လက်နက်ကြီး

မြန်မာဘက်မှ လက်နက်ကြီးကျည် ထိုင်းဘက်ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

မြန်မာဘက်မှ လက်နက်ကြီးကျည် ထိုင်းဘက်ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

RNA_အောက်တိုဘာ(၂၉)၊၂၀၂၆ခုနှစ်။ မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့အနီး တိုက်ပွဲများအတွင်း လက်နက်ကြီးကျည်တစ်လုံး ထိုင်းနိုင်ငံဘက်ခြမ်း ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်။ ယနေ့ (အောက်တိုဘာ ၂၉ ရက်) နံနက်ပိုင်း၌ မြဝတီမြို့တောင်ဘက် မင်းလက်ပံအနီး၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်နှင့် စစ်အုပ်စုတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးကျည်တစ်လုံး ထိုင်းဘက်ခြမ်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ ထိုင်းစစ်တပ်က သတိပေးပစ်ခတ်မှုများ ပြန်လည်လုပ်ဆောင်ခဲ့ရသည်။ (more…)
Read More
မြန်မာဘက်မှပစ်ခတ်သည့် လက်နက်ကျည်များ ထိုင်းဘက်ကျရောက်နေမှုကို ကာကွယ်ပေးရန် ဒေသခံများ တောင်းဆို

မြန်မာဘက်မှပစ်ခတ်သည့် လက်နက်ကျည်များ ထိုင်းဘက်ကျရောက်နေမှုကို ကာကွယ်ပေးရန် ဒေသခံများ တောင်းဆို

RNA_အောက်တိုဘာ(၂၇)၊၂၀၂၆ခုနှစ်။ မြန်မာနယ်စပ်တိုက်ပွဲများကြောင့် လက်နက်ကျည်များ ထိုင်းဘက်ကျရောက်နေမှုနှင့် လက်နက်ကြီးပေါက်ကွဲမှုများအန္တရာယ်များမှ ကာကွယ်ပေးရန် ထိုင်းအစိုးရထံ မဲဆောက်ဒေသခံပြည်သူ (၂၀၀) ကျော်က တောင်းဆိုခဲ့ကြောင်း ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်။ မြန်မာနယ်စပ်တိုက်ပွဲများနှင့် လက်နက်ကြီးပေါက်ကွဲမှုများကြောင့် ထိုင်းနယ်စပ် ဒေသခံပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့မှုနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးမှုများအပေါ် ဒေသခံပြည်သူများက ဆန္ဒထုတ်ဖော်လာကြခြင်းဖြစ်သည်။ မဲဆောက်ဒေသခံပြည်သူများက မဟာဝမ်ကျေးရွာအုပ်စု မယ့်ကွန်ကင်းကျေးရွာ စာသင်ကျောင်းရှေ့၌ ယနေ့ နံနက် (၁၀) နာရီဝန်းကျင်၌ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ပြီး မြန်မာနှင့်ကပ်လျက်ရှိသည့် ထိုင်းနယ်စပ်တစ်လျှောက် ဒေသခံပြည်သူများအား အရေးပေါ်ကာကွယ်မှုများ လုပ်ဆောင်ပေးရန် တောင်းဆိုခဲ့ကြသည်။ ထိုင်းအစိုးရတာဝန်ရှိသူများအနေဖြင့် ထိခိုက်ဒဏ်ရာရသူများနှင့် နစ်နာသူမျာအတွက် အရေးပေါ်ဘဏ္ဍာရေး ထောက်ပံ့မှုပေးရန်၊ မြန်မာဘက်ခြမ်း တိုက်ပွဲများကြောင့် ထိုင်းဘက်ခြမ်း ဒေသခံများ ထိခိုက်မှုမရှိစေရေးအတွက် ကာကွယ်ပေးရန်၊ လက်နက်ကြီးဒဏ်ကာကွယ်ရေးစခန်းများနှင့် ဗုံးခိုကျင်းများ…
Read More
ဖားကန့်ဗျူဟာကုန်းရှိ အာဏာသိမ်းစစ်တပ်လက်ချက်ကြောင့် မိသားစုဝင် (၅) ဦးမှ (၃) ဦးသေဆုံး

ဖားကန့်ဗျူဟာကုန်းရှိ အာဏာသိမ်းစစ်တပ်လက်ချက်ကြောင့် မိသားစုဝင် (၅) ဦးမှ (၃) ဦးသေဆုံး

RNA_ဒီဇင်ဘာ(၈)၊၂၀၂၅ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဗျူဟာကုန်ရှိ အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးနှင့် ဒရုန်းဗုံးတို့ကြောင့် ယနေ့ (ဒီဇင်ဘာ ၈ ရက်) နံနက် ၄ နာရီနှင့် ၅ နာရီအကြား မှော်စီစာအုပ်စု၊ မလောင်ကျေးရွာအတွင်းက နေအိမ်ပေါ်ကျရောက်ကာ မိသားစုဝင် (၅) ဦးမှ (၃) ဦးသေဆုံးသွားကာ (၇) အရွယ် လေးငယ်နှင့် ၁၆ နှစ်အရွယ်တို့သာ အသက်ရှင်ကျန်ရစ်ခဲ့ရကြောင်း သိရသည်။ အာဏာသိမ်းစစ်တပ်၏ လက်ချက်ကြောင့် ဖခင်ဖြစ်သူ ဦးဇော်လွင်ဦး ( အသက် ၃၇ နှစ်)၊ မိခင်ဖြစ်သူ ဒေါ်တင်မိုးလှိုင် (အသက် ၃၈ နှစ်)၊ သားဖြစ်သူ မောင်ဖြိုးဝေထွန် (အသက် ၁၃ နှစ်)တို့ သေဆုံးခဲ့ရခြင်းဖြစ်သည်။…
Read More
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် NUG ပညာရေးကျောင်းများ ခေတ္တရပ်နား

