KIA

ဖားကန့်၌ KIA ဒုတိုက်နယ်မှူး၏နေအိမ် ဝင်စီးခံရပြီး (၆) ဦးဖမ်းဆီးခံရ

ဖားကန့်၌ KIA ဒုတိုက်နယ်မှူး၏နေအိမ် ဝင်စီးခံရပြီး (၆) ဦးဖမ်းဆီးခံရ

RNA_ဖားကန့်၊ မတ်(၁၅)၊၂၀၂၃ ခုနှစ်။   ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊အေးမြသာယာအုပ်စု၊ မော်မောင်းလျှံကျေးရွာ၊ သောင်းချိုကွက်သစ်အတွင်း KIA ဒုတိုက်နယ်မှူး တန်ဆိုင်း၏ နေအိမ်အား စစ်ကောင်စီတပ်သားများက ယနေ့နံနက် (၅) နာရီကျော်ခန့်က ဝင်ရောက်စီးနင်းကာ (၆) ဦးအား ဖမ်းဆီးသွားကြောင်း သိရသည်။   စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသူများတွင် နော်လီ၊ ကိုဒွဲဂျာ၊ ကိုလအောင်၊ ကိုဂွမ်ထန်နော်အောင်၊ ကိုဆွတ်လွတ်နော်လတ်နှင့် အခြားအမည်မသိသူ တစ်ဦး စုစုပေါင်း (၆)ဦး ဖမ်းဆီးခံရပြီး ဒုတိုက်နယ်မှူး တန်ဆိုင်းမှာ ဖမ်းဆီးခံရခြင်းမရှိပဲ လွတ်မြောက်ခဲ့ကြောင်း သိရသည်။   ဖားကန့်တွင် ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် KIA/KIO အဖွဲ့၏ တိုက်နယ်မှူး/ဒုတိုက်နယ်မှူးများက အုပ်ချုပ်ရေးမှူးများအဖြစ် ဆောင်ရွက်ကြောင်း ကချင်အသိုင်းအဝန်းနှင့်နီးစပ်သူများထံမှ သိရသည်။ (more…)
Read More
ကျေးရွာပိုင်ရေကန်အတွင်း ရွှေမျောတိုက်မှု ပိုတိုးလာ၊ KIA/PDF မှ အရေးယူဆောင်ရွက်ပေးမှုမရှိ

ကျေးရွာပိုင်ရေကန်အတွင်း ရွှေမျောတိုက်မှု ပိုတိုးလာ၊ KIA/PDF မှ အရေးယူဆောင်ရွက်ပေးမှုမရှိ

RNA_ဖားကန့်၊ မတ် (၁၃)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာရှိ အများသုံး ကျေးရွာပိုင်ရေကန်အတွင်းရွှေမျောတိုက်မှု ဒေသခံများမလိုလားသော်လည်း ဒေသအာဏာပိုင်များ၏ အရေးယူဆောင်ရွက်ပေးမှု မရှိခြင်းကြောင့် ရွှေမျောစင်များ ပိုတိုးလာကြောင်း သိရသည်။ "ကျနော်အရင်တစ်ခါလည်းပြောပါတယ်၊ ရေကြည်ရေကန်ထဲ ရွှေမျောတိုက်တော့၊ ရေအသုံးပြုရအဆင်မပြေဘူးလို့၊ ဒါကိုသတင်းတက်လာလည်း KIAရော PDF ရော ရွှေမျောတိုက်တာကို မတားပေးကြဘူးဗျ" ဟု ဒေသခံတစ်ဦးကပြောသည်။ (more…)
Read More
ဖားကန့်၌ လဝက ဒုဦးစီးတစ်ဦး ယနေ့ ပစ်သတ်ခံရ

