Tag: RNA

  • UEC ဒုတိယညွှန်ကြားရေးမှူးချုပ်ကို သတ်ဖြတ်သည်ဟု စွပ်စွဲကာ လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

    UEC ဒုတိယညွှန်ကြားရေးမှူးချုပ်ကို သတ်ဖြတ်သည်ဟု စွပ်စွဲကာ လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

    RNA_မေ(၂၁)၊၂၀၂၃ ခုနှစ်။

    UEC ဒုတိယညွှန်ကြားရေးမှူးချုပ် စိုင်းကျော်သူအပါ အဝင် အခြားသူများကိုပါ သတ်ဖြတ်ခဲ့ခြင်းနှင့် Yangon Revolution Force-YRF အဖွဲ့ဝင်များဟု စွပ်စွဲကာ လူငယ် (၁၀) ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း သိရသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် စိုင်းကျော်သူကို ဧပြီလ ၂၂ ရက်နေ့က လုပ်ကြံသတ်ဖြတ်သူဟု စွပ်စွဲကာ ကိုအာကာထက်ကျော် (ခ)အောင်သုခအား မေ ၁၂ ရက်နေ့က Glock ပစ္စတို ၁ လက်၊ ၉ မမ ကျည် ၂၀ တောင့်နှင့်အတူ စမ်းချောင်းမြို့နယ်၊ လင်း လွန်းမြောက်ရပ်ကွက်၊ ဇလွန်လမ်း၊ (၅)လွှာ(A)၊ အိမ်အမှတ် (၃၅)မှာ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။

    (more…)

  • မတ်လ ၁၂ ရက်မှ ၁၈ ရက်နေ့အထိ ၂၄ နာရီ မီးဖြတ်မည့်နေရာ တော်တော်များရှိ

    မတ်လ ၁၂ ရက်မှ ၁၈ ရက်နေ့အထိ ၂၄ နာရီ မီးဖြတ်မည့်နေရာ တော်တော်များရှိ

    RNA_မတ် ၆၊၂၀၂၂ခုနှစ်။

    မတ်လ ၁၂ ရက်မှ ၁၈ ရက်နေ့အထိ (၂၄) နာရီလုံး မီးဖြတ်မည့် နေရာတော်တော်များများ ရှိနေကြောင်း စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာက ယနေ့ ထုတ်ပြန်လိုက်သည်။

    ရွှေကမ်းလွန်စီမံကိန်းတွင် ထပ်မံတူးဖော်တွေ့ရှိသော တွင်းသစ်(၂)တွင်းမှ သဘာဝဓာတ်ငွေ့များကို လက်ရှိပိုက်လိုင်းအတွင်းသို့ ထည့်သွင်းပို့လွှတ်နိုင်ရန်အတွက် ရေအောက်ပိုက်လိုင်း ဆက်သွယ် ခြင်းလုပ်ငန်းများကို မတ်လ ၁၂ ရက်မှ ၁၈ရက်အထိ ဆောင်ရွက်မည် ဖြစ်၍ ထိုကာလအတွင်း နေရာအချို့ကို မီးဖြတ်ထားမည်ဟု ကြေညာခဲ့သည်။ (more…)

  • ၂၀၂၁ ခုနှစ် နောက်ဆုံးရက်ရန်ကုန်မြို့ ညနေခင်း၊ ၂၀၂၂ ခုနှစ်မှာ ပြည်သူများ စစ်အာဏာရှင်ဘေးမှ ကင်းဝေးကြပါစေ

    ၂၀၂၁ ခုနှစ် နောက်ဆုံးရက်ရန်ကုန်မြို့ ညနေခင်း၊ ၂၀၂၂ ခုနှစ်မှာ ပြည်သူများ စစ်အာဏာရှင်ဘေးမှ ကင်းဝေးကြပါစေ

    RNA_ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်အာဏာရှင်လက်အောက်မှာ ပြည်သူတွေဟာ တော်လှန်ရေး ဆင်နွှဲနေရင်း ၂၀၂၁ ခုနှစ် နောက်ဆုံးရက် ညနေခင်းမှာ ရန်ကုန်မြို့လမ်းမတွေပေါ်မှာ သွားလာလှုပ်ရှားမှု နည်းပါးနေတာ တွေ့မြင်ရသည်။

