ကချင်လွတ်မြောက်ရေးတပ်မတော်

ပြည်သူအပေါ် အနိုင်ကျင့်ဗိုလ်ကျခြင်းများ မပြုလုပ်ရန် ရဲဘော်များကို KIA သတိပေး

ပြည်သူအပေါ် အနိုင်ကျင့်ဗိုလ်ကျခြင်းများ မပြုလုပ်ရန် ရဲဘော်များကို KIA သတိပေး

RNA_နိုဝင်ဘာ(၁၂)၊၂၀၂၆ခုနှစ်။ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့အသီးသီးမှ ရဲဘော်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (KPDF) မှ ရဲဘော်များအနေဖြင့် ပြည်သူများအပေါ် အနိုင်ကျင့်ဗိုလ်ကျခြင်းနှင့် အဓမ္မခိုင်းစေခြင်းများ မပြုလုပ်ရန် KIA တပ်မဟာ (၉) က ထုတ်ပြန်ထားသည်။ မိုးညှင်းအခြေစိုက် KIA တပ်မဟာ (၉) မှ နိုဝင်ဘာ (၁၀) ရက်နေ့ ရက်စွဲပါ သတိပေးချက်ထုတ်ပြန်မှု၌ ပြည်သူလူထုနှင့် ပေါင်းသင်းဆက်ဆံရာ၌ မလိုလားအပ်သော ပဋိပက္ခများ မဖြစ်ပေါ်စေရေး၊ ပြည်သူလူထု ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် ကာကွယ်စောင့်ရှောက်ရန်နှင့် စည်းကမ်းဖောက်ဖျက် ကျူးလွန်မှုများ မရှိစေရန် သတိပေးတားမြစ်ကြောင်း ဖော်ပြထားသည်။ (more…)
Read More