Tag: KIA

  • ပစ်ခတ်ပြန်ပေးဆွဲဂိုဏ်းကို တပ်မ (၃၃)မှ ဗိုလ်မှူးမင်းထက်အောင် စီစဉ်လုပ်ဆောင်နေ 

    ပစ်ခတ်ပြန်ပေးဆွဲဂိုဏ်းကို တပ်မ (၃၃)မှ ဗိုလ်မှူးမင်းထက်အောင် စီစဉ်လုပ်ဆောင်နေ 

    RNA_ဩဂုတ်(၂၅)၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ ချိန်းခြောက်ငွေညှစ်နေသည့် ကိစ္စများကို လုပ်ဆောင်နေသည့် ပစ်ခတ်ပြန်ပေးဆွဲဂိုဏ်းကို ဦးဆောင်စီစဉ်ညွှန်ကြားနေသူမှာ စစ်ကောင်စီတပ် တပ်မ (၃၃)မှ ဗိုလ်မှူး မင်းထက်အောင် ဖြစ်ကြောင်း ဖမ်းဆီးခံရသူ ဗိုလ်စောမောင်ဆိုသူက ဝန်ခံထားသည်။

    ပျူစောထီးအဖွဲ့ ဗိုလ်စောမောင်

    ဖားကန့်၌ ၂၀၂၃ ခုနှစ်အတွင်း ဈေးဆိုင်များအား တောင်းသည့်ငွေမပေးပါက သတ်ပစ်မည်ဟု ချိန်းခြောက်ငွေညစ်တောင်းခံသည့် ပျူအဖွဲ့မှ ဗိုလ်စောမောင်ဆိုသူအား KPDFက ဖမ်းဆီးနိုင်ခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ တပ်မ (၃၃) ဗိုလ်မှူး မင်းထက်အောင် ကိုယ်တိုင်စီစဉ်ညွှန်ကြားကြောင်း သိရသည်။

    “ဒီဗျူဟာကုန်းကပဲ ဗိုလ်မှူး မင်းထက်အောင်ကို အစုပေးရတယ်၊ နောက် ဗိုလ်ကြီးဗညားဆိုတာက ကျနော်တို့နဲ့ အလုပ်တွဲလုပ်ရတာ၊ ဗိုလ်ဗညားဆိုတာက အထူး ကွန်မန်ဒိုထဲက” ဟု ခြိမ်းခြောက်တောင်းယူထားသည့် ငွေသိန်း(၃၀)နှင့် GPS စနစ်ထည့်သွင်းထားသည့် သေနတ်အတုတစ်လက်နှင့်အတူ ဖမ်းဆီးခံလိုက်ရသည့် ဗိုလ်စောမောင်က ဖော်ထုတ်ပြောထားသည်။

    (more…)

  • နန့်ယားကျေးရွာတွင် ပိတ်မိနေသည့် စစ်ကောင်စီတပ် ဒေသခံများကိုဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်ပြီး စစ်ရေးလှုပ်ရှားနေ

    နန့်ယားကျေးရွာတွင် ပိတ်မိနေသည့် စစ်ကောင်စီတပ် ဒေသခံများကိုဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်ပြီး စစ်ရေးလှုပ်ရှားနေ

    RNA_ဖားကန့်၊ဩဂုတ်လ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားကန့်မြို့နှင့်မိုးကောင်းမြို့သွားရာလမ်း ခရီးတစ်ထောက်နားကြသည့် နန့်ယားကျေးရွာတွင် ပိတ်မိနေသည့် စစ်ကောင်စီတပ် ဒေသခံအချို့နှင့် ခရီးသွားပြည်သူအချို့ကို ယမန်နေ့ည ၈ နာရီခန့်က ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုကာ စစ်ရေးလှုပ်ရှားမှုပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

    ဖားကန့်မြို့သို့ အဓိက ကုန်စည်စီးဆင်းရာ လမ်းကြောဖြစ်သည့် နန့်ယားလမ်းကြောပေါ်တွင် စစ်ကောင်စီနှင့် KIA/KPDF တို့ သုံးရက်ကြာ တိုက်ပွဲဖြစ်ပွားနေပြီး နန့်ယားကျေးရွာတွင် စစ်ကောင်စီ စစ်ကြောင်းပိတ်မိနေခြင်းဖြစ်သည်။

