၁၀၂၇ စစ်ဆင်ရေး ၆ ရက်မြောက်နေ့အထိ စစ်ကောင်စီတပ် စခန်း ၈၇ ခုကျော်အား တိုက်ခိုက်သိမ်းပိုက်

RNA_နိုတင်ဘာ(၁)၊၂၀၂၃ ခုနှစ်။

ညီ​နောင်မဟာမိတ် (၃) ဖွဲ့ ဦးဆောင်နေသည့် “Operation 1027” ၁၀၂၇ စစ်ဆင်ရေးသည် ယနေ့ (၆) ရက်မြောက်နေ့အထိ စစ်ကောက်စီတပ်စခန်း (၈၇) ခုကျော်အား သိမ်းဆည်းရမိပြီး ချင်းရွှေဟော်မြို့၊ ဖောင်းဆိုင်မြို့၊ သိန္နိမြို့တို့ကို ထိန်းချုပ်ထားကြောင်း သိရသည်။

Photo : The Kokang

ညီနောက်မဟာမိတ် ရဲဘော်များက စစ်ကောင်စီ၏ ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသရှိ “မန်တုံပတပ်စခန်း”၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယု- နမ့်ဖတ်ကာကြားရှိ“ရင်ကွဲတောင်တပ်စခန်း”၊ မူဆယ်-နမ့်ခမ်းမြို့အဝင်တွင်ရှိသော စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းအခြေစိုက် “မန်ခမ်းတပ်စခန်း” အား ယနေ့ ထပ်မံတိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။

ယနေ့ န့နက် ၄ နာရီ ခန့်တွင် ကိုးကန့်တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) နှင့် မူပန် (သိန္နီ) ဒေသလုံခြုံရေးအဖွဲ့တို့သည် ကွမ်းလုံမြို့နယ်၊ စစ်ကောင်စီ၏ “အမြောက်တပ်ရင်း (၁၂၇) စခန်း” အား စတင် ထိုးစစ်ဆင်ခဲ့ပြီး နံနက် ၄ နာရီ ၁၀ မိနစ်တွင် စခန်း၏ ဒုတိယတန်းကာကွယ်ရေးစစ်ကြောင်းအထိ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ မုန်ကိုးဒေသတွင် နယ်မြေရှင်းလင်းရေလုပ်စဉ် စစ်သုံ့ပန်း ၃ ဦးထပ်မံ ဖမ်းဆီးရမိကြောင်း သိရသည်။

Photo : The Kokang

၁၀၂၃ စစ်ဆင်ရေးသည် ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း၊ စစ်ကောင်စီတပ် သံချပ်ကာယာဉ် (၆) စီးနှင့်အတူ လက်နက်ခဲယမ်းများစွာသိမ်းဆည်းရမိထားကြောင်း၊ ညီနောင်မဟာမိတ်အဖွဲ့ထံ အလင်းဝင်လာသည့် စစ်ကောင်စီမှ ဒုတပ်ရင်းမှူး ၁ ဦးအပါအဝင် ၁၀၀ ကျော်ရှိပြီး နေ့စဉ်အလင်းဝင်မှုများရှိနေကြောင်း သိရသည်။

Photo : The Kokang

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် MNDAA၊ TNLA၊ AA တို့သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်ကာ ရှမ်းမြောက်ရှိ စစ်ကောင်စီလက်အောက်ခံ တပ်စခန်းများကို “Operation 1027” ၁၀၂၇ စစ်ဆင်ရေး အဖြစ် တိုက်ခိုက်နေ​ကြောင်း၊ ညီနောင် ၃ ဖွဲ့နှင့်အတူ PLA၊ BPLA၊ MDY PDF ရဲဘော်များက ပူးပေါင်းတိုက်ခိုက်နေသည်။

#RedNewsAgency

By RNA Editor