ဖားကန့်၌ လဝက ဒုဦးစီးတစ်ဦး ယနေ့ ပစ်သတ်ခံရ

RNA_ဖားကန့်၊ မတ် (၁၂)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ စစ်ကောင်စီလက်အောက်ခံ လဝက ဒုဦးစီးအဆင့်ရှိ လွင်မြင့်သည် ယနေ့ နေ့လည်ပိုင်းက နေအိမ်ဝန်ထမ်းအိမ်ရာအတွင်း ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။ ဖားကန့်မြို့နယ် ဖားပြင်ကျေးရွာ ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုရုံးကို စစ်ကောင်စီတပ်များက စီးနင်းခဲ့ပြီး နောက်တစ်နေ့၌ လဝက ဝန်ထန်းတ ပစ်သတ်ခံရခြင်းဖြစ်သည့်အတွက် ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုရုံးစီးနင်းခံရမှုနှင့်ဆက်စပ်မှုရှိ/မရှိကို Red News Agency သတင်းထောက်အနေဖြင့် သီခြားအတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ (more…)
Read More
ဖားကန့် ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုရုံးကို စစ်ကောင်စီတပ်ဝင်စီး (၇) ဦးဖမ်းဆီးခံရ 

ဖားကန့် ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုရုံးကို စစ်ကောင်စီတပ်ဝင်စီး (၇) ဦးဖမ်းဆီးခံရ 

RNA_ဖားကန့်၊ မတ် (၁၁)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဖားပြင်ကျေးရွာရှိ ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုရုံးကို စစ်ကောင်စီတပ်သားများက မတ်လ (၁၁) ရက် နေ့လည် (၁၂) နာရီ ကျော်က ဝင်ရောက်စီးနင်းပြီး ပြည်သူ (၇) ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။ "ဝင်စီးတာက(၁၂)နာရီ(၁၅)လောက်ဗျ၊ ကျည်ဘောက်လိုက်ဆွဲသံတွေရော တစ်ချက်ချင်းပစ်သံတွေရောကြားရတယ်၊ ပစ်ခတ်သံက(၁၀)မိနစ်လောက်ပဲကြာတယ်၊ ဖမ်းခေါ်သွားတာ ဘယ်နှစ်ယောက်လို့တော့ မရေထားမိဘူး၊ အနည်းဆုံးငါးယောက်လောက်တော့ရှိတယ်၊ ဂုတ်ကိုဆွဲခေါ်သွားတာ"ဟု မျက်မြင်တွေ့သူတစ်ဦးက Red News Agencyကို ပြောကြားထားသည်။ (more…)
Read More
စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး ကလေး(၂) ယောက်မိခင်ထိမှန်

စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး ကလေး(၂) ယောက်မိခင်ထိမှန်

RNA_ဖေဖော်ဝါရီ(၂၄)၊၂၀၂၃ ခုနှစ်။ ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု မဇွပ်ယန် (မဆွပ်ယန်)ကျေးရွာအတွင်းကျရောက်ပေါက်ကွဲကာ ကလေး(၂) ယောက်မိခင် ဒေါ်လခိဂျာအန့် ထိမှန်ကာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ဖားကန့်မြို့နယ်၊ ဗျူဟာကုန်းနှင့် မဇွပ်ယန်ထောင်ရှိ စစ်ကောင်စီတပ်တို့မှ မကြာခဏ လက်နက်ကြီးများ ပစ်ခတ်ကြောင်း၊ KIA တပ်လှုပ်ရှာသည်အထင်နှင့် ရမ်းသန်းပစ်ခတ်မှုများရှိသလို တိုက်ပွဲဖြစ်ပွားချိန် လက်နက်ကြီး ပစ်ကူများလည်း ပြုလုပ်လေ့ရှိကြောင်း သိရသည်။ (more…)
Read More
တရားမဝင်ခိုးတူးလုပ်ငန်းရှင်များက စစ်ရှောင်ရွှေ့ပြောင်း‌နေအိမ်များကို ဖယ်ရှားခိုင်း

တရားမဝင်ခိုးတူးလုပ်ငန်းရှင်များက စစ်ရှောင်ရွှေ့ပြောင်း‌နေအိမ်များကို ဖယ်ရှားခိုင်း

