20
Mar
ပြည်သူတွေအနေနဲ့”အောင်စိတ်”နဲ့သာ ယုံနေဖို့၊အထိအခိုက်အကျအဆုံးအနဲဆုံးနည်းတွေနဲ့ ပြင်ဆင်ဖို့၊မျိုးဆက်တခုနဲ့တခုကြားစိတ်ဝမ်းကွဲသွေးခွဲစကားအပြုအမူတွေကို အဝင်မခံပဲတသားထဲ တခုထဲဖြစ်နေဖို့ပါပဲ မင်းကိုနိုင် တော်လှန်ရေးတိုင်းရဲ့ သင်္ကေတဟာ လှိုင်းလုံးကြီးများလိုပါ။ အမြင့်ဆုံးတက်လိုက် နိမ့်ကျလိုက် ပြီးရင် ကျရှိန်နဲ့ ပြန်မြင့်တက်လိုက် ၊ ဒီလိုနဲ့ပဲ လိုရာကမ်းခြေ ရောက်မြဲပါ။ မြို့ပြကြီးတွေရဲ့ လမ်းမလမ်းခွဆုံတွေမှာ အနုပညာရှင်တွေ၊ထင်ရှားသြဇာကြီးသူတွေနဲ့ အောင်လံစုံ တလူလူလွှင့်၊သပိတ်မျိုးစုံ၊ ပိုစတာစုံ၊ပါဖောင်းမင့်စုံတွေနဲ့၊ဝန်းရံသူတွေအပြည့်နဲ့လူပင်လယ်သပိတ်မျိုးလည်း ဖန်တီးနိုင်ခဲ့သလို၊လမ်းတွေပိတ်ဆို့ ခုခံကာကွယ်ရ၊ပြောက်ကြားသပိတ်ဆင်နွှဲရ၊လူမဲ့သပိတ်တွေနဲ့တုန့်ပြန်ရတာတွေဟာလည်းရှိရမြဲပါ။ ကြုံသမျှအခြေအနေအပေါ်ရရာနည်းနဲ့ အာခံပြ၊အညံ့မခံတွန်းလှန်ဆဲဖြစ်ကြောင်းကမ္ဘာကိုပြရတာပါပဲ။ လှိုင်းလုံးကြီးတွေကျရှိန်နဲ့ပြန်တက်ချိန်ကို ကြိုပြင်ကြရာမှာ ယုံကြည်မှုသာ အင်အားပါ။ CDM သပိတ်တွေကြောင့် စစ်ကောင်စီဟာ အစိုးရဖြစ်ခွင့်တောင် အိပ်မက်မက်ခွင့်မရှိအောင် ယန္တယားတွေ ဆွံ့အသွားပါပြီ။ တိုင်းရင်းသားဒေသတွေမှာ EAO အပါအဝင်အဖွဲ့အစည်းပေါင်းစုံရဲ့ လုပ်နိုင်စွမ်းစည်းရုံးနိုင်စွမ်းတွေကြောင့် CDM ဝန်ထမ်းတွေ စစ်ကောင်စီရဲ့ လက်နက်ကိုင်တွေ စုပေါင်းအင်အားရာကျော်ထောင်ချီ ခိုလှုံပူးပေါင်းလာကြလို့ နေရာချစီစဥ်…