KIA နှင့် တိုက်ပွဲအတွင်း စစ်တပ်က ဗျူဟာမှူးများပါ ပြေးကြရ 

RNA_ဇူလိုင်(၂၀)၊၂၀၂၃ ခုနှစ်။

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာချိန် စစ်ကောင်စီတပ်ထောက်ခံသူများက KIA ကို အပြတ်တိုက်မည်ဟု ပြောကြသူများသည် KIA နှင့်တိုက်ပွဲတွင် မပါအဝင်သူများသာဖြစ်ပြီး တကယ့်တိုက်ပွဲများတွင် စစ်တပ်က ဗျူဟာမှူးများပါ ထွက်ပြေးရသည့် အခြေအနေများရှိကြောင်း CDM ဗိုလ်ကြီး ကိုထက်မြတ်က ပြောကြားထားသည်။

ကချင်ပြည်နယ်မှာ တိုက်ပွဲဝင်ခဲ့ချိန် ဗျူဟာမှူးပါထွက်ပြေးကြရသလို ဗန်းမော်ဆေးရုံမှာ ဒဏ်ရာရစစ်သားများနှင့်ပြည့်သွားခဲ့ကြောင်း၊ ယခုလက်ရှိ စစ်ကောင်စီတပ်မှ ဖမ်းဆီးစစ်ဆေးနေသည်ဟု သတင်းထွက်နေသည့် ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်တို့ ကြောက်လန့်ခဲ့ပုံများ စသည်တို့ကို ပြောကြားထားခြင်း ဖြစ်သည်။

#RedNewsAgency

By Editor