စစ်အာဏာရှင်စနစ်အလိုမရှိ

၂၀၂၁ ခုနှစ် နောက်ဆုံးရက်ရန်ကုန်မြို့ ညနေခင်း၊ ၂၀၂၂ ခုနှစ်မှာ ပြည်သူများ စစ်အာဏာရှင်ဘေးမှ ကင်းဝေးကြပါစေ

၂၀၂၁ ခုနှစ် နောက်ဆုံးရက်ရန်ကုန်မြို့ ညနေခင်း၊ ၂၀၂၂ ခုနှစ်မှာ ပြည်သူများ စစ်အာဏာရှင်ဘေးမှ ကင်းဝေးကြပါစေ

RNA_ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်အာဏာရှင်လက်အောက်မှာ ပြည်သူတွေဟာ တော်လှန်ရေး ဆင်နွှဲနေရင်း ၂၀၂၁ ခုနှစ် နောက်ဆုံးရက် ညနေခင်းမှာ ရန်ကုန်မြို့လမ်းမတွေပေါ်မှာ သွားလာလှုပ်ရှားမှု နည်းပါးနေတာ တွေ့မြင်ရသည်။ စစ်တပ်အာဏာသိမ်းပြီး ပြည်သူတွေ ၂၀၂၁ ခုနှစ် တနှစ်လုံးနီးပါး ဝမ်းနည်းပူဆွေးမှုတွေ မျိုးစုံနှင့် ကြုံတွေ့ခဲ့ကြရပြီး ခုခံစစ်နှင့်အတူ စစ်အာဏာရှင် အမြစ်ပြတ်ရေး အရှိန်အဟုန် မြှင့်ဆောင်ရွက်နေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်သူများ ၂၀၂၂ ခုနှစ်တွင် တော်လှန်ရေးကြီးအောင်မြင်ပါစေဟု Red News Agency က ဆုမွန်ကောင်း တောင်းလိုက်ပါသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက စတင်လိုက်သည့် နွေဦးတော်လှန်ရေးနှင့် ခေတ်အဆက်ဆက် ဖက်ဒရယ်ဒီမိုကရေစီရှိရေး၊…
Read More
အဖွဲ့လိုက်ကြီး အထီးကျန်နေတဲ့ အာဏာသိမ်းအဖွဲ့

အဖွဲ့လိုက်ကြီး အထီးကျန်နေတဲ့ အာဏာသိမ်းအဖွဲ့

စစ်အာဏာရှင် စနစ်ကို တွန်းလှန်တိုက်ခိုက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည့်အတွက် ယခု ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးသည်ကား အဆုံးသတ်တိုက်ပွဲ RNA-အယ်ဒီတာ ၊ မတ် ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ ပြည်သူ့အစိုးရထံမှ အဓမ္မ အာဏာသိမ်းယူခဲ့သည့် မင်းအောင်လှိုင် ဦးဆောင်သည့် လက်နက်ကိုင်အဖွဲ့ကို ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA) မှ ဗိုလ်ချုပ် ဂွမ်မော်က ”အထီးကျန်" ဆိုတာ တယောက်ထဲကို ပြောတာလို့ဘဲ နားလည်ခဲ့တာလေ၊ "အဖွဲ့လိုက်"ကြီး အထီးကျန် သွားလိမ့်မယ်လို့ တခါမှ မစဥ်းစားခဲ့မိဘူး ” ဟု ရေးသား ခဲ့သည်။ ဒီကနေ့ နေပြည်တော်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့က…
Read More
စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သံပုံးတီးကမ်ပိန်း ပြုလုပ်

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သံပုံးတီးကမ်ပိန်း ပြုလုပ်

ကိုကိုလွင်။ ပုလဲ၊ ဖေဖော်ဝါရီ ၄ ရက်။ စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သော မုံရွာမြို့တွင်သာမက ကျေးလက်တောရွာများပါ စစ်အာဏာရှင်စနစ် ကန့်ကွက်ဆန့်ကျင်ရေးကို “ကမ္ဘာမကြေဘူး” သီချင်းဖြင့် သံပုံးတီးကမ်ပိန်းကို ဖေဖော်ဝါရီလ ၄ ရက် ည ၈ နာရီက ပြုလုပ်ခဲ့သည်။ “ရန်ကုန်၊ မန္တလေး၊ မုံရွာ မြို့ကြီးတွေကတော့ အရင်ညတွေကတည်းက သံပုံးတီးကမ်း လုပ်နေကြတယ်၊ ပုလဲမြို့ပေါ်လည်း မနေ့ညက လုပ်တယ်လို့ သိရတယ်၊ ကျွန်တော်တို့ တောရွာတွေကတော့ ဒီနေ့ည စလုပ်တယ်၊ ညတိုင်း ၈ နာရီထိုးတာနဲ့ ဆက်လုပ်သွားမယ်” ဟု ပုလဲမြို့နယ်မှ ကိုမြဝင်းကပြောသည်။ Red News Agency
Read More