    ပိတ်မိနေသည့် စစ်ကောင်စီစစ်ကြောင်းက ခရီးသွားပြည်သူများနှင့် ဒေသခံများအား ညအချိန်ဖမ်းဆီးခဲ့ခြင်းဖြစ်သည့်အတွက် ဖမ်းဆီးခံရသူ အရေအတွက်အတိအကျ မသိရသေးသော်လည်း စစ်ကောင်စီလော်ဘီ တယ်လီဂရန်ချန်နယ်တချို့တွင် ၁၀၀ ဝန်းကျင်ထိ ဖမ်းမိဟု ပြောဆိုနေကြသည်။

    (more…)

  • ဖားကန့်မြို့ဝင် စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး ၇ ဦးထက်မနည်း သေဆုံး

    ဖားကန့်မြို့ဝင် စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး ၇ ဦးထက်မနည်း သေဆုံး

    RNA_ဇူလိုင်(၂၂)၊၂၀၂၃ ခုနှစ်။
    ကချင်ပြည်နယ်၊ ဖားကန့်မြို့အဝင် ပန်းတင်တံတားထိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီဂိတ်စခန်းကို KIAနှင့် PDF များက ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်မှ နံနက် ၃ နာရီဝန်းကျင်အထိ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၇ ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။
    ပန်းတင်တံတားထိပ်ရှိ စစ်ကောင်စီတပ်ဂိတ်စခန်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ရဲနှင့်တပ်သား ၇ ဦးထက်မနည်း သေဆုံးပြီး ၂ ဦးအရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ အဆိုပါ ဂိတ်စခန်းတွင် စစ်ကောင်စီလက်အောက်ခံ ၂၀ ခန့်ရှိကြောင်း တိုက်ပွဲဝင် သတင်းရစ်မြစ်ထံမှ သိရသည်။
    ပစ်ခတ်မှုဖြစ်ပွားစဉ်အတွင်း ဖားကန့်မြို့ ဗျူဟာကုန်းတွင် တပ်စွဲထားသည့် ရှေ့တန်းတပ်မ ၃၃ မှ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း၊ ဂိတ်စခန်းသိမ်းတိုက်ပွဲအတွင်း KPDF အပတ်စဉ် ၅ သင်တန်းဆင်း ရဲဘော်ကရင်ကြီး လက်နက်ကြီးထိမှန်ကာ မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရသည်။
    Photo : KPDF Hpakant
    #RedNewsAgency

  • KIA နှင့် တိုက်ပွဲအတွင်း စစ်တပ်က ဗျူဟာမှူးများပါ ပြေးကြရ 

    KIA နှင့် တိုက်ပွဲအတွင်း စစ်တပ်က ဗျူဟာမှူးများပါ ပြေးကြရ 

    RNA_ဇူလိုင်(၂၀)၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာချိန် စစ်ကောင်စီတပ်ထောက်ခံသူများက KIA ကို အပြတ်တိုက်မည်ဟု ပြောကြသူများသည် KIA နှင့်တိုက်ပွဲတွင် မပါအဝင်သူများသာဖြစ်ပြီး တကယ့်တိုက်ပွဲများတွင် စစ်တပ်က ဗျူဟာမှူးများပါ ထွက်ပြေးရသည့် အခြေအနေများရှိကြောင်း CDM ဗိုလ်ကြီး ကိုထက်မြတ်က ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=TDl1Kf2bRV0[/embedyt]

    ကချင်ပြည်နယ်မှာ တိုက်ပွဲဝင်ခဲ့ချိန် ဗျူဟာမှူးပါထွက်ပြေးကြရသလို ဗန်းမော်ဆေးရုံမှာ ဒဏ်ရာရစစ်သားများနှင့်ပြည့်သွားခဲ့ကြောင်း၊ ယခုလက်ရှိ စစ်ကောင်စီတပ်မှ ဖမ်းဆီးစစ်ဆေးနေသည်ဟု သတင်းထွက်နေသည့် ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်တို့ ကြောက်လန့်ခဲ့ပုံများ စသည်တို့ကို ပြောကြားထားခြင်း ဖြစ်သည်။