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် NUG ပညာရေးကျောင်းများ ခေတ္တရပ်နား

RNA_မေ(၂၆)၊၂၀၂၅ခုနှစ်။ စစ်ကောင်စီသည် စာသင်ကျောင်းများ၊ ဆေးရုံများစသည့် လူစုလူဝေး ရှိရာနေရာများကို လေကြောင်းမှ နည်းလမ်းမျိုးစုံဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း စသည့်ပစ်ခတ်တိုက်ခိုက်မှုမျိုးစုံဖြင့် လူသားများ အပေါ် စစ်ရာဇ၀တ်မှု (War crimes against humanity) ကို နေ့စဉ် ဆိုးရွားစွာကျူးလွန်နေသည့်အတွက် NUG ပညာရေးကျောင်းများအားလုံး ခေတ္တယာယီရပ်နားရန် ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က လက်နက်ကြီးပစ်ခတ်သည့်အတွက် အသက် (၆) နှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ် တစ်ဦးအပါအဝင် (၃) ဦးသေဆုံးပြီး (၁၄) ဦးဒဏ်ရာရ

ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က လက်နက်ကြီးပစ်ခတ်သည့်အတွက် အသက် (၆) နှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ် တစ်ဦးအပါအဝင် (၃) ဦးသေဆုံးပြီး (၁၄) ဦးဒဏ်ရာရ

RNA_ဇန်နဝါရီ(၁၈)၊၂၀၂၅ခုနှစ်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ညောင်ရွှေမြို့နယ်၊ ရေပူဘုရားတောင်ကျေးရွာအုပ်စု၊ ရေပူးကျေးရွာမှ စစ်ဘေးရှောင်များနေထိုင်ရာ နေရာသို့ ပအိုဝ်းပြည်သူ့စစ် (PNA)တပ်ဖွဲ့ဝင်များက ဇန်နဝါရီလ (၁၇) ရက်နေ့ နေ့လယ် (၁) နာရီ (၂၀) မိနစ်ခန့်က လက်နက်ကြီးပစ်ခတ်သည့်အတွက် အသက် (၆) နှစ်အရွယ် နန်းအေးမြင့်သန်းအပါအဝင် (၃) ဦးသေဆုံးပြီး (၁၄) ဦးအပြင်းအထန် ဒဏ်ရာရရှိသည်ဟု အင်းလေးလူထုလှုပ်ရှားမှုထံမှ သိရသည်။ အသက် (၆) နှစ်အရွယ် အေးဖြင့်သန်းသည် ဦးခေါင်း လက်နက်ကြီးထိမှန်ကာ နေရာတွင် သေဆုံးပြီး၊ ခွန်သိန်းအောင် (အသက်-၂၈ နှစ်)၊ ဦးစိုင်း (အသက် - ၅၅ နှစ်) တို့ ထပ်မံသေဆုံးကာ ၁၄ ဦး…
Read More
စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် စစ်ဘေးရှောင်ဇနီးမောင်နှံ သေဆုံးပြီး ၇ ဦးဒဏ်ရာရ

စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် စစ်ဘေးရှောင်ဇနီးမောင်နှံ သေဆုံးပြီး ၇ ဦးဒဏ်ရာရ

RNA_စက်တင်ဘာ(၁၇)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ စက်တင်ဘာလ ၁၆ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး မြင်သားရွာအတွင်း ကျရောက်ပေါက်ကွဲကာ စစ်ဘေးရှောင် ဇနီးမောင်နှံတို့ သေဆုံးခဲ့ရပြီး ဒေသခံ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြောက်ခင်ရန်းကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ၁၂၀ မမ လက်နက်ကြီးဖြင့် ၂ ကြိမ်ပစ်ခတ်ခဲ့ကြောင်း၊ သေဆုံးခဲ့သည့် ဇနီးမောင်နှံမှာ တောင်ခင်ရမ်းကျေးရွာမှ စစ်ဘေးရှောင်ရန် ရောက်ရှိနေသူများဖြစ်ကြောင်း ‌သိရသည်။ (more…)
Read More
စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး ကလေး(၂) ယောက်မိခင်ထိမှန်

စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး ကလေး(၂) ယောက်မိခင်ထိမှန်

RNA_ဖေဖော်ဝါရီ(၂၄)၊၂၀၂၃ ခုနှစ်။ ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု မဇွပ်ယန် (မဆွပ်ယန်)ကျေးရွာအတွင်းကျရောက်ပေါက်ကွဲကာ ကလေး(၂) ယောက်မိခင် ဒေါ်လခိဂျာအန့် ထိမှန်ကာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ဖားကန့်မြို့နယ်၊ ဗျူဟာကုန်းနှင့် မဇွပ်ယန်ထောင်ရှိ စစ်ကောင်စီတပ်တို့မှ မကြာခဏ လက်နက်ကြီးများ ပစ်ခတ်ကြောင်း၊ KIA တပ်လှုပ်ရှာသည်အထင်နှင့် ရမ်းသန်းပစ်ခတ်မှုများရှိသလို တိုက်ပွဲဖြစ်ပွားချိန် လက်နက်ကြီး ပစ်ကူများလည်း ပြုလုပ်လေ့ရှိကြောင်း သိရသည်။ (more…)
Read More