RNA_ဖားကန့်၊ဖေဖော်ဝါရီ (၂၁)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီတပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေသည့်အတွက် စစ်ကိုင်းတိုင်းမှ စစ်ဘေးရှောင် ရွှေ့ပြောင်းလုပ်သားအများစုနေထိုင်သည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ရတနာနယ်မြေအတွင်းမှ နေအိမ်များကို တရားမဝင်ခိုးတူးနေသည့် လုပ်ငန်းရှင်များက ဖယ်ရှားခိုင်းနေကြောင်း သိရသည်။ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ ရှရော်ခကျေးရွာအနီးရှိ မြေလွတ်နေရာပေါ်မှာ နေထိုင်ကြသည့် အိုးအိမ်များပျက်စီးပြီး အသက်ဘေးမှလွတ်လာသည့် စစ်ကိုင်း တိုင်းအတွင်းမှ ဒုက္ခသည်စစ်ဘေးရှောင်ပြည်သူအများစုအပါအဝင် အိမ်ခြေ(၁၅၀)ခန့်ကို ကျောက်တွင်းခိုးတူး‌နေသည့်လုပ်ငန်းရှင်များက လုပ်ကွက်ကျင်းတူးရန်ဟုဆိုကာ အဓမ္မ ဖိအားပေး ဖယ်ရှားခိုင်းနေခြင်း ဖြစ်သည်။ (more…)
Read More
ရွှေရင်ကျော် ဆရာတဦးနှင့် ရေမဆေးကျောက်ရှာဖွေသူများအပါအဝင်ပြည်သူ (၃၀) ကျော် ဖမ်းဆီးခံရမှု ပြန်မလွတ်သေး

ရွှေရင်ကျော် ဆရာတဦးနှင့် ရေမဆေးကျောက်ရှာဖွေသူများအပါအဝင်ပြည်သူ (၃၀) ကျော် ဖမ်းဆီးခံရမှု ပြန်မလွတ်သေး

RNA_ဖားကန့်၊ ဖေဖော်ဝါရီ ၁၇၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အုပ်စု၊ မှော်စီစာကျေးရွာအပိုင် အောင်သာယာ (၁) ကျေးရွာနှင့် ဆောင်းချိန်ကျေးရွာတို့မှ အပြစ်မဲ့ ပြည်သူ (၃၀)ခန့်အား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ (၁၅)ရက်နေ့ ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီတပ်နှင့် လက်‌အောက်ခံများက အတင်း အဓမ္မကြိုးတုတ်ကာဖမ်းဆီးသွားခဲ့ပြီး ယနေ့ ‌(ဖေဖော်ဝါရီ ၁၇ ရက်)အထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။ "ဖမ်းသွားတဲ့ထဲ ရေမဆေးကျောက်ရှာပြန်တဲ့သူပါတယ်၊ လမ်းသွားလမ်းလာတွေပါတယ်၊ ဆောင်းချိန်ကဆို ရွှေရင်ကျော်ဆရာတစ်ယောက်ပါတယ်၊ ခုထိတော့ ပြန်မလွှတ်ပေးသေးဘူးဗျ"ဟု ဆောင်းချိန်ကျေးရွာနေသူတစ်ဦးက ပြောသည်။ (more…)
Read More
ဥပဒေ စိုးမိုးမှုမရှိတော့တဲ့နောက် ဖားကန့်ကျောက်စိမ်းတွင်း အခြေအနေ

ဥပဒေ စိုးမိုးမှုမရှိတော့တဲ့နောက် ဖားကန့်ကျောက်စိမ်းတွင်း အခြေအနေ

RNA_ဖေဖော်ဝါရီ(၇)၊၂၀၂၃ခုနှစ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ဖားကန့်ကျောက်စိမ်းတွင်းတွေကိုဘယ်သူတွေစိုးမိုးနေလဲ၊ဘာ့ကြောင့်တိုက်ပွဲတွေမဖြစ်သလဲ၊ကျောက်စိမ်းတွေကိုဘယ်သူတွေတူးနေကြသလဲဆိုတဲ့အခြေအနေအရပ်ရပ်ကို တင်ပြလိုက်ပါသည်။ Red News Agency
Read More
သတင်းလွတ်လပ်ခွင့် ကင်းမဲ့နေသည့် ဖားကန့်မိုင်းတွင်းဒေသ

