ထိုင်းနိုင်ငံရေး အပြောင်းအလဲကြောင့် ရွေ့ပြောင်းလုပ်သားများနှင့် နိုင်ငံရေးခိုလှုံသူများအရေး ယခုထက်အကူအညီရနိုင်သည်ဟု မျှော်လင့်နေ

RNA_မေ(၁၆)၊၂၀၂၃ ခုနှစ်။
 
ထိုင်းနိုင်ငံတွင် လူထုကတင်မြှောက်လိုက်သည့် အစိုးရအပြောင်းအလဲတွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် ရွေ့ပြောင်းလုပ်သားများအရေးနှင့် နိုင်ငံရေးခိုလှုံသူများအရေး အထောက်အကူဖြစ်နိုင်သည်ဟု မျှောင်လင့်ထားကြောင်း မြန်မာဒီမိုကရေစီရေးတွင် ထဲထဲဝင်ဝင်ပါဝင်နေသူများထံမှ သိရသည်။
 
၂၀၂၃ ခုနှစ် မေလ ၁၅ ရက်နေ့က ထုတ်ပြန်သည့် ထိုင်းနိုင်ငံ၏ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် Move forward Party ( พรรคก้าวไกล )က လွှတ်တော်ကိုယ်စားလှယ်အများဆုံး ရွေးကောက်တင်မြှောက်ခံထားရပြီး အခြားမဟာမိတ်များနှင့် ပူးပေါင်းက ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရေး ဆောင်ရွက်နေကြောင်း၊ ရွေးကောက်ပွဲအနိုင်ငံ Move forward Party ( พรรคก้าวไกล )သည် မြန်မာနိုင်ငံမှ စစ်အာဏာရှင်များ၏ လုပ်ရပ်များကို လက်မခံနိုင်သည့် ပါတီဖြစ်ကြောင်း သိရသည်။

“ထိုင်းနိုင်ငံရေးအပြောင်းအလဲက မြန်မာပြည်ဒီမိုကရေစီအရေးအပြောင်း အလဲအတွက် အနည်းလေးတော့ အသက်ရှုချောင်မယ်ထင်တယ် နောက်တန်းလုံနိုင်မယ်၊ အနည်းဆုံးတော့ ရွေ့ပြောင်းလုပ်သားအရေး ၊ နိုင်ငံရေးခိုလှုံသူတွေအရေးနဲ့ ဒီမိုကရေစီအရေး ခုခံတိုက်ပွဲဝင်နေမှုတွေအပေါ် အားပေးထောက်ခံတာတွေ ပိုပြီး လက်တွေ့ကျကျလုပ်လာနိုင်တယ်။ အနိုင်ရသွားတဲ့ Move Forward ကလည်း မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး မဲဆွယ်စည်းရုံးရေးကာလမှာတွေကတည်းက ထုတ်ပြန်ကြေငြာချက်တွေ တရားဝင် လူသိရှင်ကြားထုတ်ပြန်အားပေးတာတွေရှိတယ်။ အာဆီယံနိုင်ငံတွေထဲမှာ မလေး ၊ အင်ဒိုတို့လို မြန်မာပြည်အရေးကို အထူးအပေးပြီး ဒီမိုကရေစီစံနှုန်းတွေအရ တွန်းအားပေးထောက်ခံတဲ့ နိုင်ငံတစ်ခုအနေနဲ့ မြင်လာရနိုင်တယ်” ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စစ်အာဏာရှင်ဆန့်ကျင်ရေး မြို့နယ်သပိတ်ခေါင်းဆောင်တဦးက ပြောသည်။
 
พรรคก้าวไกล – Move Forward Party ရွေးကောက်ပွဲအနိုင်ရပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် ပါတီခေါင်းဆောင်က မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အဆီယံ ဘုံသဘောတူညီချက် အကောင်အထည်ဖော်ရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း၊ လူသားချင်းစာနာမှု အထောက်အပံ့အတွင် စစ်ကင်းမဲဇုန်ဖော်ဆောင်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့်ပေါင်းပြီး မြန်မာပြည်သူများ နိုင်ငံရေးဖြေရှင်းလာနိုင်ရေးစသည်တို့ကို ကူညီဆောင်သွားမည်ဟု ပြောကြားထားသည်။
#RedNewsAgency
By Editor