“ချင်းရွှေဟော်” နှင့် “ဖောင်းဆိုင်” မြို့ကို အပြီးသတ်ထိမ်းချုပ်နိုင်ပြီး သိန္နီမြို့ကိုလည်း ထိန်းချုပ်ထား

RNA_အောက်တိုဘာ(၃၁)၊၂၀၂၃ ခုနှစ်။

ညီနောင်မဟာမိတ် (၃) ဖွဲ့၏ Operation 1027 (၁၀၂၇ စစ်ဆင်‌ရေး)သည် ယနေ့ ၅ ရက်မြောက်နေ့အတွင်း ကိုးကန့်ပြည်နယ်၊ အထူးဒေသ (၁) အတွင်းမှ အဓိကမြို့များထဲမှ “ချင်းရွှေဟော်” နှင့် “ဖောင်းဆိုင်” မြို့များကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် လုံးဝထိန်းချုပ်ထားနိုင်ခဲ့ပြီး၊ သိန္နီမြို့ကိုလည်း ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရသည်။

Photo : The Kokang

၁၀၂၇ စစ်ဆင်‌ရေး နှင့်အတူ ဟန်ချက်ညီ ပူးပေါင်းစစ်ဆင်ရေးများကို အခြားသောမဟာမိတ်များအနေဖြင့်လည်း တပြိုင်နက်တည်း ဆင်နွှဲလာခဲ့ကြသည်ကိုတွေ့ရှိနေရကြောင်း၊ ယနေ့တွင်လည်း လားရှိုးနှင့် သိန္နီမြို့နယ်ကြား စစ်ကောင်စီ၏ “မိုင်းပါးတပ်စခန်း” ကို အပြီးသတ်ချေမှုန်းတိုက်ခိုက်ခဲ့ကြောင်း၊ AA နှင့် KIA တို့ ပူးပေါင်းပြီး နမ္မတူမြို့နယ်၊ မုံးမော်၊ နမ့်ဟိုင်းရှိ စစ်ကောင်စီလက်အောက်ခံ “ခလရ (၃၂၄)” အား အပြီးသတ် ချေမှုန်းသိမ်းပိုက်ခဲ့ကြောင်း စသဖြင့် စစ်ရေးသတင်းများနှင့် ပတ်သက်ပြီး ယနေ့ ညနေပိုင်းတွင် ညီနောက်မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Photo : The Kokang

“အခြားသော တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လည်း ဤကဲ့သို့သော ရတောင့်ရခဲ၊ ကြုံတောင့် ကြုံခဲအခွင့်အရေးကို အမိအရဖမ်းဆုပ်ကိုင်ပြီး ကိုယ့်ဒေသအတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများ၊ စစ်ဖက်နှင့် သက်ဆိုင်သောစခန်းများကို တပြိုင်နက်တည်း ဝင်တိုက်ကြရန် မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့မှ လေးလေး နက်နက် တိုက်တွန်းလိုက်ပါသည်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Operation 1027 (၁၀၂၇ စစ်ဆင်‌ရေး) အတွင်း သတ်မှတ်ထားသည့် စစ်ကောင်စီတပ်စခန်းများကို ဆက်လက်တိုက်ခိုက်နေကြောင်း၊ ၅ ရက်အတွင်း စစ်ကောင်စီတပ်စခန်းများစွာကို သိမ်းဆည်းထားပြီး၊ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရမိကြောင်း၊ လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ “မိုင်းကျက်တပ်စခန်း” အား ဆက်လက်ချေမှုန်းတိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။

Photo : The Kokang

ရှမ်းမြောက် မြေပြင်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်စခန်းများစွာ ကျပြီး တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးများအပါအဝင် အများအပြားသေဆုံးနေကြောင်း၊ စစ်ကောင်စီတပ်မှ လေကြောင်းပစ်ခတ်မှုများကို အဆက်မပြတ်ပြုလုပ်နေကြောင်း သိရသည်။

#RedNewsAgency

By Editor