Tag: ၂၀၂၁ ခုနှစ်

  • တပ်ချစ်သူတွေအတွက် သမိုင်းမည်းပြီး သိက္ခာနည်းတဲ့ စစ်တပ်ကြီး ဖန်တီးပေးနေသူ

    တပ်ချစ်သူတွေအတွက် သမိုင်းမည်းပြီး သိက္ခာနည်းတဲ့ စစ်တပ်ကြီး ဖန်တီးပေးနေသူ

    “စစ်တပ်ရဲ့သမိုင်းမှာ မကြုံဖူးတဲ့ စစ်တပ်စခန်းပေါင်းများစွာ၊ မြို့ပေါင်းများစွာကို ဆုတ်ခွာထွက်ပြေး တပ်ပြေးတွေနဲ့ အလံဖြူထောင် လက်နက်ချခြင်းဆိုတဲ့ ရုပ်ပျက်ဆင်းပျက် အခြေနေတွေပဲဖြစ်ပါတယ်”

    ရန်နိုင် – Wiper 

    စစ်တပ်ရဲ့သမိုင်းတလျှောက် လက်ရှိစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်တပ်ကိုဦးဆောင်နိုင်မှုမှာ အညံ့ဆုံးဖြစ်ပြီး ပြည်ပရန်ကိုကာကွယ်ဖို့ တည်ထောင်ထားတဲ့ စစ်တပ်ရဲ့အင်အားတွေကို အလဟဿ ဖြုန်းတီးနေသူဖြစ်တယ်။ မင်းအောင်လှိုင် အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်တပ်ကတိုက်တိုင်းရှုံးပြီး စစ်တပ်ရဲ့တပ်ရင်းဌာနတွေ အစုလိုက်အပြုံလိုက် လက်နချ အလံဖြူထောင်နေတာတွေက ပုံမှန်ပြယုဂ်လို ဖြစ်လာခဲ့တယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းမှုနဲ့အတူ မြန်မာ့စစ်တပ်ကို လည်ပင်းကြိုးကွင်းစွပ်ပြီး ချောက်ထဲတွန်းချလိုက်ခြင်း ဖြစ်တယ်လို့ ဒေါက်တာ မီမီဝင်းဘက်ကလည်း ထိထိမိမိသုံးသပ်ထားခဲ့တယ်။

    စစ်ခေါင်းဆောင်မင်းအောင်လှိုင်က နိုင်ငံတော်အာဏာကို စစ်တပ်အားကိုးနဲ့ သိမ်းယူခဲ့ပေမယ့်လည်း ၂၀၂၁ အာဏာသိမ်းပြီးကတည်းက စစ်တပ်ဆန့်ကျင်ရေးတိုက်ပွဲတွေ တဖြည်းဖြည်းနဲ့အားကောင်းလာပြီး စစ်တပ်မုန်းတီးသူ ပြည်သူတွေသာ သိသိသာသာများပြားလာခဲ့တယ်။ အာဏာသိမ်းပြီးနောက်မှာလည်း ပြည်သူတွေရဲ့ အမြင်မှာ စစ်တပ်နဲ့စစ်သားတွေကိုစစ်ခွေးဆိုတဲ့ အသုံးအနှုန်းနဲ့  ရွံ့စရာကောင်းတဲ့ လူမဆန်သူတွေအဖြစ် သတ်မှတ်လိုက်ကြတော့တယ်။ တိုင်းပြည်အတွက် ခေါင်းမော့၊ ရင်ကော့ပြီး တိုက်ပွဲဝင်မယ်လို့ ခံယူပြီး စစ်တပ်ထဲဝင်ခဲ့ကြတဲ့ စစ်သည်တွေကတော့ ပြည်သူတွေရဲ့ အကြည့်တွေကို ရင်မဆိုင်ရဲတော့လို့ CDM ဝင်ပြီး ပြည်သူတွေကို ရပ်တည်လာခဲ့ကြတယ်။

    (more…)

  • ၂၀၂၁ ခုနှစ် နောက်ဆုံးရက်ရန်ကုန်မြို့ ညနေခင်း၊ ၂၀၂၂ ခုနှစ်မှာ ပြည်သူများ စစ်အာဏာရှင်ဘေးမှ ကင်းဝေးကြပါစေ

    ၂၀၂၁ ခုနှစ် နောက်ဆုံးရက်ရန်ကုန်မြို့ ညနေခင်း၊ ၂၀၂၂ ခုနှစ်မှာ ပြည်သူများ စစ်အာဏာရှင်ဘေးမှ ကင်းဝေးကြပါစေ

    RNA_ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်အာဏာရှင်လက်အောက်မှာ ပြည်သူတွေဟာ တော်လှန်ရေး ဆင်နွှဲနေရင်း ၂၀၂၁ ခုနှစ် နောက်ဆုံးရက် ညနေခင်းမှာ ရန်ကုန်မြို့လမ်းမတွေပေါ်မှာ သွားလာလှုပ်ရှားမှု နည်းပါးနေတာ တွေ့မြင်ရသည်။

    စစ်တပ်အာဏာသိမ်းပြီး ပြည်သူတွေ ၂၀၂၁ ခုနှစ် တနှစ်လုံးနီးပါး ဝမ်းနည်းပူဆွေးမှုတွေ မျိုးစုံနှင့် ကြုံတွေ့ခဲ့ကြရပြီး ခုခံစစ်နှင့်အတူ စစ်အာဏာရှင် အမြစ်ပြတ်ရေး အရှိန်အဟုန် မြှင့်ဆောင်ရွက်နေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်သူများ ၂၀၂၂ ခုနှစ်တွင် တော်လှန်ရေးကြီးအောင်မြင်ပါစေဟု Red News Agency က ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက စတင်လိုက်သည့် နွေဦးတော်လှန်ရေးနှင့် ခေတ်အဆက်ဆက် ဖက်ဒရယ်ဒီမိုကရေစီရှိရေး၊ တန်းတူညီမျှမှုနှင့်လူ့အခွင့်အရေးများအတွက် မပြီးပြတ်သေးသည့် တော်လှန်ရေးကြီး ၂၀၂၂ ခုနှစ်အတွင်းမှာ အောင်မြင်စေကြောင်း Red News Agency သတင်းဌာနဝိုင်းတော်သားများက ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

    မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးနှင့် ကမ္ဘာ့နိုင်ငံသားများအားလုံး စစ်အာဏာရှင်ဘေးမှ ကင်းဝေးကြပါစေ။

    Red News Agency