Tag: KIA

  • ရဲကားတိုက်ခိုက်ခံရပြီး (၃) ဦးသေဆုံးသည့်အတွက် ရမ်းသမ်းပစ်ခတ်ချိန် ပြည်သူ (၆) ဦးသေ

    ရဲကားတိုက်ခိုက်ခံရပြီး (၃) ဦးသေဆုံးသည့်အတွက် ရမ်းသမ်းပစ်ခတ်ချိန် ပြည်သူ (၆) ဦးသေ

    RNA_မတ်(၁၉)၊၂၀၂၃ ခုနှစ်။

    ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာအတွင်း ယမန်နေ့ညနေ (၆) နာရီခန့်က စစ်ကောင်စီလက်အောက်ခံ ရဲကား(၂) စီးတိုက်ခိုက်ခံရပြီး ရဲ (၃) ဦးသေဆုံးခဲ့သည့်အတွက် စစ်ကောင်စီတပ်သားများက ကျေးရွာအတွင်း လက်နက်ကြီးငယ်များဖြင့် ရမ်းသမ်းပစ်ခတ်သည့်အတွက် ပြည်သူ (၆) ဦး သေဆုံးခဲ့သည်။

    ငြိမ်းချမ်းသာယာကျေးရွာရှိ ကုန်တင်ကားကြီးကွင်းအနီး ရဲကား (၂) စီးကို KIA/PDF မှ ပစ်ခတ်တိုက်ခိုက်ရာ ရဲကား(၁) စီးလွတ်သွားပြီး တစ်စီးမှ ရဲသုံးဦး သေဆုံးသွားခဲ့သည့်နောက် စစ်ကောင်စီ စစ်သားများ အခြေချရာနေရာများမှ ကျေးရွာပြည်သူများရှိရာဘက် တရစပ်ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “ရဲစခန်းကုန်းအတက်မှာဖြစ်တာ၊ ရဲသုံးယောက်က ပွဲချင်း ပြီးပဲ၊ ထိတွေ့တိုက်ပွဲလည်းပြီးရော ငြိမ်းချမ်းသာယာရဲစခန်းကုန်းကရော၊ အန္တမုနိ ဘုရားကုန်းကရော၊ နှစ်မျက်နှာဘုရားကုန်းကရော လက်နက်ကြီးနဲ့ ရမ်းပစ်တော့တာ၊ မီးမှိတ်ပြီး အိမ်အောက်ထဲ ဝပ်နေရတယ်”ဟု ပစ်ခတ်မှုဖြစ်ပွားရာအနီးမှ ပြည်သူတစ်ဦးက ပြောသည်။

    (more…)

  • ပြည်တွင်းပဋိပက္ခများ ပြေလည်ရေး တရုတ်နိုင်ငံကြားဝင်ဆောင်ရွက်မှုအပေါ် UWSA ဦးဆောင်သည့် FPNCC ထောက်ခံ 

    ပြည်တွင်းပဋိပက္ခများ ပြေလည်ရေး တရုတ်နိုင်ငံကြားဝင်ဆောင်ရွက်မှုအပေါ် UWSA ဦးဆောင်သည့် FPNCC ထောက်ခံ 

    RNA_မတ်(၁၆)၊၂၀၂၃ ခုနှစ်။

    မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေသော ပြည်တွင်းပဋိပက္ခများပြေလည်ချုပ်ငြိမ်းသွားရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှုအပေါ် ကြိုဆိုထောက်ခံကြောင်း FPNCC ကယနေ့ ထုတ်ပြန်ထားသည်။

    ပြည်ထောင်စုနိုင်ငံရေးဆွေးနွေညှိနှိုင်းရေးကော်မတီ ( FPNCC) လုပ်ငန်းအစည်းအဝေးကို “ဝ” ပြည်နယ် ပန်ခမ်းမြို့တွင် မတ်လ (၁၅)/(၁၆) ရက်တို့က ပြုလုပ်ခဲ့ရာ အဖွဲ့ဝင်များဖြစ်သည့် မြောက်ပိုင်းမဟာမိတ်(၇) ဖွဲ့ဖြစ်သည့် UWSP၊ KIA၊ PSC၊ SSPP၊ MNTJP၊ ULA၊ PSLF ခေါင်းဆောင်များတက်ရောက်ခဲ့သည်။

