KNU/KNLA

ဖာပွန်စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲများနှင့်ပတ်သက်ပြီး MOD ထုတ်ပြန် 

ဖာပွန်စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲများနှင့်ပတ်သက်ပြီး MOD ထုတ်ပြန် 

RNA_ဧပြီ(၂၆)၊၂၀၂၄ ခုနှစ်။  ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ဒေသအတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ၏ ခမရ (၄၃၄)၊ ရဲစခန်းနှင့် ကာကင်းစခန်း၊ ခလရ (၁၉) တပ်ရင်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်သည့်ကိစ္စနှင့်ပတ်သက်ပြီး ယနေ့ ထုတ်ပြန်ထားသည်။  စစ်ကောင်စီ၏ ခမရ (၄၃၄) တပ်ရင်းအား ဧပြီလ (၂၅) ရက်နေ့က တောင်ပိုင်းစစ်ဒေသ (JOC)၊ အမှတ် (၂) စစ်ဒေသခွဲ ကွပ်ကဲမှုဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ Force For Federal Democracy (FFD)၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဖာပွန်စစ်ဆင်ရေးကို ဖော်ဆောင်တိုက်ပွဲ ဝင်လျက်ရှိပြီး သိမ်းပိုက်နိုင်ခဲ့သည်။ (more…)
Read More
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် တည်ထောင်ခြင်း (၃) နှစ်ပြည့်အခမ်းအနား ပြုလုပ်

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် တည်ထောင်ခြင်း (၃) နှစ်ပြည့်အခမ်းအနား ပြုလုပ်

RNA_ဧပြီ(၁၇)၊၂၀၂၃ ခုနှစ်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တပ်တည်ထောင်ခြင်း (၃)နှစ်ပြည့်အခမ်းအနားကို အမှတ် (၁၀၇) စစ်ဒေသတွင် ယနေ့ (ဧပြီလ(၁၇)ရက်) နံနက်ပိုင်းက BPLA တပ်မှုးများ၊ ရဲဘော်များ၊ အပတ်စဥ်(၇) စုဆောင်းရေးရဲဘော်များ၊ မဟာမိတ်ခေါင်းဆောင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် တပ်တော်၏ကွပ်ကဲရေးမှုး ကိုဆောင်းခ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မဟာမိတ်ခေါင်းဆောင် များဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲနှင့် အာရက္ခတပ်တော်(Arakan Army) အမှတ် (၉၀၉) စစ်ဒေသမှ စခန်းမှုး ဗိုလ်ကြီးကျော်ဇံတို့က မိန့်ခွန်းပြောကြားခဲ့သည်ဟု ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။ (more…)
Read More
ခလရ−၁၀၃ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈)ဦး လက်နက်ချအညံ့ခံ

ခလရ−၁၀၃ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈)ဦး လက်နက်ချအညံ့ခံ

RNA_ဧပြီ(၁၆)၊၂၀၂၄ ခုနှစ်။ စစ်ကောင်စီ၏ ခလရ−၁၀၃ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈) ဦးသည် KNU ဘိတ်−ထားဝယ်ခရိုင် တပ်မဟာ (၄) ထံသို့ ဧပြီလ ၁၅ ရက်နေ့က လက်နက်ချ အညံ့ခံ ခဲ့ကြောင်း သိရသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ အမှတ် (၄) မှ ၂၀၂၄ ခုနှစ် ဧပြီလ (၁၅) ရက်နေ့တွင် မောထာဒေသနှင့် ထီးထာကြား၌ ခလရ−၁၀၃ တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် ၎င်းတို့တပ်စွဲထားရာ တပ်စခန်းအား စွန့်ခွာပြီး ထီးထာ့ဗျူဟာ သို့ ပြန်လည်ပူးပေါင်းရန် ပြန်လာသည့်လမ်းတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ (၆) ဦးခန့်သေဆုံးခဲ့ပြီးနောက်…
Read More
ခလရ−၂၇၅ တပ်စခန်းအား အပြီးသတ်သိမ်းပိုက်ပြီးနောက် အကြွင်းအကျန်များအား ဆက်လက်ရှင်းလင်းမည်

ခလရ−၂၇၅ တပ်စခန်းအား အပြီးသတ်သိမ်းပိုက်ပြီးနောက် အကြွင်းအကျန်များအား ဆက်လက်ရှင်းလင်းမည်

