျူးကျော်ဝင်ရောက်လာသည့်အတွက် အာရက္ခကမ်းခြေစောင့်တပ်မှ ဖမ်းဆီးရမိခဲ့သူများ ဖြစ်သည်ဟု အာရက္ခတပ်တော်နှင့်နီးစပ်သည့် APM တွင် ဖော်ပြထားသည်။ (more…)
Read More