    #RedNewsAgency

  • PDF စခန်းများနှင့် စစ်ကြောင်းများ ဘာ့ကြောင့် တိတိကျကျ တိုက်ခိုက်ခံနေရလဲ

    PDF စခန်းများနှင့် စစ်ကြောင်းများ ဘာ့ကြောင့် တိတိကျကျ တိုက်ခိုက်ခံနေရလဲ

    စစ်ကောင်စီတပ် အသုံးပြုနေသည့် DF ခေါ် Directional  Finder စက်အမျိုးအစားသည် တိုင်းရင်းသားလက်နက်ကိုင်များ အချင်းချင်းပြောဆို ဆက်သွယ်သောလှိုင်းနုန်းများကို Scanဖတ်ပြီး ရရှိလာသောလှိုင်းနှုန်း၏ အရပ်ဒေသကိုသိရှိရန်အတွက် Google Map ပေါ်တွင်တင်၍စက်လှိုင်းနှုန်းထုတ်လွင့်မှုတည်နေရာကိုရှာဖွေနိုင်

    အောင်ဇေ

    မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်သည် လွန်ခဲ့သော ၁၀စုနှစ်တခုအတွင်း Cyber Warefare ခေတ်မှိနည်းပညာဆက်သွယ်ရေးနှင့်ကြားဖြတ်ဖမ်းခြင်းများ Jummer များကို အစ္စရေး၊ ဩစတြေးလျနှင့်တရုတ်နိုင်ငံများ မှ ဝယ်ယူပြီး စတင်အသုံးပြုလာခဲ့ပါသည်။ ထိုနိုင်ငံများမှဝယ်ယူထားသောစက်ပစွည်းများတွင် ဆက်စွယ်ရေးစက်များကို ကြားဖြတ်ဖန်းယူနိုင်သောစက်များ ၊ဆက်သွယ်ရေးစက်များ၏ locationများကို ရှာဖွေသောစက်များနှင့် Bomb Jummer များ၊ Frequency jummerများနှင့် နည်းပညာမြင့်မားသော တယ်လီဖုန်းလိုင်းများ ကြားဖြတ်ဖမ်းယူရေးစက်များကို အသုံးပြုလာခဲ့ပါသည်။

    တိုင်းရင်းသားလက်နက်ကိုင်းများ၏ ဆက်သွယ်ရေးစက်မှပြောဆို နေသောစစ်ရေးလှုပ်ရှားမှုသတင်းများကို ICR6500 ကြားဖြတ်ဖမ်းယူရေးစက်၊ HF intercept ကြားဖြတ်ဖမ်းယူရေးစက်၊ Directional Finder ကြားဖြတ်ဖမ်းယူရေးနှင့်ရပ်ညွန်ရှာဖွေရေးစက်များကိုအသုံးပြုပြီတိုင်းရင်သားလက်နက်ကိုင်များ၏စစ်ရေးလှုပ်ရှားမှုများကိုအချိန်ပြည့်စောင့်ကြည့်လျက်ရှိပါသည်။

    တိုင်းစစ်ဌာနချုပ်နယ်မြေအလိုက်အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်းများဖွင့်လှစ်ပြီ၎င်းတပ်အောက်တွင်ကြားဖြတ်ဖမ်းယူရေးတပ်ခွဲတစ်ခွဲဖွဲ့စည်း၍အရာရှိတစ်ဦးဦးစီးကာတိုင်းရင်းသာဘာသာစကားနားလည်တက်ကျွမ်းသောစစ်သည်များနှင့်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိတိုင်ရင်းသားလက်နက်ကိုင်များ၏သတင်းများနှင့်စစ်ရေးလှုပ်ရှားမူ့များကိုမျက်ခြေမပြတ်စောင့်ကြည့်လျက်ရှိပါသည်။

    (more…)

  • တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထွက်ပြေးသည့်အတွက် ကျည်အနည်းငယ်သာ သိမ်းဆည်းရမိ

    တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထွက်ပြေးသည့်အတွက် ကျည်အနည်းငယ်သာ သိမ်းဆည်းရမိ

