ပြည်သူ

ကိုယ်ဝန်ဆောင်အမျိူသမီး အပါအဝင် ၅ ဦး စစ်ကောင်စီတပ် ဖမ်းဆီးသွားပြီး ထီးလင်းမြို့နယ်ထဲမှာ သတ်ပစ် 

ကိုယ်ဝန်ဆောင်အမျိူသမီး အပါအဝင် ၅ ဦး စစ်ကောင်စီတပ် ဖမ်းဆီးသွားပြီး ထီးလင်းမြို့နယ်ထဲမှာ သတ်ပစ် 

NA_ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။ မကွေးတိုင်း ဂန့်ဂေါမြို့နယ် စမိတ်ရွာက ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးအပါအဝင် (၅) ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး ထီးလင်းမြို့နယ်ထဲမှာ အသတ်ခံထားရကြောင်း သိရသည်။ in ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် (၆).နာရီ ဝန်းကျင်က စမိတ်ရွာကို စစ်ကားများနှင့် စစ်ကောင်စီတပ်သား (၃၀) ဝန်းကျင်ရောက်ရှိလာပြီး ပြည်သူ (၅) ဦးကို ဖမ်းဆီးသွားကြောင်း၊ သတင်းအရ ရှာဖွေရာတွင် ထီးလင်းမြို့နယ် တောမရွာလမ်းခွဲအနီး အာရှပတ်လမ်း မိုင်တိုင်အမှတ် ၇၄/၆နှင့် ၇၄/၇ ကြား တောအတွင်းမှာ ရက်စက်စွာ အသတ်ခံထားရသည့် ရုပ်အလောင်း‌ (၅) ဦးတွေ့ရှိရပြီးဒီဇင်ဘာလ…
Read More
ဒီးမော့ဆို အရှေ့ဖက်ခြမ်းက စစ်ရှောင်တွေရဲ့ အခြေအနေ

ဒီးမော့ဆို အရှေ့ဖက်ခြမ်းက စစ်ရှောင်တွေရဲ့ အခြေအနေ

အားလုံးရဲ့ အိမ်မက်ဟာ အိမ်ပြန်ရဖို့ပါပဲ။ ကိုယ်ရှောင်ရှားနေရတဲ့ အန္တရာယ်ကြီးက အိမ်ဘေးမှာ ရှိနေတာကို ဘယ်သူကများ နေရဲမှာလဲ။ အားလုံးက တော့ရွာမှာ မနေရဲပေမယ့် တစ်ချို့ကတော့ ရွေ့ပြောင်းဖို့သယ်ယူ ပို့ဆောင်ဖို့ ခက်ခဲနေတဲ့ စစ်ရှောင်အချို့ကတော့ ရွာထဲမှာ ခေတ္တစောင့်ဆိုင်းရင်း တစ်ခြားဘေးလွှတ်ရာကို ပြောင်းရွေ့ဖို့ လုပ်နေကြရ July Phyo ဒီးမော့ဆို အရှေ့ဖက်ခြမ်းက စစ်ရှောင်တွေရဲ့ အခြေအနေကို ကျနော် ဆက်သွယ်သိထားရသလောက် ပြောပြချင်ပါတယ်။ဒီးမော့ဆို အရှေ့ဖက်ခြမ်းမှာ ဇွန်လ ၁၇ ရက်နေ့က စပြီး စစ်ကောင်စီတွေ ကအင်အားအများအပြားနဲ့ ရောက်လာပြီး ထီးဖိုးကလိုး ရွာမှာ တပ်ဆွဲပါတယ်။ အပစ်ရပ်လို့ ရွာပြန်နေကြတဲ့ အရှေ့ဖက်ခြမ်း စစ်ရှောင်တွေက နောက်တစ်ကြိမ် ကပြာကယာ ပဲ တောထဲကို…
Read More
ဒေါ်အောင်ဆန်းစုကြည်၏ ” ဒီကနေ့အတွက် ဒီအတွေး ”

ဒေါ်အောင်ဆန်းစုကြည်၏ ” ဒီကနေ့အတွက် ဒီအတွေး ”

“ဘာရမလဲ သာဝရာ၊ မင်းလောက်တော့ ငါပါးပါသေးတယ်ကွာ”။ “သာဝ” ဆိုတာ ဘယ်သူဘယ်ဝါမှန်းမသိပါ၊ ဒါပေမယ့် ကလေးတွေကတောင် အဓိပ္ပါယ်ကို နားလည်ကြပါတယ်။ ကျွန်မတို့လည်း ယခု ဒီအတိုင်းပါပဲ။ “သာဝ” တွေထက် လိမ္မာပါးနပ်ကြရမယ်။ စိတ်ထိန်းနိုင်ရမယ်။ “သာဝ” တွေထက်သာတဲ့ပြည်သူတွေပေါ့။ အောင်ဆန်းစုကြည် (နိုဝင်ဘာ (၃)၊ ၂၀၂၀) ရွေးကောက်ပွဲကြီးဖြစ်ဖို့ နီးပြီလေ။ နီးလာတာနဲ့အမျှ ဒီရွေးကောက်ပွဲဟာ ကျွန်မတို့နိုင်ငံအတွက် ဘယ်လောက်အရေးပါလဲဆိုတာ ပြည်သူတွေ ပို၍၊ ပို၍ သိလာကြပြီထင်ပါတယ်။ရွေးကောက်ပွဲတည်တည်ငြိမ်ငြိမ်နဲ့ဖြစ်မြောက်သွားပြီး ပြည်သူတွေရဲ့ဆန္ဒအမှန်ကို အောင်မြင်စွာဖော်ထုတ်ဖို့ဟာ အဓိကလိုအပ်ချက်ပါ။ ဒါကိုမလိုလားလို့ နည်းအမျိုးမျိုးနဲ့ ရွေးကောက်ပွဲအောင်မြင်စွာဖြစ်မြောက်ရေးကို ထိခိုက်အောင် ဆောင်ရွက်မှုတွေရှိနေတယ်ဆိုတာလည်း ပြည်သူတွေအသိပါပဲ။ဒေါသဖြစ်မယ်ဆိုရင် ဖြစ်ချင်စရာ အတော်များများ ကြုံတွေ့နေရပါတယ်။ တမင်သက်သက် ပြည်သူတွေကို မခံချင်စိတ်နဲ့ တုံ့ပြန်စေချင်လို့…
Read More