    #RedNewsAgency

  • ဖားကန့်၌ KIA ဒုတိုက်နယ်မှူး၏နေအိမ် ဝင်စီးခံရပြီး (၆) ဦးဖမ်းဆီးခံရ

    ဖားကန့်၌ KIA ဒုတိုက်နယ်မှူး၏နေအိမ် ဝင်စီးခံရပြီး (၆) ဦးဖမ်းဆီးခံရ

    RNA_ဖားကန့်၊ မတ်(၁၅)၊၂၀၂၃ ခုနှစ်။
     
    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊အေးမြသာယာအုပ်စု၊ မော်မောင်းလျှံကျေးရွာ၊ သောင်းချိုကွက်သစ်အတွင်း KIA ဒုတိုက်နယ်မှူး တန်ဆိုင်း၏ နေအိမ်အား စစ်ကောင်စီတပ်သားများက ယနေ့နံနက် (၅) နာရီကျော်ခန့်က ဝင်ရောက်စီးနင်းကာ (၆) ဦးအား ဖမ်းဆီးသွားကြောင်း သိရသည်။
     
    စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသူများတွင် နော်လီ၊ ကိုဒွဲဂျာ၊ ကိုလအောင်၊ ကိုဂွမ်ထန်နော်အောင်၊ ကိုဆွတ်လွတ်နော်လတ်နှင့် အခြားအမည်မသိသူ တစ်ဦး စုစုပေါင်း (၆)ဦး ဖမ်းဆီးခံရပြီး ဒုတိုက်နယ်မှူး တန်ဆိုင်းမှာ ဖမ်းဆီးခံရခြင်းမရှိပဲ လွတ်မြောက်ခဲ့ကြောင်း သိရသည်။
     
    ဖားကန့်တွင် ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် KIA/KIO အဖွဲ့၏ တိုက်နယ်မှူး/ဒုတိုက်နယ်မှူးများက အုပ်ချုပ်ရေးမှူးများအဖြစ် ဆောင်ရွက်ကြောင်း ကချင်အသိုင်းအဝန်းနှင့်နီးစပ်သူများထံမှ သိရသည်။

    (more…)

  • ကျေးရွာပိုင်ရေကန်အတွင်း ရွှေမျောတိုက်မှု ပိုတိုးလာ၊ KIA/PDF မှ အရေးယူဆောင်ရွက်ပေးမှုမရှိ

    ကျေးရွာပိုင်ရေကန်အတွင်း ရွှေမျောတိုက်မှု ပိုတိုးလာ၊ KIA/PDF မှ အရေးယူဆောင်ရွက်ပေးမှုမရှိ

    RNA_ဖားကန့်၊ မတ် (၁၃)၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာရှိ အများသုံး ကျေးရွာပိုင်ရေကန်အတွင်းရွှေမျောတိုက်မှု ဒေသခံများမလိုလားသော်လည်း ဒေသအာဏာပိုင်များ၏ အရေးယူဆောင်ရွက်ပေးမှု မရှိခြင်းကြောင့် ရွှေမျောစင်များ ပိုတိုးလာကြောင်း သိရသည်။

    “ကျနော်အရင်တစ်ခါလည်းပြောပါတယ်၊ ရေကြည်ရေကန်ထဲ ရွှေမျောတိုက်တော့၊ ရေအသုံးပြုရအဆင်မပြေဘူးလို့၊ ဒါကိုသတင်းတက်လာလည်း KIAရော PDF ရော ရွှေမျောတိုက်တာကို မတားပေးကြဘူးဗျ” ဟု ဒေသခံတစ်ဦးကပြောသည်။

    (more…)

  • ဖားကန့်၌ လဝက ဒုဦးစီးတစ်ဦး ယနေ့ ပစ်သတ်ခံရ

    ဖားကန့်၌ လဝက ဒုဦးစီးတစ်ဦး ယနေ့ ပစ်သတ်ခံရ

    RNA_ဖားကန့်၊ မတ် (၁၂)၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ စစ်ကောင်စီလက်အောက်ခံ လဝက ဒုဦးစီးအဆင့်ရှိ လွင်မြင့်သည် ယနေ့ နေ့လည်ပိုင်းက နေအိမ်ဝန်ထမ်းအိမ်ရာအတွင်း ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

