စပျစ်ခူးရွာ

စပျစ်ခူးရွာ တစ်ရွာလုံးရွှေ့ပြီး ကျောက်စိမ်းတူးရန်ပြင်နေ

စပျစ်ခူးရွာ တစ်ရွာလုံးရွှေ့ပြီး ကျောက်စိမ်းတူးရန်ပြင်နေ

RNA_ဖားကန့် စက်တင်ဘာလ ၈ ရက်၊ ၂၀၂၃ ခုနှစ်။ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ စပျစ်ခူးကျေးရွာကို တစ်ရွာလုံးရွှေ့ပြောင်းပြီး ကျောက်စိမ်းတူးရန် အဖွဲ့အစည်းတစ်ခုက ဦးဆောင်ပြင်ဆင်နေကြောင်း ကျေးရွာသားများထံမှ သိရသည်။  စပျစ်ခူးရွာသည် အိမ်ခြေ(၁၆၀)ဝန်းကျင်၊ လူဦးရေ ငါးရာနီးပါးရှိပြီး နှစ်ပေါင်းသုံးဆယ်ကျော် သက်တမ်းရှိ ရွာတစ်ရွာဖြစ်ကြောင်း၊ စပျစ်ခူးတစ်ရွာလုံးကို KIO/KIA အစိုးရက လုပ်ကွက်တူးဖို့ ခွင့်ပြုပေးလိုက်ကြောင်း၊ အာဏာသိမ်းစစ်တပ်မှလည်း ပါဝင်ပတ်သက်နေသည်ဟု ဒေသခံများထံမှ သိရသည်။ "ဖားကန့်ဒေသတစ်ခုလုံး KIA ကပဲ ဦးဆောင်ပြီးတူးတူး၊ လုပ်ငန်းရှင်ပဲညှိပြီးတူးတူး၊ စစ်တပ်ကို အခွန်အခမပေးပဲ တူးလို့မရဘူး"လို့ ဖားကန့်မြို့ခံတစ်ဦးက ပြောသည်။ (more…)
Read More