Tag: စစ်ကိုင်းတိုင်း

  • ရိက္ခာပြတ်လပ်နေသော စစ်ကောင်စီလက်အောက်ခံများ ပြည်သူများကိုဖမ်းပြီး ရိက္ခာနှင့်လဲလှယ်နေရ

    ရိက္ခာပြတ်လပ်နေသော စစ်ကောင်စီလက်အောက်ခံများ ပြည်သူများကိုဖမ်းပြီး ရိက္ခာနှင့်လဲလှယ်နေရ

    RNA_စက်တင်ဘာ(၈)၊၂၀၂၄ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်နယ်မြေရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံများ ရိက္ခာပြတ်လပ်နေသည့်အတွက် ဒေသခံပြည်သူများကို ဖမ်းဆီးပြီး ရိက္ခာနှင့်လဲလှယ်နေရသည်ဟု သိရသည်။

    ကန့်ဒေါင့်နယ်မြေရဲစခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် ၄ နာရီခန့်က သရက်လှကျေးရွာသို့ ရောက်ရှိပြီး ပြည်သူ ၁၅ ဦးနှင့် နွား ၂ ကောင်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြည်သူများကို ရိက္ခာနှင့်လဲလှယ်ခဲ့သည်ဟု ဒေသခံ ရွာသားတဦးက ပြောကြားထားသည်။

    (more…)

  • ဒီပဲယင်းမြို့တိုက်ပွဲတွင် အချုပ်သား (၂၀) ဦးနှင့် ပြည်သူ ၇၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့

    ဒီပဲယင်းမြို့တိုက်ပွဲတွင် အချုပ်သား (၂၀) ဦးနှင့် ပြည်သူ ၇၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့

    RNA_ဩဂုတ်(၂၁)၊၂၀၂၄ ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့တွင်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၈ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် (၄) ဦးကျဆုံးခဲ့ရကာ အချုပ်သား (၂၀) ဦးနှင့် ပြည်သူ ၇၀ ကျော်ကိုယ် ကယ်ထုတ်နိုင်ခဲ့သည်ဟု အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။
     
    ဩဂုတ်လ ၁၈ ရက်နေ့က ဒီပဲယင်းမြို့တွင်းရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားသော ရဲစခန်း၊ ထွေအုပ်ရုံး၊ ဝန်ထမ်းအိမ်ရာ၊ ရွှေဇာလီဘုရား၊ စာရင်းစစ်ရုံး၊ ဇွဲစားသောက်ဆိုင်နှင့် အထက ကျောင်းတို့အား တိုက်ခိုက် သိမ်းပိုက်ခြင်းဖြစ်ပြီးနောက် မြို့တွင်းပိတ်မိနေသည့် ပြည်သူများနှင့် ဖမ်းဆီးခံထားရသည့် အချုပ်သားများကို ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

    (more…)

  • ဒီပဲယင်းမြို့သိမ်းခံရပြီးနောက် စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ပြန်ဆင်နေ

    ဒီပဲယင်းမြို့သိမ်းခံရပြီးနောက် စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ပြန်ဆင်နေ

    RNA_ဩဂုတ်(၁၈)၊၂၀၂၄ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ကို ယနေ့ နံနက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများက တိုက်ခိူက်သိမ်းပိုက်နိုင်ခဲ့သော်လည်း ညနေပိုင်းတွင် စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုပြီး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသည့်အတွက် ယနေ့ည မြန်မာစံတော်ချိန် (၆) နာရီ (၃၀) မိိစ်ခန့်အထိ တိုက်ပွဲပြင်းထန်နေကြောင်း Anyar Defense Force ထံမှ သိရသည်။

    ယမန်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများက ဒီပဲရင်းမြို့ရှိ စစ်ကောင်စီတပ်စွဲထားသော ရဲစခန်း၊ ထွေအုပ်ရုံး၊ တရားရုံးနှင့် ဝန်ထမ်းအိမ်ယာစသည်တို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာနေသည့်အတိုက် မြို့မပျက်စီးရေးအတွက် တော်လှန်ရေးအင်အားများ ယာယီပြန်ဆုတ်ရနိုင်သည့် အခြေအနေ ဖြစ်ပေါ်နေသည်ဟု တိုက်ပွဲဝင် ရဲဘော်တချို့ထံမှ သိရသည်။

    #RedNewsAgency #RNA

  • ကျီကုန်းကျေးရွာတံတား တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၁၆) ဦးခန့်သေဆုံး

    ကျီကုန်းကျေးရွာတံတား တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၁၆) ဦးခန့်သေဆုံး

    RNA_ဇူလိုင်(၂၅)၊၂၀၂၄ ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျီကုန်းကျေးရွာ တံတားပတ်ဝန်းကျင်တွင် ယာယီတပ်စွဲ ကင်းစောင့်နေသော စစ်ကောင်စီလက်အောက်ခံများ ယမန်နေ့ ညနေ ၃ နာရီ ၂၀ မိနစ်ခန့်က တိုက်ခိုက်ခံရပြီး (၁၆) ဦးမနည်းသေဆုံးပြီး လက်နက် (၁၆) နှင့်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
    [embedyt] https://www.youtube.com/watch?v=4_DgMYRivCA[/embedyt]
     
    တံတားယာယီတပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံများကို ဗိုလ်ပိုင်ချဲ ( ကန့်ဘလူခရိုင် အထူးလှုပ်ရှားတပ်ရင်း) နှင့် JH (KU) စသည့် ပူးပေါင်းတပ်ဖွဲ့ရဲဘော်များက တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်းမှ ကာဘိုင်အမျိုးအစား သေနတ် ၁၀ လက်၊ 79 မမ ၁ လက်၊ ပြောင်းချော သေနတ် ၁ လက်၊ G3 သေနတ် ၃လက်၊ MA1 သေနတ် ၁ လက်စသည်တို့ကို သိမ်းဆည်းရမိပြီး ကင်းတဲ့စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကန့်ဘလူမြို့နယ် ပကဖ အဖွဲ့ဝင်တဦးထံမှ သိရသည်။
     
    စစ်ကောင်စီလက်အောက်ခံများ သေဆုံးမှုပါဝင်သည့် ရုပ်သံ အပြည့်အစုံကြည့်ရန် >>> https://t.me/rednewsagency/7190
     
    #RedNewsAgency

  • ဗကသများအဖွဲ့ချုပ်ဝင် ရဲဘော်မြင့်မြတ်ဦး သတ်ခံရသည့်ကိစ္စ အမြန်ဆုံးဖြေရှင်းပေးရန် NUG ကိုနောက်ဆုံးအကြိမ် တောင်းဆိုသတိပေး

    ဗကသများအဖွဲ့ချုပ်ဝင် ရဲဘော်မြင့်မြတ်ဦး သတ်ခံရသည့်ကိစ္စ အမြန်ဆုံးဖြေရှင်းပေးရန် NUG ကိုနောက်ဆုံးအကြိမ် တောင်းဆိုသတိပေး

    RNA_ဇူလိုင်(၁၀)၊၂၀၂၄ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာတွင်နေထိုင်သော ဝက်လက်မြို့နယ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ရဲဘော်မြင့်မြတ်ဦး (အသက် ၁၆ နှစ်) ရွာပြင်သုဿာန်မှ အင်တာနက်သုံးပြီး အိမ်ပြန်လမ်းတွင် လည်ပင်းကို လှီးဖြတ် သတ်ခံရမှုနှင့်ပတ်သက်ပြီး NUG ကို ဗကသများအဖွဲ့ချုပ်က နောက်ဆုံးအကြိမ် တောင်းဆိုအသိပေး အိတ်ဖွင့်ပေးစာ ပို့ထားသည်။

    အမျိုးသားညီညွတ်ရေး အစိုးရ- NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ အမြန်ဆုံးတွေ့ဆုံ စကားပြောဖြေရှင်းပေးရန် ဗကသများအဖွဲ့ချုပ်က တောင်းဆိုထားပြီး၊ ရဲဘော်မြင့်မြတ်ဦး သတ်ခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး ဝက်လက်မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းလည်ပတ်မှုများအပေါ် မေးခွန်းထုတ်သည့် ကြေညာချက်ကိုလည်း ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • ပုလဲမြို့တွင်း ဝင်တိုက်ပြီး တော်လှန်ရေးတပ်များက (၂) နာရီကျော် ထိန်းချုပ်ထားနိုင်ခဲ့

    ပုလဲမြို့တွင်း ဝင်တိုက်ပြီး တော်လှန်ရေးတပ်များက (၂) နာရီကျော် ထိန်းချုပ်ထားနိုင်ခဲ့

    RNA_ဇူလိုင်(၈)၊၂၀၂၄ ခုနှစ်။
    စစ်ကိုင်းတိုင်း၊ ပုလဲမြို့တွင်း၊ စစ်ကောင်စီတပ် တပ်စွဲထားသော စုပေါင်းရုံးနှင့် ရဲစခန်းတို့အား တော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး ယမန်နေ့က တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ပြီး ပုလဲမြို့အား (၂) နာရီကျော် ထိန်းချုပ်နိုင်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ထံမှ သိရသည််။
    [embedyt] https://www.youtube.com/watch?v=L1FeL5k09l4[/embedyt]
    “တိုက်ပွဲကြာမြင့်ချိန် ၃နာရီခန့်ကြာမြင့်ခဲ့ပြီး ပုလဲမြို့အား ၂နာရီကျော်ထိန်းချုပ်နိုင်ခဲ့သည်။တိုက်ပွဲတွင်း ရန်သူ့ဘန်ကာတစ်ချို့ရရှိိခဲ့ပြီး စကစပြည်သူ့စစ်အဖွဲ့ဝင်၂ဦးအားဖမ်းဆီးရမိခဲ့သည်။ဖမ်းဆီးရမိသော စကစပြည်သူ့စစ်အဖွဲ့ဝင်၂ဦးအား မြို့နယ် ပအဖအဖွဲ့ထံသို့ အပ်နှံခဲ့သည်” ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ထုတ်ပြန်ထားသည်။

