Tag: Red News Agency

  • ခုခံစစ်အားကောင်းသည့် ပုလဲနယ်ကို စစ်ကောင်စီတပ် စစ်ကြောင်းပြန်ထိုး

    ခုခံစစ်အားကောင်းသည့် ပုလဲနယ်ကို စစ်ကောင်စီတပ် စစ်ကြောင်းပြန်ထိုး

    RNA_ဇန်နဝါရီ(၃၀)၊၂၀၂၃ ခုနှစ်။

    နွေဦးတော်လှန်ရေးတွင် ခုခံစစ်အားကောင်းသည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်တွင် ယခုရက်ပိုင်း စစ်ကောင်စီတပ် အင်အား (၁၀၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံများ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

    ” အခု ယင်းမာပင်နဲ့ ပုလဲအစပ်ကို စခတွေ စစ်ကြောင်းပြန်ဆင်းနေကြတယ်၊ အခု ရွာ (၈) ရွာလောက်က ပြည်သူတွေ ဒီနေ့ပဲ စစ်ဘေးရှောင်နေကြရတယ်” ဟု ဒေသခံတဦးက ပြောသည်။

    (more…)

  • တော်လှန်ရေးမှာ ပြတ်သားဖို့လိုအပ်သည်ဟု ဦးမင်းကိုနိုင်ပြော

    တော်လှန်ရေးမှာ ပြတ်သားဖို့လိုအပ်သည်ဟု ဦးမင်းကိုနိုင်ပြော

    RNA_ဇန်နဝါရီ(၃၀)၊၂၀၂၃ ခုနှစ်။
     
    “ ဒီတော်လှန်ရေးမှာ အရေးကြီးဆုံးက ပြတ်သားမှုပါ၊ ဘတ်ပေါင်းစုံက ပြတ်သားကြရတော့မှာပါ၊ ကျွန်တော်တို့ နှစ်ပေါင်းများစွာ ဆင်နွှဲခဲ့ကြတဲ့ ပြည်သူ့အရေးတော်ပုံတွေ ပြည်သူ့တော်လှန်ရေးတွေ ဒီနေ့အထိမပြီးနိုင်တာ ဆက်ပြီးတော့ တော်လှန်နေရတာတွေဟာ ပြတ်သားမှု အားနည်းခဲ့လို့ပါ” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်က GSCBမှ ပြုလုပ်သည့် ပြည်သူ့နွေဦးတော်လှန်ရေး (၂) နှစ်ပြည့် လူထုနိုင်ငံရေးဟောပြောပွဲတွင် ပြောကြားခဲ့သည်။
    [embedyt] https://www.youtube.com/watch?v=6AChOQrf47I[/embedyt]
     
    #RedNewsAgency

  • ရွေးကောက်ပွဲ လက်မခံကြောင်း လူထုကလမ်းပေါ်ထွက်သက်သေပြ

    ရွေးကောက်ပွဲ လက်မခံကြောင်း လူထုကလမ်းပေါ်ထွက်သက်သေပြ

    စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲ လက်မခံကြောင်း လူထုကလမ်းပေါ်ထွက်သက်သေပြ

    RNA_ဇန်နဝါရီ(၂၉)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကျေးရွာများမှ ကလေးလူကြီးအကုန် ရွာလုံကျွတ်နီးပါး လမ်းပေါ်ထွက်ကာ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲ လက်မခံကြောင်း လမ်းပေါ်ထွက်ကာ ယနေ့ နံနက်ပိုင်းက သက်သေပြခဲ့ကြသည်။

    စစ်ကောင်စီ အုပ်ချုပ်ရေးယန္တယား မသက်ရောက်တော့သည့် ရေစကြိုမြို့နယ်၊ ကျေးရွာများမှ ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေး၊ စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲ လက်မခံရေး စသည့် ကြွေးကြော်သံများဖြင့် ရွာစဉ်လှည့်လည်ကာ ဆန္ဒပြခဲ့ကြသည်။

    [embedyt] https://www.youtube.com/watch?v=eoTiKEr_pf0[/embedyt]

    အာဏာသိမ်းမှု (၂) နှစ်ပြည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့တွင်လည်း “တသံတည်းညီ တချီတည်းရုန်း” ခေါင်းစဉ်ဖြင့် အပြင်မထွက်၊ တိတ်ဆိတ်ငြိမ်သက်ခြင်း (Silent Strike) သပိတ်ပြုလုပ်ကြပြီး တိတ်ဆိတ်မှုဖြင့် စစ်အာဏာရှင်ကို လက်မခံကြောင်းနှင့် အတုအယောင်ရွေးကောက်ပွဲ လက်မခံကြရန်၊ တော်လှန်ရေး အရှိန်မြှင့်တင်ကြရန် လူထုက ကြွေးကြော်ကာ နှိုးဆော်ခဲ့သည်။

