Tag: Red News Agency

  • စစ်ကောင်စီတပ် ဂိတ်စခန်းတိုက်ခိုက်ခံရပြီး အနည်းဆုံး (၆) ဦးသေ

    စစ်ကောင်စီတပ် ဂိတ်စခန်းတိုက်ခိုက်ခံရပြီး အနည်းဆုံး (၆) ဦးသေ

    RNA_ဖေဖော်ဝါရီ(၁၁)၊၂၀၂၃ ခုနှစ်။

    ကရင်ပြည်နယ်၊ကော့ကရိတ်မြို့၊ တံတားဦး၊ ညောင်ပင်အောက် စစ်ကောင်စီတပ် ဂိတ်စခန်းကို ကျားဖြူစစ်ကြောင်းနှင့် မဟာမိတ်ရဲဘော်များ ယနေ့ နံနက် (၅) နာရီ (၃၀) မိနစ်ဝန်းကျင်က တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ အနည်းဆုံး (၆) ဦးသေဆုံးကြောင်း သိရသည်။

    ” ရန်သူ့ဘက်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ဦး ထက်မနည်း သေဆုံးပြီး ထိခိုက် သေဆုံးမှုကို ထပ်မံ အတည် မပြုနိုင်သေးပါ။ စစ်ကောင်စီဘက်မှ အတို (၁) လက်၊ MA3 (၂) လက်၊ ကျည်ဘောက် (၄) ခု၊ RPG 7 အသီး (၁) လုံး ကို သိမ်ဆည်း ရရှိခဲ့ပါသည်” ဟု ကျားဖြူစစ်ကြောင်း – Albino Tiger Columnက ထုတ်ပြန်ထားသည်။

    (more…)

  • မဆုမွန်ထက်ကျဆုံး သတင်းမှားအတွက် တောင်းပန်ခြင်း

    မဆုမွန်ထက်ကျဆုံး သတင်းမှားအတွက် တောင်းပန်ခြင်း

    RNA_ဖေဖော်ဝါရီ(၆)၊၂၀၂၃ ခုနှစ်။

    စစ်ကောင်စီတပ်သားများနှင့် တိုက်ပွဲဖြစ်ပြီး လက်နက်အင်အားမမျှသည့်အတွက် မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့မှ အသက် (၂၀) အရွယ် ဆေးတပ်သား ရဲမေ မဆုမွန်ထက် ယမန်နေ့က ကျဆုံးခဲ့ရသည်ဟု Red News Agency သတင်းမှား တင်ခဲ့မိသည့်အတွက် စာဖတ်ပရိတ်သတ်များအား တောင်းပန်ပါသည်။

    စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ်အခြေစိုက် မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့မှ စစ်ကောင်စီတပ်ဖွဲ့နှင့် ဒလန်များကို တိုက်ခိုက်ရှင်းလင်းနေကြောင်း၊ တိုက်ပွဲအတွင်း လက်နက်အင်အား မမျှသည့်အတွက် မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့မှ မဆုမွန်ထက်အပါအဝင် ကျဆုံးရဲဘော် (၈) ဦးထိ ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ချက်ကို ရေးသားခဲ့‌ သော်လည်း ၎င်းအဖွဲ့မြေပြင်မှာ အမှန်တကယ်မရှိကြောင်း စစ်ကိုင်းတိုင်းအတွင်းအဖွဲ့အစည်းများက အသိပေးထားသည်။

    Red News Agency

  • ဖယ်ခုံ PDF ရဲဘော်ဒေးဗစ်ဈာပန

    ဖယ်ခုံ PDF ရဲဘော်ဒေးဗစ်ဈာပန

    ဖယ်ခုံတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၅) ဦးသေပြီး၊ ဖယ်ခုံ PDF ရဲဘော် ဒေးဗစ်ကျဆုံး

    RNA_ဖေဖော်ဝါရီ(၆)၊၂၀၂၃ ခုနှစ်။

    ရှမ်း – ကယား အစပ် ဖယ်ခုံမြို့နယ်၊ လွိုင်ကော်- ဖယ်ခုံ လမ်းမကြီးပေါ် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်က (၅) ဦးသေဆုံးပြီး၊ ဖယ်ခုံ PDF ရဲဘော်ဒေးဗစ် ကျဆုံးခဲ့ကြောင်း သိရသည်။

