13
Nov
RNA_နိုဝင်ဘာ(၁၃)၊၂၀၂၆ခုနှစ်။ အာဏာသိမ်း စစ်အုပ်စု လုံခြုံရေးတင်းကြပ်ထားသည့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ (UN) ရုံးရှေ့၌ စစ်အုပ်စု၏ လူမျိုးတုံးသတ်ဖြတ်မှုအကြောင်းအရာပါ စာတန်းကို ချိတ်ဆွဲပြီး လူထုလှုပ်ရှားမှုတစ်ရပ်ကို ရန်ကုန်တော်လှန်ညီနောင် (၄) ဖွဲ့ (Yangon 4 Brothers) က လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ဖုန်ကက်ကော် နေပြည်တော်သို့ လာရောက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံနေချိန် “မင်းအောင်လှိုင်နှင့် လက်ဆွဲနှုတ်ဆက်ခြင်းသည် လူမျိုးတုံးသတ်ဖြတ်မှုကို အားပေးခြင်းဖြစ်သည်” (SHAKING HANDS WITH MIN AUNG HLAING SHAKES HANDS WITH GENOCIDE) ဆိုသည့် စာတန်းကို ရန်ကုန်တော်လှန်ညီနောင် (၄) ဖွဲ့က ကုလသမဂ္ဂရုံးရှေ့၌ လှုပ်ရှားမှု…