    RNA_ဧပြီ(၉)၊၂၀၂၃ ခုနှစ်။

    မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ မိုးကုတ်- မိုင်းလုံ ဆက်သွယ်ရေးလမ်းမပေါ်ရှိ (၁၈) မိုင် ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KIA နှင့်ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထွက်ပြေးသည့်အတွက် လက်နက်ကြီးကျည်အနည်းငယ်သာ သိမ်းဆည်းရမိကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=ROJAPMkG5M8[/embedyt]

    မိုးကုတ်- မိုင်းလုံ ဆက်သွယ်ရေးလမ်းမပေါ်ရှိ (၁၈) မိုင်ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ် တမ်မ (၈၈) လက်အောက်ခံများကို KIA၊ K- PDF (Kachin – Region )၊ PDF (NUG )၊ ကျောင်းသားတပ်မတော်( A.B.S.D.F -ရှမ်းမြောက်ဒေသ)အပါအဝင် မဟာမိတ်တပ်ပေါင်းစုတို့မှ ပူးပေါင်းစစ်ဆင်ရေးအဖြစ် ဧပြီလ (၇) ရက်နေ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ရုပ်သံနှင့်တကွ မိုးမိတ်ခရိုင် KPDF တပ်ရင်းမှ ယနေ့ ထုတ်ပြန်ထားသည်။

    #RedNewsAgency

  • စစ်ကောင်စီတပ် ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၇) ဦးသေ 

    စစ်ကောင်စီတပ် ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၇) ဦးသေ 

    RNA_ဧပြီ(၈)၊၂၀၂၃ ခုနှစ်။

    မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ မိုးကုတ်- ပြင်ဦးလွင် – ကျောက်မဲ ဆက်သွယ်ရေး လမ်းမပေါ်ရှိ စစ်ကောင်စီတပ်နှင့် ရဲများအထိုင်ချသည့် လယ်ကြီးဂိတ်စခန်းကို KIA နှင့် ပူးပေါင်းများဟာမိတ်များ သွားရောက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်နှင့်ရဲ (၇) ဦးသေဆုံးပြီး (၇) ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=StkAIa1qpr8[/embedyt]

    KIA၊ K- PDF ( Kachin Region )၊ PDF( NUG )၊ ကျောင်းသားတပ်မတော်( A.B.S.D.F )၊ ရှမ်းမြောက်ဒေသ မဟာမိတ်တပ်ပေါင်းစုတို့မှ ပူးပေါင်းစစ်ဆင်ရေးအဖြစ် ဧပြီလ (၇) ရက်နေ့ နံနက် (၇) နာရီ (၄၀) မိနစ်ဝန်းကျင်က လယ်ကြီး စစ်ကောင်စီတပ်နှင့် ရဲများအထိုင်ချသည့် စခန်းကို သွားရောက်တိုက်ခိုက်ကြခြင်းဖြစ်ကြောင်း မိုးမိတ်ခရိုင် KPDF က ရုပ်သံနှင့်တကွ ယနေ့ ထုတ်ပြန်ထားသည်။

    #RedNewsAgency

  • ဆယ်ဇင်း‌ကျေးရွာအနီးတိုက်ပွဲတွင် PDF ရဲဘော် ၁ ဦးနှင့် KIAရဲဘော် ၂ ဦးကျဆုံး

    ဆယ်ဇင်း‌ကျေးရွာအနီးတိုက်ပွဲတွင် PDF ရဲဘော် ၁ ဦးနှင့် KIAရဲဘော် ၂ ဦးကျဆုံး

    RNA_ဖားကန့်၊ဧပြီ(၇)၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မြေမြင့်ရွာအနီး အကြမ်းဖက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း PDF ရဲဘော် ၁ ဦးနှင့် KIA ရဲဘော် ၂ ဦးကျဆုံးခဲ့ရကြောင်း သိရသည်။

    ဆယ်ဇင်းကျေးရွာနှင့် မြေမြင့်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံများကို KIA နှင့် PDF တို့ ပူးပေါင်းပြီး ဧပြီလ (၆) ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ကျဆုံးခဲ့ရသည့် PDF ရဲဘော် (ကိုရဲ) သည် ဖားကန့်၌ နွေဦးတော်လှန်ရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို စတင်ရာတွင် အစောဆုံးအုပ်စုထဲတွင် တက်ကြွစွာပါဝင်ခဲ့သူတစ်ဦးဖြစ်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်မျာထံမှ သိရသည်။