RNA_ဧပြီ(၁၁)၊၂၀၂၄ခုနှစ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ မြဝတီမြို့တွင် နောက်ဆုံးကျန်ရှိ သော အာဏာသိမ်းစစ်ကောင်စီတပ် ခလရ−၂၇၅ တပ်စခန်းအား အပြီးသတ်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီလက်အောက်ခံ အကြွင်းအကျန်များအား ဆက်လက်ရှင်းလင်းမည်ဟု KNU က ကြေညာထားသည်။ "မြဝတီမြို့ရှိ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်စခန်းအားလုံးအား တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ ကျန်ရှိနေသော စစ်ကောင်စီအကျွင်းအကျန်များအား ရှင်းလင်းမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူလူထုများအနေဖြင့် ထိတ်လန့်ကြောက်ရွံ့ခြင်းများမရှိဘဲ ပူးပေါင်းလုပ်ဆောင်မှုများ ပြုလုပ်ပေးရန်အသိပေးအပ်သည်" ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ (more…)
Read More
ညောင်ပင်သာရဲစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံ

ညောင်ပင်သာရဲစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံ

RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၃ခုနှစ်။   ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်−မန္တလေးလမ်းပေါ်ရှိ ညောင်ပင်သာရဲစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံကို ယနေ့ Royal Peacock Column - တော်၀င်ဒေါင်းစစ်ကြောင်းက ပြည်သူများကို အသိပေးထားသည်။   ယင်းစခန်းသိမ်းတိုက်ပွဲကို KNLA၊ တော်ဝင်ဒေါင်း စစ်ကြောင်း၊ BPLA နှင့် ရိုးမ စစ်ကြောင်း (၁) အာဠာဝက စစ်ကြောင်းစသည့် ပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြခြင်းဖြစ်သည်။ ရဲစခန်းအတွင်းမှ RPG ထိပ်ဖူး၂၁ လုံး၊ RPG ပို့ယမ်း ၁၇ ခု၊ ၉ မမကျည် ၈၀ တောင့်၊ ၆၀ မမဗုံးသီး ၂၇ ခု၊ G2…
Read More
ညောင်ပင်သာရဲစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ၃၀ ခန့်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ညောင်ပင်သာရဲစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ၃၀ ခန့်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၃ခုနှစ်။ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းကို ရိုးမ စစ်ကြောင်း (၁) အာဠာဝက စစ်ကြောင်း၊ တော်ဝင်ဒေါင်း စစ်ကြောင်း၊ BPLA နှင့် KNLA ပူးပေါင်းစစ်‌ကြောင်း ယနေ့ နံနက် ၄ နာရီ ၁၅ မိနစ်တွင် စတင်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ၃၀ ခန့်သေဆုံးပြီီး နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း သိရသည်။ ဖြူးမြို့နယ်၊ ရန်ကုန်−မန္တလေးလမ်းပေါ်ရှိ ညောင်ပင်သာရဲစခန်းအား ယနေ့ နံနက် ၄ နာရီ ၁၅ အချိန်တွင် စတင်တိုက်ခိုက်ခဲ့ရာ ၅ နာရီတွင် စခန်််််းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စခန်းတွင်းရှိ စစ်ကောင်စီအင်အား ၆၀ ခန့်မှ ၃၀ ခန့်သေဆုံးကြောင်း Royal Peacock…
Read More
တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများရရှိပြီး ဒုတပ်ရင်းမှူးအပါအဝင် စစ်သုံ့ပန်းများကို ထိန်းသိမ်းထား

တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများရရှိပြီး ဒုတပ်ရင်းမှူးအပါအဝင် စစ်သုံ့ပန်းများကို ထိန်းသိမ်းထား

RNA_ဒီဇင်ဘာ(၆)၊၂၀၂၃ခုနှစ်။ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့ရှိစစ်ကောက်စီလက်အောက်ခံများကို K.N.L.A လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့များနှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက် သိမ်းပိုက်စဉ် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပြီး ဒုတပ်ရင်းမှူး အပါအဝင် သုံ့ပန်းများကို ကောင်းမွန်စွာ စောင့်ရှောက်ထားသည်ဟု KNU က ယနေ့ ထုတ်ပြန်ထားသည်။ မုန်းမြို့ရှိ ခမရ−၅၉၀ အတွင်း ဝင်ရောက်တပ်စွဲထားသော ခလရ−၈၄ မှ ဒုရင်းမှူး ဗိုလ်မှူး ကျော်လတ်ခိုင်၊ တပ်ခွဲမှူး ဗိုလ်ကြီး အာကာစိုး၊ အင်ဂျင်နီယာ တပ်စုမှူး ဗိုလ်ကြီး နိုင်နိုင်ထွန်း၊ ဒုအရာခံဗိုလ် လှသိန်း၊ ဒုအရာခံဗိုလ် သန်းအောင် အပါအဝင် (၁၉) ဦးနှင့် တပ်မိသားစုဝင် (၄၂) ဦးကို စစ်သုံ့ပန်း ဥပဒေများနှင့် အညီ…
Read More
စစ်ကောင်စီ အစည်းအဝေး မင်းအောင်လှိုင် ဘာတွေပြောပြီး ဘာတွေထူးသွားလဲ

