RNA_နိုဝင်ဘာ(၁၂)၊၂၀၂၆ခုနှစ်။
ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပသည့် ပါရီငြိမ်းချမ်းရေးဖိုရမ်-၂၀၂၆ ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ဆွေးနွေးခဲ့ကြောင်း ယနေ့ (နိုဝင်ဘာ ၁၂ ရက်) သတင်းထုတ်ပြန်ထားသည်။
ပါရီငြိမ်းချမ်းရေးဖိုရမ်-၂၀၂၆ ကို နိုဝင်ဘာ (၁၀) ရက်နှင့် (၁၁) ရက်နေ့တို့တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာ အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံတကာ အရပ်ဖက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲ၌ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာ့အရေးနှင့်ပတ်သက်၍ MYANMAR: THE WAR THE WORLD FORGOT ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ပြီး လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေများ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး စသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


Photo : MFA -NUG
(၉) ကြိမ်မြောက် ကျင်းပခဲ့သည့် ပါရီငြိမ်းချမ်းရေးဖိုရမ်တွင် ကမ္ဘာ့နိုင်ငံရေး တင်းမာမှုများကြားတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ကလေးသူငယ်များအရေးကို အထူးအလေးပေး ဆွေးနွေးခဲ့ကြောင်း သိရပြီး ရာသီဥတုပြောင်းလဲမှုကို အတူတကွဆောင်ရွက်ရန်၊ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတများကို ကာကွယ်ထိန်းသိမ်းရန်တို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က လည်းပါရီငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်လာသည့် ပုဂ္ဂိုလ်များအား ညစာစားပွဲဖြင့် ဧည့်ခံခဲ့ကြောင်း သိရပြီး ၎င်း၏နေအိမ်ဖြစ်သည့် Élysée နန်းတော်၌ ကျင်းပခဲ့ကြောင်း သိရသည်။
#REDNEWS #RNA #RedNewsAgency