ယမ်းဂိုဒေါင်

ဂိုဒေါင်များတွင် ယမ်းသိုလှောင်မှု ရှိ မရှိ ပြည်သူများစစ်ဆေး

ဂိုဒေါင်များတွင် ယမ်းသိုလှောင်မှု ရှိ မရှိ ပြည်သူများစစ်ဆေး

RNA_ဇွန်(၉)၊၂၀၂၅ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ငြိမ်းချမ်းသာယာ(ခ)ခွန်ဆာကုန်း အပိုင်း (၃) တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ယမ်းဂိုဒေါင်ပေါက်ကွဲမှုအပြီး ပြည်သူများသည်လုပ်ငန်းခွင်များအတွင်း ယမ်းသိုလှောင်မှု ရှိ မရှိ ဇွန်လ (၈) ရက်နေ့က လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။ ငြိမ်းချမ်းသာယာ အပိုင်း(၃) အတွင်း ဇွန်လ ၆ ရက် နေ့ည ၉ နာရီကျော်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး သို့မဟုတ် ဒရုန်းဖြင့် ဗုံးသီးပစ်ခတ်မှုကြောင့် ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်ကာ ပြည်သူ (၉) ဦးသေဆုံးခဲ့ရသည့်အပြင်၊ ဇွန်လ (၃) ရက်နေ့ကလည်း ဆောင်းချိန်ကျေးရွာ ဓမ္မာရုံအနီးရှိ ကုမ္ပဏီလုပ်ကွက်တစ်ခု၏ ယမ်းဂိုဒေါင်ပေါ် ဒရုန်းဖြင့် ဗုံးကျဲချခဲ့သည့်အတွက် ပေါက်ကွဲကာ ပြည်သူ (၃) ဦးသေဆုံးရသည်။…
Read More