    လွိုင်ကော်- ဖယ်ခုံ လမ်းမကြီးပေါ် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့များဖြစ်သည့် ဖယ်ခုံ PDF တပ်ရင်း (၂)၊ KNDF B03၊ URF တပ်ဖွဲ့တို့က ဖေဖော်ဝါရီ (၄) ရက်နေ့က တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

    (more…)

  • ဒေါနစစ်ကြောင်း ချေမှုန်းရေးတပ်ခွဲ (၁) အား လက်နက်တပ်ဆင်

    ဒေါနစစ်ကြောင်း ချေမှုန်းရေးတပ်ခွဲ (၁) အား လက်နက်တပ်ဆင်

    RAN_ဖေဖော်ဝါရီ(၅)၊၂၀၂၃ ခုနှစ်။
     
    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်တော်၏ ဒေါနစစ်ကြောင်း ချေမှုန်းရေးတပ်ခွဲ (၁) အား တပ်စုဖွဲ့တာဝန်ပေးအပ်ခြင်းနှင့် လက်နက်တပ်ဆင်ပေးထားကြောင်း သိရသည်။
     
    ဒေါနစစ်ကြောင်း ချေမှုန်းရေးတပ်ခွဲ (၁) အား လက်နက်တပ်ဆင်ခြင်းနှင့် တပ်စုဖွဲ့တာဝန်ပေးအပ်ခြင်း အခန်းအနားကို အခမ်းအနား ဖေဖော်ဝါရီ (၁) ရက်နေ့ကပြုလုပ်ခဲ့ပြီး၊ အခန်းအနားတွင် ဒေါနစစ်ကြောင်း၊ စစ်ဆင်ရေးတာဝန်ခံမှ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် စစ်ဆင်ရေးနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို ပြောကြားခြင်း၊ စစ်ကြောင်းမှူးမှ ရဲဘော်များကို ဂုဏ်ပြုစကားပြောဆိုခြင်း၊ ရဲဘော်များ သစ္စာဌာန်ခြင်း၊ ဂုဏ်ပြုဆုပေးအပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း Daw Na Column မှ ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။
    [embedyt] https://www.youtube.com/watch?v=uDzzJJ5XJSM[/embedyt]
    အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ တောင်ပိုင်းတိုင်းစစ်ဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မ​တော် စစ်ကြောင်းများမှ ရဲဘော်များကို ကိုယ်ပိုင်နံပါတ် ယူနီဖောင်း လက်နက် စသည့် စစ်အသုံးအဆောင်ပစ္စည်းများ တပ်ဆင်နေကြောင်း သိရသည်။
     
    #RedNewsAgency

  • ရန်သူကို ဘယ်တော့မှ ဒူးထောက်အညံ့ခံမည်မဟုတ်ကြောင်း YDF ရဲဘော်များ သစ္စာဆို 

    ရန်သူကို ဘယ်တော့မှ ဒူးထောက်အညံ့ခံမည်မဟုတ်ကြောင်း YDF ရဲဘော်များ သစ္စာဆို 

    RNA_ဖေဖော်ဝါရီ(၅)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ယောဒေသအခြေစိုက် ယောကာကွယ် ရေးတပ် – YDF ရဲဘော်များအနေဖြင့် စစ်အာဏာရှင်နှင့် လက်ပါးစေများဖြစ်သည့် ရန်သူကို ဘယ်တော့မှ ဒူးထောက်အညံ့ခံမည်မဟုတ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲတွင် သစ္စာဆိုခဲ့ကြကြောင်း သိရသည်။

    Photo : Myat Thu 

    (more…)

  • မြင်းခြံထောင်တွင် နိုင်ငံရေးအကျဉ်းသူတချို့ ရိုက်နှက်ခံနေရ 

    မြင်းခြံထောင်တွင် နိုင်ငံရေးအကျဉ်းသူတချို့ ရိုက်နှက်ခံနေရ 

    RNA_ဖေဖော်ဝါရီ(၃)၊၂၀၂၃ ခုနှစ်။

    မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ အကျဉ်းထောင်တွင် စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးအမျိုးသားနှင့် အမျိုးသမီး ဝန်ထမ်းတချို့က နိုင်ငံရေးအကျဉ်းသူတချို့ကို ဆဲဆို ရိုက်နှက်မှုများရှိကြောင်း သိရသည်။

