25
Nov
RNA_နိုဝင်ဘာ(၂၅)၊၂၀၂၅ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များကို နှိမ်နင်းနေသလို လုပ်ပြနေသည့်အတွက် တစ်ချို့သော ငွေလိမ်ဂိုဏ်းနှင့် ပတ်သက်သူများသည် ရွှေကုက္ကိုအပါအဝင် ကျားဖြန့်လုပ်ငန်းများမှ ရှောင်ပြေးချင်သည့်အတွက် မြဝတီမြို့နယ်မှ ဖားအံအရောက် တစ်ဦးကို ကျပ် (၅) သိန်းစျေးဖြင့် လက်နက်ကိုင်များက တာဝန်ယူ ပို့နေကြောင်း သိရသည်။ ကရင်ပြည်နယ်အတွင်း Red News Agency ၏ သတင်းရင်းမြစ်က " မြဝတီ-ဖားအံ တစ်ဦး ၅ သိန်းယူပြီးတော့ DKBA/BGF/PC တွေက ပို့ပေးနေတယ်။ ထီလုံ၊ နဘူး၊ ဖားအံတောင် ကလေးဂိတ်က စကစ၊ လဝကတွေက ငွေပေးနိုင်ရင်လွှတ်ပေးနေတယ်"ဟု နိုဝင်ဘာ ၂၂ ရက်နေ့က ပြောထားသည်။ (more…)