    #RedNewsAgency

  • ဒီပဲယင်းမြို့နယ်ညောင်လှကျေးရွာ တတိယအကြိမ်မီးရှို့ခံရမှု မြင်ကွင်း

    ဒီပဲယင်းမြို့နယ်ညောင်လှကျေးရွာ တတိယအကြိမ်မီးရှို့ခံရမှု မြင်ကွင်း

    RNA_ဇန်နဝါရီ(၂၆)၊၂၀၂၃ ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၄ ရက် (၂၅) ရက်နေ့တို့က တတိယအကြိမ်အဖြစ် တရွာလုံးနီးပါးကို မီးရှို့ဖျက်ဆိးခဲ့ကြောင်း မှတ်တမ်းနှင့်တကွ ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေးအဖွဲ့က တင်ပြထားသည်။
    [embedyt] https://www.youtube.com/watch?v=b6j5MY0T_CM[/embedyt]
    Red News Agency

  • မင်းအောင်လှိုင်ကို ဘာပြောချင်လဲ ?

    မင်းအောင်လှိုင်ကို ဘာပြောချင်လဲ ?

    မင်းအောင်လှိုင်ကို ဘာပြောချင်လဲ? ​NUG ကိုလာပြောချင်လဲ ?

    စစ်အာဏာရှင်ကို လုံးဝအုပ်ချုပ်ခွင့် မရစေရဆိုတဲ့ သန္ဓိဌာန်နဲ့ မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ တော်လှန်စိတ်၊ တော်လှန်မာန်တွေဟာ တော်လှန်ရေး (၂)နှစ်ပြည့်ချိန်ထိ ပြင်းထန်အားကောင်းနေဆဲ ဖြစ်ပါတယ်။ အာဏာရှင်တွေ ဘယ်လောက် သက်ဆိုးရှည်ရှည် လူထုကတော့ စက္ကန်နဲ့အမျှ ဆန့်ကျင်နေဖို့ တွေးတောကြံဆနေဆဲ၊ ဆန္ဒရှိနေဆဲဖြစ်ပါတယ်။

    [embedyt] https://www.youtube.com/watch?v=0hUI1Fanz2U[/embedyt]

    စစ်အာဏာရှင်များအနေဖြင့် အယုတ်မာဆုံး နည်းလမ်းများနဲ့ လူထုကို နှိပ်စက်ညှင်းပမ်းလေ လူထုဆီက ခါးသီးတဲ့ အမုန်းတွေနဲ့ တော်လှန်ပုန်ကန်လိုစိတ်ကိုရလေပါပဲ။ လူထုဟာ စစ်အာဏာရှင် လှမ်းလာမဲ့ တရားမဝင် အတုအယောင် နိုင်ငံရေးလမ်းကြောင်းမှန်သမျှ၊ ခြေလှမ်းမှန်သမျှကိုလည်း နည်းနည်လေးမှ ‘မသတီ’လျက်ရှိနေပါတယ်။ ပြည်သူလူထုအနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ဆန့်ကျင်နိုင်မဲ့ အခွင့်အရေးသာ ရမည်ဆိုပါက လူထုရဲ့ ဒေါသသံတွေအောက်မှာ စစ်ကောင်စီတစ်ခုလုံး လောင်ကျွမ်းပြာကျသွားပါလိမ့်မယ်။

    (more…)

  • ဖားကန့် မှော်စီစာရဲကင်း တိုက်ခိုက်ခံရ

    ဖားကန့် မှော်စီစာရဲကင်း တိုက်ခိုက်ခံရ

    RNA_ဖားကန့်၊ ဇန်နဝါရီ (၂၆)၊၂၀၂၃ ခုနှစ်။
     
    ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာရှိ စစ်ကောင်စီ၏ ရဲကင်းစခန်းအား KIA/PDF ပူးပေါင်းအဖွဲ့က ယမန်နေ့ည ၈ နာရီကျော်ခန့်တွင် လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ရဲကင်းစခန်းမီးလောင်သွားခဲ့သည်။
     