    ပြီးခဲ့သည့် ရက်ပိုင်းက အမျိုးသမီးအဆောင်တွင် သာမန်အကျဉ်းသူတချို့နှင့် စကားအခြေအတင်ဖြစ်ရာတွင် မြင်းခြံထောင် ဝန်ထမ်း (၂) ပွင့် နှင့် ဒေါ်မြင့်ဇော်မှ အမျိုးသား ဝန်ထမ်းများကိုခေါ်ကာ နိုင်ငံရေးအကျဉ်းသူ တချို့ကို ဒုတ်ဖြင့်ရိုက်ခြင်း၊ ဆဲဆိုခြင်းစသည်တို့ ပြုလုပ်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသား မိသားစုအသိုင်းအဝန်းမှ သိရသည်။

    (more…)

  • ဖယ်ဒရယ်နှင့်ဒီမိုကရေစီလိုလားသော အင်အားစုများနှင့် SSPP/SSA လက်တွဲမည်

    ဖယ်ဒရယ်နှင့်ဒီမိုကရေစီလိုလားသော အင်အားစုများနှင့် SSPP/SSA လက်တွဲမည်

    RNA_ဖေဖော်ဝါရီ(၃)၊၂၀၂၃ ခုနှစ်။

    ရှမ်းပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် – SSPP/SSS အနေဖြင့် ဖက်ဒရယ်နှင့် ဒီမိုကရေစီရေး လိုလားသော အင်အားစုများနှင့် လက်တွဲကြိုးပမ်း ဆောင်ရွက်သွာမည်ဖြစ်ကြောင်း ဗဟိုကော်မတီမျက်နှာစုံညီအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

    ရှမ်းပြည်တိုးတက်ရေးပါတီ၏ ၂၀၂၂ ခုနှစ် တိုးချဲ့ဗဟိုကော်မတီမျက်နှာစုံညီ ( နှစ်ချုပ်) အစည်း အဝေးကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၉) ရက်နေ့မှ ဖေဖော်ဝါ ရီလ (၁) ရက်နေ့အထိ ဝမ်ဟိုင်း ဗဟိုဌာနချုပ်တွင် ကျင်းပခဲ့ကြောင်း၊ ဗိုလ်ချုပ်ကြီး စဝ်ဆေထင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဗဟိုကော်မတီဝင် (၂၆) ဦး၊ အရံဗဟိုကော်မတီဝင် (၅) ဦးနှင့် ဗဟိုရုံးအဖွဲ့ဝင် (၁၄) ဦးတို့ တက်ရောက်ခဲ့ကြောင်း SSPP က ထုတ်ပြန်ထားသည်။

    (more…)

  • တိုက်ပွဲအတွင်း မြန်မာ့တော်ဝင်နဂါးတပ်တော်မှ ရဲဘော် (၆) ဦးကျဆုံး

    တိုက်ပွဲအတွင်း မြန်မာ့တော်ဝင်နဂါးတပ်တော်မှ ရဲဘော် (၆) ဦးကျဆုံး

    RNA_ဖေဖော်ဝါရီ(၃)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း ယခုရက်ပိုင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာခဲ့ရာ ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော်- MRDA နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ MRDA ရဲဘော် (၆) ဦးကျဆုံးခဲ့ရကြောင်း သိရသည်။

    “တိုက်ပွဲတလျှောက်ကျေးရွာတွေအတွက် အပင်ပန်းခံကာကွယ်ပေးခဲ့ကြတဲ့ညီငယ်တွေ၊ ပြည်သူ့ဘဝလွတ်မြောက် ရေးအတွက် ရဲ့ဝံ့စွန့်စားပြီး အသက်နဲ့ဘဝကိုပေးရဲခဲ့ကြတဲ့ MRDA ကအားထားရတဲ့ညီငယ်ရဲဘော်တွေရဲ့အသက်မဲ့ ခန္ဓာကိုယ်တွေကို သင်္ဂြိုလ်ဖို့စီစဉ်နေချိန် တလောကလုံးမှာ ကိုယ်တယောက်ပဲကျန်နေတော့သလို တိတ်ဆိတ်ခြောက်ကပ်နေတဲ့ခံစားမှုကို ဆိုးဆိုးရွားရွားရင်ဆိုင်ခဲ့ရတယ်” ဟု ဗိုလ်နဂါးက ပြောကြားထားသည်။

