ဖားကန့်ဗျူဟာကုန်းရှိ အာဏာသိမ်းစစ်တပ်လက်ချက်ကြောင့် မိသားစုဝင် (၅) ဦးမှ (၃) ဦးသေဆုံး

RNA_ဒီဇင်ဘာ(၈)၊၂၀၂၅ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဗျူဟာကုန်ရှိ အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးနှင့် ဒရုန်းဗုံးတို့ကြောင့် ယနေ့ (ဒီဇင်ဘာ ၈ ရက်) နံနက် ၄ နာရီနှင့် ၅ နာရီအကြား မှော်စီစာအုပ်စု၊ မလောင်ကျေးရွာအတွင်းက နေအိမ်ပေါ်ကျရောက်ကာ မိသားစုဝင် (၅) ဦးမှ (၃) ဦးသေဆုံးသွားကာ (၇) အရွယ် လေးငယ်နှင့် ၁၆ နှစ်အရွယ်တို့သာ အသက်ရှင်ကျန်ရစ်ခဲ့ရကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်၏ လက်ချက်ကြောင့် ဖခင်ဖြစ်သူ ဦးဇော်လွင်ဦး ( အသက် ၃၇ နှစ်)၊ မိခင်ဖြစ်သူ ဒေါ်တင်မိုးလှိုင် (အသက် ၃၈ နှစ်)၊ သားဖြစ်သူ မောင်ဖြိုးဝေထွန် (အသက် ၁၃ နှစ်)တို့ သေဆုံးခဲ့ရခြင်းဖြစ်သည်။

“အိမ်က အကြီးဆုံးသား ၁၆ နှစ်က လွတ်တာ အဲဒါကလည်း ညပိုင်းကျောက်ရှာသွားနေလို့ မနက်မှပြန်လာလို့ လွတ်သွားတာပါ။ ကလေးငယ် (၇) လအရွယ်ကတော့ ရွာသားတွေက အိမ်မီးလောင်နေတဲ့ကြားက မနည်းဆွဲထုတ်လိုက်ရတာ။ မိဘတွေနဲ့ သားအလတ်ကတော့ ခန္ဓာကိုယ်တွေ ပျက်စီးနေတာ အပိုင်းအပိုင်းဖြစ်နေတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်ရှိ အာဏာသိမ်းစစ်တပ်သည် ဗျူဟာကုန်းနှင့်အခြားနေရာများတွင် အထိုင်ချထားပြီး ပြည်သူများကို ပစ်မှတ်ထားပြီး လက်နက်ကြီးပစ်ခတ်မှုနှင့် ဒရုန်းဗုံးတိုက်ခိုက်မှုများကို နေ့စဉ်နီးပါး ပြုလုပ်ကြောင်း၊ တစ်ခါတစ်ရံ တစ်ညလုံးနီးပါး ပစ်ခတ်မှုများကို ပြုလုပ်လေ့ရှိသည်ဟု ဖားကန့်ဒေသခံထံမှ သိရသည်။

#RNA #REDNEWS #RedNewsAgency

By RNA Editor