    ရဲကင်းစခန်းတိုက်ခိုက်ခံရချိန်တွင် မှော်စီစာဘုရားကုန်းတွင်တပ်စွဲထားသောစစ်ကောင်စီတပ်နှင့် လုံးခင်းလယ်ပြင်ရှိ စစ်ကောင်စီ၏ ယမ်းချက်စက်ရုံတို့မှ လက်နက်ကြီးပစ်ကူ အချက်(၃၀)ထက်မနည်း ပစ်ကူပေးခဲ့ကြရပြီး KIA/PDF မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

    (more…)

  • ကျဆုံးခဲ့ရသည့် တပ်ရင်းမှူးအပါအဝင် ရဲဘော် (၄) ဦး ရုပ်အလောင်းမရဘဲ ဂူသွင်းသင်္ဂြိုလ်ခဲ့ရ

    ကျဆုံးခဲ့ရသည့် တပ်ရင်းမှူးအပါအဝင် ရဲဘော် (၄) ဦး ရုပ်အလောင်းမရဘဲ ဂူသွင်းသင်္ဂြိုလ်ခဲ့ရ

    RNA_ဇန်နဝါရီ(၂၅)၊၂၀၂၃ ခုနှစ်။
     
    ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်၊ သန်းတောင်ကျေးရွာနှင့် ဘုရားနီကျေးရွာများအနီးဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က (၅) ဦးကျဆုံးခဲ့ရာတွင် အင်းလေးပြည်သူ့ကာကွယ်ရေးတပ်မှ တပ်ရင်းမှူးပါအဝင် (၄) ဦးမှာ ရုပ်အလောင်းပြန်မရဘဲ ဂူသွင်းသင်္ဂြိုလ်ခဲ့ရကြောင်း သိရသည်။
     
    ညီညွတ်သောရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစု နှင့်ညီ‌နောင်တပ်ရင်းများနှင့် စစ်ကောင်စီတပ်၊ အင်းပျူစောထီးနှင့် PNO(ပြည်သူ့စစ်)တို့ ဇန်နဝါရီလ (၃) ရက်နေ့က သန်းတောင်ကျေးရွာနှင့် ဘုရားနီကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၃၀) ကျော်သေဆုံးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် အမှတ် (၁၀၀၇)တပ်ရင်း(မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၂ )မှ ရဲဘော် ရဲဘော်မိုး၊ အင်းလေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -IPDF ၏ တပ်ရင်းမှူး ရဲဘော် သခွားသီး၊ သင်တန်းမှူး ရဲဘော် အယ်ကျော်၊ တပ်စိတ်မှူး ရဲဘော်မြတ်သူနှင့် ရဲဘော် ဖြိုးသန့်အောင် (ခ) ကတုံးတို့ ကျဆုံးခဲ့ရသည်။

    (more…)

  • အလယ်ရှိုကျေးရွာ မီးရှို့ဖျက်ဆီးခံရမှုအတွင်း အရပ်သား ပြည်သူ (၉) ဦးသေဆုံးခဲ့ရ

    အလယ်ရှိုကျေးရွာ မီးရှို့ဖျက်ဆီးခံရမှုအတွင်း အရပ်သား ပြည်သူ (၉) ဦးသေဆုံးခဲ့ရ

     RNA_ဇန်နဝါရီ(၂၄)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ အလယ်ရှိုကျေးရွာ စစ်ကောင်စီတပ်နှင့် ပျူစောထီးများပါအဝင်သည့် အင်အား ၁၀၀ ကျော်ဝန်းကျင်က ပစ်ခတ်ဝင်ရောက်စီးနင်းမှုအတွင်း အိမ်ခြေ ၁၀၀ ကျော််မီးရှို့ဖျက်ဆီးခံရပြီးအရပ်သား ပြည်သူ (၉) ဦးသေဆုံးခဲ့ရသည်ဟု NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

    ” ရွှေဘိုလေ့ကျင့်ရေး အမှတ် (၈) တပ်၊ ဇီးကုန်းသကြားစက်အတွင်း တပ်စွဲထားသည့် တပ်နှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ကျော်သည် အလယ်ရှိုကျေးရွာကို လက်နက်ကြီး လက်နက်ငယ်များဖြင့် အကြမ်းဖက်ဝင်ရောက်ပိတ်ဆို့ခဲ့ပြီး ထွက်မပြေးနိုင်သည့်ရွာသားများကို လူသားဒိုင်းအဖြစ်အသုံးပြုကာ ကျေးရွာအတွင်းရှိ ရွာသူ ရွာသားများအား အကြမ်းဖက်သတ်ဖြတ်ခဲ့သည်။ အဆိုပါ အကြမ်းဖက်မှုကြောင့် အရပ်သားပြည်သူ (၉)ဦး အသက်ဆုံးရှုံးခဲ့ပြီး အိမ်ခြေ (၁၀၀) နီးပါး မီးရှို့ဖျက်စီးခံခဲ့ရပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်က (၂၂) ဦးသေဆုံးဟု ထုတ်ပြန်ထား

    ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်က (၂၂) ဦးသေဆုံးဟု ထုတ်ပြန်ထား

    RNA_ဇန်နဝါရီ(၂၄) ၂၀၂၃ ခုနှစ်။
    ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာသို့ ပိတ်ဆို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ရေတာရှည် PDF တပ်ရင်း ( ၃၅၀၁) တပ်ခွဲ(၄) ပါအဝင် ရေနီလေ့ကျင့်ရေး(၅) တပ်နှင့် နေပြည်တော် တပ်ပေါင်းစု စစ်ကြောင်းမှတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၂၂) ဦး သေဆုံးပြီး ၁၅ ဦးအပြင်းအထန်ဒဏ်ရာရရှိသွားသည်ဟု Northern Thandaung Defence Force (Special Region) က ထုတ်ပြန်ထားသည်။
    ဇန်နဝါရီလ(၁၆-၁၇)ရက်နေ့က Northern Thandaung Defence Force(Special Region) ၏ လက်အောက်တွင် ခေတ္တခိုလှုံသည့်တပ်ရင်းဖြစ်သော တောင်ငူခရိုင်၊ရေတာရှည် PDF တပ်ရင်း ( ၃၅၀၁) တပ်ခွဲ(၄) ကို နယ်မြေကျူးကျော်လာ‌သော စစ်ကောင်စီတပ်ကို မဟာမိတ်များပူးပေါင်းကာ ဇန်နဝါရီလ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
    ” Northern Thandaung Defence Force (Special Region) နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ ၏ တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်များမှ စစ်ကောင်စီ တပ်သား (၂၂) ဦး သေဆုံး ခဲ့ပြီး (၁၅) ဦး အပြင်းအထန် ဒဏ်ရာဖြင့် ၄င်းတို့ တပ်စွဲထားသော ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာမှ ဆုတ်ခွာသွားပါသည်” ဟု Northern Thandaung Defence Force (Special Region ) ကထုတ်ပြန်ထားသည်။
    တိုက်ပွဲအတွင်း Northern Thandaung Defence Force (Special Region) ရဲဘော်တဦး ကျဆုံးခဲ့ရပြီး၊ ရဲဘော်တဦးမှာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊ PDF ပူးပေါင်းတပ်ဖွဲ့ များက စစ်ဆင်ရေးကို ကောင်းမွန်စွာ ဆင်နွှဲနိုင်ခဲ့ကြောင်း၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းသည် နယ်မြေကို Northern Thandaung Defence Force (Special Region) က ထိန်းချုပ်ထားသည့်အတွက် စစ်ကောင်စီတပ် နယ်မြေကျူးကျော်လာပါက အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

  • ခုခံတော်လှန်စစ် ဒီထက်အောင်မြင်အောင် ကြိုးပမ်းရမည်ဟု NUG ယာယီသမ္မတပြော

    ခုခံတော်လှန်စစ် ဒီထက်အောင်မြင်အောင် ကြိုးပမ်းရမည်ဟု NUG ယာယီသမ္မတပြော

    RNA_ဇန်နဝါရီ(၂၄)၊၂၀၂၃ ခုနှစ်။

    နွေဦးတော်လှန်ရေး ခုခံစစ်ကို ဒီထက်အောင်မြင်အောင် ကြိုးပမ်းကြရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ -NUG ယာယီသမ္မတ ဒူဝါလရှီးလ က ယနေ့ ပြုလုပ်သည့် NUG (၄) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ပြောကြားခဲ့သည်။

    ” ခုခံတော်လှန်စစ်ကို ဒီထက်အောင်မြင်အောင်လည်း ကြိုးပမ်းလုပ်ဆောင်ရမယ်၊ အဆုံးသတ် အဖြစ်နဲ့ အပြုတ်တိုက်ရမယ့် တိုက်ပွဲအတွက်လည်း အစစအရာရာ စနစ်တကျ ပြင်ဆင်ထားရမယ်၊ တော်လှန်ရေး သက်လုံတွေ မြှင့်ထားရမယ်၊ အဆုံးသတ် တိုက်ပွဲကို ဦးတည်နိုင်မှ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို မျှော်လင့်နိုင်မယ်” ဟု ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။

    (more…)