နေမင်းကမ္ဘာကုမ္ပဏီ

လုံခြုံရေး တင်းကြပ်သည့် ကျောက်လုပ်ကွက်တခု မြေပြိုပြီး ရေမဆေးကျောက်ရှာသူတချို့သေဆုံးပြီး

လုံခြုံရေး တင်းကြပ်သည့် ကျောက်လုပ်ကွက်တခု မြေပြိုပြီး ရေမဆေးကျောက်ရှာသူတချို့သေဆုံးပြီး

ဖားကန့် အောက်တိုဘာလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာအနီး အောက်တိုဘာလ ၁၈ ရက်နေ့ ည (၉)နာရီ ကျော်ခန့်က လုံခြုံရေးတင်းကြပ်ထားသည့် နေမင်းကမ္ဘာကုမ္ပဏီ လုပ်ကွက်အတွင်း ‌အမြင့်ပေ (၇၀) ခန့်တွင်ရှိသည့် ခေါင်းပေါင်းမြေစာအား ဖယ်ရှားရာမှ မြေပြိုပြီး အောက်တွင်ရေမဆေးကျောက်ရှာနေသည့် ပြည်သူတချို့သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မြေပြိုဖြစ်စဉ်တွင် ရေမဆေးကျောက်ရှာသူ လှကျော်စံ (၁၈)နှစ် သေဆုံးပြီး မှော်ပုံကျေးရွာနေသူ ကိုစိုးမိုးနှင့် ဆန်ခါကျေးရွာနေသူ ကိုကျော်ထက်တို့ အပြင်းအထန်ဒဏ်ရာများရရှိခဲ့ကြောင်း ကနဦး သိရသည်။ မြေပြိုဖြစ်စဉ် ဖြစ်ပွားခဲ့သည့် ကျေးရွာမှ ဒေသခံတစ်ဦးက "သေဆုံးသူက ဒီထက်များနိုင်တယ်ဗျ၊ သတင်းဖုံးချင်တာဖြစ်မယ်၊ ရေမဆေးကလည်း နေရာတိုင်းရှာခွင့်မပြုဘူးဗျ၊…
Read More