စစ်ကောင်စီ အစည်းအဝေး မင်းအောင်လှိုင် ဘာတွေပြောပြီး ဘာတွေထူးသွားလဲ

"စစ်ရှုံးတယ်ဆိုတာ၊ လက်အောက်ငယ်သား အရာရှိတွေအများအပြား လက်နက်ချအလင်းဝင်သွားတဲ့ ကိစ္စတွေကို ထည့်မပြော။ စခန်းစွန့်ပြီး ထွက်ပြေးနေကြတဲ့အကြောင်း လုံးဝမဟရဲ" ငြိမ်းမောင် တိုက်ပွဲတွေနိုင်ငံအဝှမ်း အရှိန်မြင့်သထက် မြင့်တက်နေပြီး နိုင်ငံအဝှမ်း စစ်မျက်နှာဖွင့်နေရတဲ့ အာဏာလုစစ်ကောင်စီက  နိုဝင်ဘာ ၂၉ ရက်နေ့မှာ အစည်းအဝေးလုပ်ခဲ့ပါတယ်။ ဒီပွဲကို စစ်အုပ်စု ခေါင်းဆောင်တွေ တက်ကြပါတယ်။ မင်းအောင်လှိုင်က ထုံစံအတိုင်း ဒီမိုကရေစီအရေး၊ လက်နက်ကိုင်အဖွဲ့များအရေး၊ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တိုက်ခိုက်ခံနေရတဲ့ အခြေအနေတွေကို ချပြဆွေးနွေးသွားခဲ့တယ်။ ကာလုံအစည်းအဝေး ဘာအစည်းအဝေးဆိုပြီး ခေါင်းစဉ်တပ်နေပေမယ့် နေရာထိုင်ခုံအခင်းအကျင်း လူပါဝင်မှု အနေအထားနည်းနည်းပဲ ကွာတာကလွဲရင် ပြောနေတဲ့စကားတွေနဲ့ အကြောင်းအရာတွေက ထူးထူးထွေထွေ သိပ်မတွေ့ရပါဘူး။ မင်းအောင်လှိုင် စီမံခန့်ခွဲမှု ညွှန်ကြားနိုင်မှု စွမ်းစွမ်း တမံလုပ်ပြနိုင်မှု ဘာတစ်ခုမှမရှိခဲ့သလို အဲဒီအစည်းအဝေးမှာ…
Read More
စစ်ရေးအရ ပိုပြင်းထန်သည့်လှိုင်းများ သယ်ဆောင်လာမည်ဟု ပြည်သူများကို KNU အသိပေး

စစ်ရေးအရ ပိုပြင်းထန်သည့်လှိုင်းများ သယ်ဆောင်လာမည်ဟု ပြည်သူများကို KNU အသိပေး

RNA_နိုဝင်ဘာ(၁၇)၊၂၀၂၃ ခုနှစ်။ KNLA သည် စစ်ရေးအရ အတွေ့အကြုံ အစဉ်အလာများရှိခဲ့ကြောင်း၊ စစ်ရေးအရ ယခုထက်ပို ပြင်းထန်သည့် ရိုက်ခတ်မှုမျိုး၊ ယခုထက်ပိုမိုပြင်းထည်သည့် ပြည်သူ လူထုနှင့်အတူ လှိုင်းဂယက်မျိုးကို သယ်ဆောင်လာတော့မည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားထားသည်။ ယနေ့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး၏ ပြည်သူသို့ပြောကြားချက်များထဲမှ စစ်ရေးနှင့် ပတ်သက်သည့် ပြောကြားချက်ကို ကောက်နုတ် တင်ပြလိုက်ပါသည်။ #RedNewsAgency
Read More
ခမရ (၃၅၁) တပ်ရင်း အခြေစိုက် ကျားချောင်းရွာအနီး စခန်းကို KNLA၊ BPLA နှင့် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်

ခမရ (၃၅၁) တပ်ရင်း အခြေစိုက် ကျားချောင်းရွာအနီး စခန်းကို KNLA၊ BPLA နှင့် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်

RNA_နိုဝင်ဘာ(၁၇)၊၂၀၂၃ ခုနှစ်။ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကျားချောင်းရွာအနီးရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ ခမရ(၃၅၁) တပ်ရင်း အခြေစိုက်ရာ တောင်ခြေရင်းစခန်းတစ်ခုကို နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)တို့ပါဝင်သော မဟာမိတ်တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်ခန်း တိုက်ခိုက်ရာ မိနစ် (၂၀) အကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံများ စခန်းစွန့်ခွါ ထွက်ပြေးကြကြောင်း၊ စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ပြီး နယ်မြေရှင်းလင်းစဉ် ၆၀မမ ၁လက်၊ ၆၀မမ ဗုံးသီး ၅၂လုံး၊ Jumper ၁ခု၊ စကားပြောစက်အကြီး ၁လုံး၊ အီနာဂါ ၁၃လုံး၊ လက်ပစ်ဗုံး ၂၀လုံး၊…
Read More