    စစ်တပ်အာဏာသိမ်းပြီး ပြည်သူတွေ ၂၀၂၁ ခုနှစ် တနှစ်လုံးနီးပါး ဝမ်းနည်းပူဆွေးမှုတွေ မျိုးစုံနှင့် ကြုံတွေ့ခဲ့ကြရပြီး ခုခံစစ်နှင့်အတူ စစ်အာဏာရှင် အမြစ်ပြတ်ရေး အရှိန်အဟုန် မြှင့်ဆောင်ရွက်နေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်သူများ ၂၀၂၂ ခုနှစ်တွင် တော်လှန်ရေးကြီးအောင်မြင်ပါစေဟု Red News Agency က ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက စတင်လိုက်သည့် နွေဦးတော်လှန်ရေးနှင့် ခေတ်အဆက်ဆက် ဖက်ဒရယ်ဒီမိုကရေစီရှိရေး၊ တန်းတူညီမျှမှုနှင့်လူ့အခွင့်အရေးများအတွက် မပြီးပြတ်သေးသည့် တော်လှန်ရေးကြီး ၂၀၂၂ ခုနှစ်အတွင်းမှာ အောင်မြင်စေကြောင်း Red News Agency သတင်းဌာနဝိုင်းတော်သားများက ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

    မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးနှင့် ကမ္ဘာ့နိုင်ငံသားများအားလုံး စစ်အာဏာရှင်ဘေးမှ ကင်းဝေးကြပါစေ။

    Red News Agency

  • အဖွဲ့လိုက်ကြီး အထီးကျန်နေတဲ့ အာဏာသိမ်းအဖွဲ့

    အဖွဲ့လိုက်ကြီး အထီးကျန်နေတဲ့ အာဏာသိမ်းအဖွဲ့

    စစ်အာဏာရှင် စနစ်ကို တွန်းလှန်တိုက်ခိုက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည့်အတွက် ယခု ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးသည်ကား အဆုံးသတ်တိုက်ပွဲ

    RNA-အယ်ဒီတာ ၊ မတ် ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။

    ပြည်သူ့အစိုးရထံမှ အဓမ္မ အာဏာသိမ်းယူခဲ့သည့် မင်းအောင်လှိုင် ဦးဆောင်သည့် လက်နက်ကိုင်အဖွဲ့ကို ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA) မှ ဗိုလ်ချုပ် ဂွမ်မော်က ”အထီးကျန်” ဆိုတာ တယောက်ထဲကို ပြောတာလို့ဘဲ နားလည်ခဲ့တာလေ၊ “အဖွဲ့လိုက်”ကြီး အထီးကျန် သွားလိမ့်မယ်လို့ တခါမှ မစဥ်းစားခဲ့မိဘူး ” ဟု ရေးသား ခဲ့သည်။

    ဒီကနေ့ နေပြည်တော်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့က စစ်ရေးပြအခမ်းအနားပြုလုပ်ခဲ့ရာ ပြည်တွင်း အရပ်ဖက်အဖွဲ့အစည်းများ၊ သံရုံးကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများတို့က တက်ရောက်​ခြင်း မပြုဘဲ အာဏာသိမ်းအဖွဲ့နှင့် ခပ်ကင်းကင်း နေခဲ့ကြသည်။

    မင်းအောင်လှိုင်ဦးဆောင်သည့် အာဏာသိမ်းအစိုးရကို ကမ္ဘာ့နိုင်ငံ အများအပြားအပါအဝင်၊ ပြည်သူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက လက်မခံသည့်အတွက် နည်းမျိုးစုံဖြင့် ဆန့်ကျင်နေပြီး၊ ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ပြည်သူ ၃၀၀ ကျော်ကို မင်းအောင်လှိုင်ကို အကာအကွယ်ပေးနေသည့် လက်နက်ကိုင်များက အကြမ်းဖက် ဖြိုခွင်း သတ်ဖြတ်နေသည်။

    (more…)