    ဖားကန့်မြို့နယ် ဖားပြင်ကျေးရွာ ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုရုံးကို စစ်ကောင်စီတပ်များက စီးနင်းခဲ့ပြီး နောက်တစ်နေ့၌ လဝက ဝန်ထန်းတ ပစ်သတ်ခံရခြင်းဖြစ်သည့်အတွက် ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုရုံးစီးနင်းခံရမှုနှင့်ဆက်စပ်မှုရှိ/မရှိကို Red News Agency သတင်းထောက်အနေဖြင့် သီခြားအတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

    (more…)

  • ဖားကန့် ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုရုံးကို စစ်ကောင်စီတပ်ဝင်စီး (၇) ဦးဖမ်းဆီးခံရ 

    ဖားကန့် ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုရုံးကို စစ်ကောင်စီတပ်ဝင်စီး (၇) ဦးဖမ်းဆီးခံရ 

    RNA_ဖားကန့်၊ မတ် (၁၁)၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဖားပြင်ကျေးရွာရှိ ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုရုံးကို စစ်ကောင်စီတပ်သားများက မတ်လ (၁၁) ရက် နေ့လည် (၁၂) နာရီ ကျော်က ဝင်ရောက်စီးနင်းပြီး ပြည်သူ (၇) ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

    “ဝင်စီးတာက(၁၂)နာရီ(၁၅)လောက်ဗျ၊ ကျည်ဘောက်လိုက်ဆွဲသံတွေရော တစ်ချက်ချင်းပစ်သံတွေရောကြားရတယ်၊ ပစ်ခတ်သံက(၁၀)မိနစ်လောက်ပဲကြာတယ်၊ ဖမ်းခေါ်သွားတာ ဘယ်နှစ်ယောက်လို့တော့ မရေထားမိဘူး၊ အနည်းဆုံးငါးယောက်လောက်တော့ရှိတယ်၊ ဂုတ်ကိုဆွဲခေါ်သွားတာ”ဟု မျက်မြင်တွေ့သူတစ်ဦးက Red News Agencyကို ပြောကြားထားသည်။

    (more…)

  • စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး ကလေး(၂) ယောက်မိခင်ထိမှန်

    စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး ကလေး(၂) ယောက်မိခင်ထိမှန်

    RNA_ဖေဖော်ဝါရီ(၂၄)၊၂၀၂၃ ခုနှစ်။

    ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု မဇွပ်ယန် (မဆွပ်ယန်)ကျေးရွာအတွင်းကျရောက်ပေါက်ကွဲကာ ကလေး(၂) ယောက်မိခင် ဒေါ်လခိဂျာအန့် ထိမှန်ကာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။

    ဖားကန့်မြို့နယ်၊ ဗျူဟာကုန်းနှင့် မဇွပ်ယန်ထောင်ရှိ စစ်ကောင်စီတပ်တို့မှ မကြာခဏ လက်နက်ကြီးများ ပစ်ခတ်ကြောင်း၊ KIA တပ်လှုပ်ရှာသည်အထင်နှင့် ရမ်းသန်းပစ်ခတ်မှုများရှိသလို တိုက်ပွဲဖြစ်ပွားချိန် လက်နက်ကြီး ပစ်ကူများလည်း ပြုလုပ်လေ့ရှိကြောင်း သိရသည်။

    (more…)

  • တရားမဝင်ခိုးတူးလုပ်ငန်းရှင်များက စစ်ရှောင်ရွှေ့ပြောင်း‌နေအိမ်များကို ဖယ်ရှားခိုင်း

    တရားမဝင်ခိုးတူးလုပ်ငန်းရှင်များက စစ်ရှောင်ရွှေ့ပြောင်း‌နေအိမ်များကို ဖယ်ရှားခိုင်း

