Red News Agency

Independent Journalism for Justice and Human Rights.

ရက္ခိုင့်တပ်တော် ရဲဘော်များ မြောက်ပိုင်းတိုက်ပွဲများအပြင် စစ်ကိုင်းတိုင်းမှာပါ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေ

Written by

in

RNA_အောက်တိုဘာ(၃၀)၊၂၀၂၃ ခုနှစ်။

ရက္ခိုင့်တပ်တော် (Arakan Army) ရဲဘော်များသည် Operation 1027 (၁၀၂၇ စစ်ဆင်ရေး) တွင် ပါဝင်ပြီး ရှမ်းမြောက်တိုက်ပွဲများအပြင် ကချင် တော်လှန်ရေးအင်အားစုများနှင့် အခြား မဟာမိတ်များပူးပေါင်းကာ စစ်ကိုင်းတိုင်းအတွင်းမှာပင် တိုက်ပွဲဝင်နေကြောင်း ညီနောင်မဟာမိတ်၃ဖွဲ့ထံမှသိရသည်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင်အနောက်ဘက် တောင်ရိုးတလျောက်တွင် ဒေသခံတော်လှန်ရေးအင်အားစုများနှင့်အတူ ရက္ခိုင့်တပ်တော် (Arakan Army) ရဲဘော်များက အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်ကို အောက်တိုဘာလ ၂၇ ရက်နေ့မှစပြီး ယနေ့ ( အောက်တိုဘာ ၃၀ ရက်) နံနက် ၈ နာရီထိ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်အခြေစိုက် လှုပ်ရှားသောနေရာများထဲမှ တစ်ခုဖြစ်သော ကချင်ပြည်၊ လိုင်ဇာဌာနချုပ် အနီးဝန်းကျင်တွင် တိုက်ပွဲများ၌လည်း အာရက္ခစစ်သည်တော်များသည် မဟာမိတ်များနှင့်အတူ ဟန်ချက်ညီပူးပေါင်းစစ်ဆင်ရေးများကို ဆက်တိုက်ဆင်နွှဲလျက်ရှိကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ (MNDAA + TNLA + AA)က ထုတ်ပြန်ထားသည်။

#RedNewsAgency