    (more…)

  • ဖားကန့်မှ စစ်ဘေးရှောင်ရွှေ့ပြောင်းနေထိုင်သူများ ဖယ်ရှားရန် ဖိအားပေးခံနေသည့်အတွက် အခက်အခဲဖြစ်နေ

    ဖားကန့်မှ စစ်ဘေးရှောင်ရွှေ့ပြောင်းနေထိုင်သူများ ဖယ်ရှားရန် ဖိအားပေးခံနေသည့်အတွက် အခက်အခဲဖြစ်နေ

    RNA_ဖားကန့် ၊ ဧပြီ (၅)၊ ၂၀၂၃ ခုနှစ်။
    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ ရှရော်ခကျေးရွာရှိ မြန်မာနိုင်ငံအလယ်ပိုင်းမှ စစ်ဘေးရှောင်လာသော ပြည်သူများစုဖွဲ့နေထိုင်နေသည့် ရွှေ့ပြောင်းနေအိမ်များကို ရပ်မိ/ရပ်ဖ ဆိုသူများက ကျောက်တူးဖော်ရေးကုမ္ပဏီလုပ်ငန်းများဆောင်ရွက်နိုင်ရန် အကြိမ်ကြိမ် ဖယ်ရှားပေးရန် ဖိအားပေးခံနေရသည့်အတွက် ရွှေ့ပြောင်းနေထိုင်သည့်ပြည်သူများ နေစရာအခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။
     
    “ကျွန်တော်တို့က မြေနေရာလေးတစ်ခုရဖို့ပါပဲ၊ အဓိက နေစရာရဖို့ပါပဲ၊ ဒီနေရာကရွှေ့ရရင် ဘယ်မှာနေရမလဲမသိဘူး၊ အတင်းရွှေ့ခိုင်းတဲ့နေရာက မိုးရွာတာနဲ့ပါမှာ၊ မျောချောင်းဘေးမှာ၊ ကျနော်တို့မြေနေရာရချင်တယ်လို့ ပထမတောင်းဆိုလို့ပေးတဲ့နေရာက ကချင်ရိုးရာက ပိုင်တာလို့ကြားရတယ်၊ ပြန်ရွှေ့ဆိုရင် ရွှေ့ရမှာ၊ သတ်သတ်မှတ်မှတ်မရှိဘူး”ဟု စစ်ဘေးရှောင် ရွှေ့ပြောင်းပြည်သူတစ်ဦးက ပြောသည်။

    (more…)

  • လက်နက်ကြီးကျည်ထိမှန်ထားသော ဖားကန့်မှ (၂)နှစ်ကျော်ကလေးငယ် ဆေးကုသမှုခံယူရန် အခက်အခဲဖြစ်နေ

    လက်နက်ကြီးကျည်ထိမှန်ထားသော ဖားကန့်မှ (၂)နှစ်ကျော်ကလေးငယ် ဆေးကုသမှုခံယူရန် အခက်အခဲဖြစ်နေ

    RNA_ဖားကန့်၊ မတ် (၁၉)၊၂၀၂၃ ခုနှစ်။

    ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာ၌ မတ်လ ၁၈ ရက်နေ့ ညနေ ၆ နာရီ‌ကျော်က စစ်ကောင်စီ၏ လက်နက်ကြီးကျည် ထိမှန်ခဲ့သော (၂) နှစ်ကျော်အရွယ် ကလေးငယ် ယောက်ကျားလေးမှာ ဆေးကုသမှုခံယူရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။

    ကလေးငယ်၏ မိခင်မှာ ဦးခေါင်းကျည်ထိထားကာ သတိလစ်မေ့မျောနေပြီး ကလေးငယ်၏ ဘယ်ဘက်လက်တစ်ဖက်မှာ ဖြတ်တောက်ကုသရမည့်အခြေအနေတွင်ရှိပြီး ကာယကံရှင်လက်မှတ်ထိုးမည့်သူမရှိ အခြားဆွေမျိုးသားချင်းများနှင့်ချိတ်ဆက်မရပဲ ဖြစ်နေကြောင်း သိရသည်။

    (more…)