သတင်းလွတ်လပ်ခွင့် ကင်းမဲ့နေသည့် ဖားကန့်မိုင်းတွင်းဒေသ

အခုက ဓါတ်ပုံလေး ဖုန်းနဲ့သွားရိုက်တာတောင် ဟေ့လူ မရိုက်ရဘူးဆိုတာ နားမလည်ဘူးလား၊ ခုပြန်ဖျက်၊ ဘာသတင်းထောက်လဲ အစအနပျောက်သွားမယ်၊ အဲ့လိုဟ နည်းနည်းမှ ပြန်ပြောလို့မရဘူး RNA_ဖားကန့်၊ ဇန်နဝါရီ(၂၉)၊၂၀၂၃ ခုနှစ်။ ဖားကန့်ဟုဆိုလျှင် ကျောက်စိမ်းတူးဖော်ထွက်ရှိရာ မိုင်းတွင်းဒေသမှန်း လူတိုင်းသိကြသော်လည်း ဒေသတွင်း သတင်းရယူခြင်းလုပ်ငန်းများကို အသက်နှင့်ခင်းထားရကြောင်းကိုမူ လူသိနည်းလှသည်။ စစ်ကောင်စီမှ မတရားအာဏာသိမ်းပြီးနောက် တွင်ကျယ်စွာတူးဖော်လာသည့် ကျောက်မိုင်း‌ဧရိယာအတွင်း ဖုန်းဖြင့် ဓါတ်ပုံရိုက်ခြင်း၊ ဗွီဒီယိုရိုက်ကူးခြင်းများအား တွေ့ရှိပါက လုပ်ကွက်လုံခြုံရေးယူပေးထားသူများ၏ ဖမ်းဆီးရိုက်နှက်ခံရခြင်း၊ ဖုန်းထုခွဲခံရခြင်းများကြုံတွေ့ကြရသည်။ တစ်နိုင်ငံလုံး နွေဦးတော်လှန်ရေးအတွက် လုံးပန်းနေကြသော်လည်း ဖားကန့်က စီးပွားရေးအုတ်မြစ်အဖြစ် ငွေကြေးရတက်ရှိသူများ၏ စေလိုရာစေ ဒေသသာဖြစ်ခဲ့သည်။ (more…)
Read More
ဖားကန့်မှာ စစ်ကောင်စီတပ်သားတွေ ထင်ရာစိုင်းနေ

ဖားကန့်မှာ စစ်ကောင်စီတပ်သားတွေ ထင်ရာစိုင်းနေ

RNA_ဇန်နဝါရီ(၁၇)၊၂၀၂၃ ခုနှစ်။   အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖားကန့်မြို့ပေါ်ထိတွေ့တိုက်ပွဲ မဖြစ်ပွားသည့်အတွက် စစ်ကောင်စီတပ်ဘက်က "လူသတ် လုယက် PDF မိတ်ဖက်မြေခွေး KIA" တွေ့သည့်နေရာ ချေမှုန်းစို့ ဆိုသည့် စာရွက်များ ဖားကန့်စည်ပင်စျေးမှာ ယနေ့ နံနက်ပိုင်းက လာကပ်သွားကြောင်း သိရသည်။ အနန့်ပါ ကိစ္စပြီးသည့်နောက်ပိုင်း ဖားကန့်တွင် စစ်ကောင်စီတပ်နှင့်လက်အောက်ခံများသည် ထင်ရာစိုင်း လုပ်ချင်သလို လုပ်နေကြကြောင်း၊ ယခုတပတ်အတွင်း စစ်ကောင်စီတပ်သား (၂၀) ဝန်းကျင်သည် လမ်းမများပေါ်တွင် စစ်ဆေးရေးများလုပ်ပြီး မေးသမျှ မဖြေနိုင်ပါက ကားသိမ်း၊ ဆိုင်ကယ်သိမ်း၊ ဖုန်းသိမ်းမှုများပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။ (more…)
Read More