    RNA_ဖားကန့်၊ဖေဖော်ဝါရီ (၂၁)၊၂၀၂၃ ခုနှစ်။

    စစ်ကောင်စီတပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေသည့်အတွက် စစ်ကိုင်းတိုင်းမှ စစ်ဘေးရှောင် ရွှေ့ပြောင်းလုပ်သားအများစုနေထိုင်သည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ရတနာနယ်မြေအတွင်းမှ နေအိမ်များကို တရားမဝင်ခိုးတူးနေသည့် လုပ်ငန်းရှင်များက ဖယ်ရှားခိုင်းနေကြောင်း သိရသည်။

    ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ ရှရော်ခကျေးရွာအနီးရှိ မြေလွတ်နေရာပေါ်မှာ နေထိုင်ကြသည့် အိုးအိမ်များပျက်စီးပြီး အသက်ဘေးမှလွတ်လာသည့် စစ်ကိုင်း တိုင်းအတွင်းမှ ဒုက္ခသည်စစ်ဘေးရှောင်ပြည်သူအများစုအပါအဝင် အိမ်ခြေ(၁၅၀)ခန့်ကို ကျောက်တွင်းခိုးတူး‌နေသည့်လုပ်ငန်းရှင်များက လုပ်ကွက်ကျင်းတူးရန်ဟုဆိုကာ အဓမ္မ ဖိအားပေး ဖယ်ရှားခိုင်းနေခြင်း ဖြစ်သည်။

    (more…)

  • ရွှေရင်ကျော် ဆရာတဦးနှင့် ရေမဆေးကျောက်ရှာဖွေသူများအပါအဝင်ပြည်သူ (၃၀) ကျော် ဖမ်းဆီးခံရမှု ပြန်မလွတ်သေး

    ရွှေရင်ကျော် ဆရာတဦးနှင့် ရေမဆေးကျောက်ရှာဖွေသူများအပါအဝင်ပြည်သူ (၃၀) ကျော် ဖမ်းဆီးခံရမှု ပြန်မလွတ်သေး

    RNA_ဖားကန့်၊ ဖေဖော်ဝါရီ ၁၇၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အုပ်စု၊ မှော်စီစာကျေးရွာအပိုင် အောင်သာယာ (၁) ကျေးရွာနှင့် ဆောင်းချိန်ကျေးရွာတို့မှ အပြစ်မဲ့ ပြည်သူ (၃၀)ခန့်အား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ (၁၅)ရက်နေ့ ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီတပ်နှင့် လက်‌အောက်ခံများက အတင်း အဓမ္မကြိုးတုတ်ကာဖမ်းဆီးသွားခဲ့ပြီး ယနေ့ ‌(ဖေဖော်ဝါရီ ၁၇ ရက်)အထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

    “ဖမ်းသွားတဲ့ထဲ ရေမဆေးကျောက်ရှာပြန်တဲ့သူပါတယ်၊ လမ်းသွားလမ်းလာတွေပါတယ်၊ ဆောင်းချိန်ကဆို ရွှေရင်ကျော်ဆရာတစ်ယောက်ပါတယ်၊ ခုထိတော့ ပြန်မလွှတ်ပေးသေးဘူးဗျ”ဟု ဆောင်းချိန်ကျေးရွာနေသူတစ်ဦးက ပြောသည်။

    (more…)

  • ဥပဒေ စိုးမိုးမှုမရှိတော့တဲ့နောက် ဖားကန့်ကျောက်စိမ်းတွင်း အခြေအနေ

    ဥပဒေ စိုးမိုးမှုမရှိတော့တဲ့နောက် ဖားကန့်ကျောက်စိမ်းတွင်း အခြေအနေ

    RNA_ဖေဖော်ဝါရီ()၊၂၀၂၃ခုနှစ်။

    စစ်တပ်အာဏာသိမ်းပြီးနောက်ဖားကန့်ကျောက်စိမ်းတွင်းတွေကိုဘယ်သူတွေစိုးမိုးနေလဲ၊ဘာ့ကြောင့်တိုက်ပွဲတွေမဖြစ်သလဲ၊ကျောက်စိမ်းတွေကိုဘယ်သူတွေတူးနေကြသလဲဆိုတဲ့အခြေအနေအရပ်ရပ်ကို တင်ပြလိုက်ပါသည်။

    [embedyt] https://www.youtube.com/watch?v=8_sruzlaK80[/embedyt]

    Red News Agency