Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင်ကျဆုံး

Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင် ကျဆုံး၊ တိုက်ပွဲမှာ တောင်စွန်း BGF စခန်း () ကိုသိမ်းပိုက်ထား

RNA_ဇန်နဝါရီ၂၊၂၀၂၃ခုနှစ်။

ကရင်ပြည်နယ်၊ ဘုရားသုံးဆူလမ်းပေါ်ရှိ တောင်စွန်း BGF စခန်း () ခုကို သိမ်းထားနိုင်ပြီး Lion Battalion Commandoဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင် () အနဲ့နှင့်ပူးပေါင်းတပ်ဖွဲ့မှရဲဘော်တချို့ကျဆုံးခဲ့ရကြောင်းသိရသည်။

တိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံးရှိနေပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူများပါ ပြုလုပ်နေကြောင်း၊ ကော့ကရိတ်မြို့အနီးပါအဝင် ဘုရားသုံးဆူအထိ ကျေးရွာများဘက်တွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ ပတ်ကြာမြင့်နေပြီဖြစ်ပြီး စစ်ကောင်စီဘက်က အသေအဆုံးများနေကြောင်း နောက်ဆုံးစခန်းကုန်းနှင့်ယခုလက်ရှိအချိန်ထိ အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေပြီး ရန်သူ့လေကြောင်းစစ်ကူများအကြားမှ အောင်ပွဲဆင်သွားမည်ဟု Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ  ဗျူဟာမှူးကျော့အယ်စေးဝါးကပြောကြားထားသည်။

ဘုရားသုံးဆူလမ်းပေါ်ရှိ တောင်စွန်း BGF စခန်းကို Lion Battalion Commando-ဗျူဟာစစ်ကြောင်း၊  KNLAနှင့် ပူးပေါင်းအဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ BGF စခန်း၂ခုကိုယနေ့နံနကပိုင်းမှာသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

Red News Agency

By Editor