    (more…)

  • မဲဆောက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု

    မဲဆောက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု

    RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၃ ခုနှစ်။

    မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်က အကြမ်းဖက်အာဏာသိမ်းသည့် စစ်အာဏာသိမ်းမှု (၂) နှစ်ပြည့် ( ဖေဖော်ဝါရီ ၁ ရက်) နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ မဲဆောက်မြို့တနေရာတွင် CDM နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက စစ်အာဏာရှင်ဆန့် ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

    [embedyt] https://www.youtube.com/watch?v=UNlDCDa9vqA[/embedyt]

    #RedNewsAgency

  • မင်းအောင်လှိုင်အကြံ ဒါအကုန်ပဲလား 

    မင်းအောင်လှိုင်အကြံ ဒါအကုန်ပဲလား 

    မလုပ်ရဲတာ ဘာမှမရှိတဲ့ ” မအလ တစ်သိုက်သည် Silent Strike အသံတိတ်ကိုမူ ကြောက်ဒူးတုန်၏။ လက်နက်ကြီးတကားကား ကိုင်ထားကြသူများ Silent Strike ကို အသေကြောက်၏။ Silent Strike မအောင်မြင်အောင် အကြံအမျိုးမျိုးထုတ်၏

    အကြမ်းဖက်မင်းအောင်လှိုင်အဖွဲ့၏ အာဏာလု စစ်ကောင်စီ သက်တမ်းဟာ ယနေ့ ပြည့်ပြီဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အကြမ်းဖက် အုပ်စုက လူထုရွေးချယ်တင်မြောက်ထားသော သမ္မတ ဦးဝင်းမြင့်၊နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော်ကိုယ်စား လှယ်များ အစိုးရအဖွဲ့ဝင်များ၊ NLD အစိုးရလက်ထက်ကတည်းက မအလ အုပ်စုတစ်သိုက် အမုန်းအာဃာတ အငြိုးထားသူအားလုံးကို မတရားဖမ်းဆီးခဲ့သည်။ထိုသို့ ဖမ်းဆီးခဲ့ရာတွင်လည်း

    ပြည်သူ ကျွေးသည့် ထမင်းစားပြီး ပြည်သူဘဏ္ဍာငွေကို လစာယူထားသည့် အလနောက်လိုက်များက လက်နက်လူအင်အားအများအပြားသုံးကာ အကြမ်း ဖက်ဖမ်းဆီးခဲ့သည်။ ထို့နောက် အကြမ်းအာဏာလု အဖွဲ့ ၂ နှစ်အထိ သက်တမ်းတိုးရှိသည့် စစ်ကောင်စီကို ဖွဲ့ကာ ပြည်သူကို အကြောက်တရားသွင်းကာလက်နက် ဖြင့်အုပ်ချုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုကာလအတွင်းလည်း တိုင်းပြည်၏ အခြေ အနေမှာ ယိုယွင်းပျက်စီးခဲ့သည်။ ပြည်သူလူထုကလည်း လုံးဝ အုံးချုပ်ခွင့်မရ ဆိုသည့်အတိုင်း ပုံစံမျိုးစုံ နည်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန်လျက်ရှိနေသည်။

    ယနေ့သည် စစ်ကောင်စီ သက်တမ်း နိဂုံးချုပ်သွားသည့်နေ့ ဖြစ်ပြီး လူထုကလည်း သွေးမအေးကြောင်း ထုတ် ဖော်ပြသတော့မည်။ စစ်ကောင်စီ တစ်ဖြစ်လဲ အာဏာလု မအလ တစ်သိုက် တိုင်းပြည် အာဏာ ဆက်လုရေး နည်းမျိုးစုံဖြင့် ကလိန်ကကျစ်လုပ်ပေအုံးတော့မည်။

    (more…)