ညောင်ပင်သာရဲစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံ

RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၃ခုနှစ်။
 
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်−မန္တလေးလမ်းပေါ်ရှိ ညောင်ပင်သာရဲစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံကို ယနေ့ Royal Peacock Column – တော်၀င်ဒေါင်းစစ်ကြောင်းက ပြည်သူများကို အသိပေးထားသည်။
 
ယင်းစခန်းသိမ်းတိုက်ပွဲကို KNLA၊ တော်ဝင်ဒေါင်း စစ်ကြောင်း၊ BPLA နှင့် ရိုးမ စစ်ကြောင်း (၁) အာဠာဝက စစ်ကြောင်းစသည့် ပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြခြင်းဖြစ်သည်။
ရဲစခန်းအတွင်းမှ RPG ထိပ်ဖူး၂၁ လုံး၊ RPG ပို့ယမ်း ၁၇ ခု၊ ၉ မမကျည် ၈၀ တောင့်၊ ၆၀ မမဗုံးသီး ၂၇ ခု၊ G2 ၁လက်၊ G3 2 လက်၊ ပြောင်းချော ၄လက်၊ BA 94 ၂ ခု၊ MA-13 ၁လက်၊ Tear Gas Gun ၂ခု၊ လက်ပစ်ဗုံး ၆ လုံး၊ G3 ကျည် ၂၃၁ တောင့်၊ 5.56 ကျည် ၁၄၃ တောင့်၊ လက်ထပ် ၄ ခု၊ လက်တော့ ၁လုံး၊ မျက်ရည်ယိုဗုံး ၄၆ လုံး၊ အသံဗုံး ၁လုံး ၊ ကျည်ကာ ၂ခု၊ ဦးထုပ် ၅လုံး၊ G3 ကျည်ဘောက် ၆ခုနှင့် ၉လုံးကျည် ၂၀၁ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြေင်း၊ စစ်ကောင်စီတပ်ဘက်မှ အသေအဆုံးရှိကြောင်း သိရသည်။
 
#RedNewsAgency
By Editor