    (more…)

  • နံ့သာရွာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် ဗိုလ်ကြီးပြုံးမောင်မောင်အပါအဝင် (၁၄) ဦးသေဆုံး

    နံ့သာရွာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် ဗိုလ်ကြီးပြုံးမောင်မောင်အပါအဝင် (၁၄) ဦးသေဆုံး

    RNA_ဇွန်(၂၉)၊၂၀၂၄ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နံ့သာရွာ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် စခန်းဦးစီး ဗိုလ်ကြီး ပြုံးမောင်မောင် အပါအဝင် (၁၄) ဦးသေဆုံးပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိကြောင်း အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။

    ဗိုလ်ကြီး ပြုံးမောင်မောင်ဦးစီးသော တပ်မ-၇၇ လက်အောက်ခံ ခလရ-၆ အင်အား (၁၄) ဦးအား ကသာခရိုင် တပ်ရင်း-၂၊ EAOs (KIA) နှင့် အင်းတော်မြို့နယ် ပကဖတို့ ပူးပေါင်းပြီး ဇွန်လ ၂၈ ရက်နေ့ နံနက် ၄ နာရီမှ နံနက် ၁၀ နာရီထိ တိုက်ခိုက်ခဲ့ပြီးစခန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

    (more…)

  • လမ်းမပေါ်က အလှူခံမဏ္ဍပ်များ

    လမ်းမပေါ်က အလှူခံမဏ္ဍပ်များ

    လမ်းမပေါ်က အလှူခံမဏ္ဍပ်များ
     
    ခေတ်ငြိမ်းအေး
     
    “လက်ညိုးထိုးမလွှဲတဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးအသုံးစရိတ်နှင့် စခန်းစရိတ်တွေကို ပြည်တွင်းပြည်ပ အလှူရှင်များ အင်တိုက်အားတိုက် ကူညီနေကြပေမယ့် လုံလောက်တဲ့ အနေအထားမဟုတ်ပေ။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကလည်း တပ်ရင်းဘယ်လောက် တပ်ဖွဲ့ ဘယ်လောက်လို့ ပြောပေမဲ့ အလုံးစုံ ပြည့်စုံအောင် ထောက်ပံ့မထားနိုင်တာ အားလုံးအသိဖြစ်ပါတယ်”
    [embedyt] https://www.youtube.com/watch?v=ksKJ2dtj40A[/embedyt]
    Red News Agency

  • BNRA အပတ်စဉ် (၁) သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနားပြုလုပ်

    BNRA အပတ်စဉ် (၁) သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနားပြုလုပ်

    RNA_ဇွန်(၂၄)၊၂၀၂၄ ခုနှစ်။

    ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အပတ်စဥ် – ၁ သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်းအခမ်းအနား ပြုလုပ်ခဲ့ပြီး BNRA စစ်ဦးစီးချုပ် ဗိုလ်နဂါး ၊BNRAအတွင်းရေးမှူး နှင့် စစ်ဆင်ရေးတာဝန်ခံတို့မှ မိန့်ခွန်းများပြောကြားပြိး လက်နက်တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

    BNRA အပတ်စဉ် ၁ သင်တန်းတွင် အထူးကွန်မန်ဒို၊ အထူးချေးမှုန်းရေး၊ အထူးလက်ဖြောင့် ၊ စစ်ဆင်ရေးတွင် အဓိကကြသော စစ်ရေးလေ့ကျင့်မှုများ နှင့် စစ်သည်တော်ကျင့်ဝတ်များအား စာတွေ့ လက်တွေ့ ဖြင့်စနစ်တကျလေ့ကျင့် သင်ကြားမှုသင်တန်းဆင်းပွဲကို မေလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ယမန်နေ့က ထုတ်ပြန်ကြေညာထားသည်။

    #RedNewsAgency

  • လမ်းမပေါ်က အလှူခံမဏ္ဍပ်များ

    လမ်းမပေါ်က အလှူခံမဏ္ဍပ်များ

    လမ်းမပေါ်တက် အလှူခံပြီး ရံပုံငွေရှာတာကို ဒုတိယအချက်အနေနဲ့ စဥ်းစားရမှာက စစ်ကောင်စီဂိတ်တွေနဲ့ နီးတဲ့အပြင် အထင်ကရလမ်းမကြီးပေါ်ဖြစ်တာကြောင့် မကြာခဏဆိုသလို အဲ့ဒီလမ်းပိုင်းပေါ်က တော်လှန်လူငယ်တွေက စစ်တပ်ရဲ့ စစ်ရေးပစ်မှတ်ဖြစ်နေရတယ်။ ဥပမာ စစ်သားတွေက စစ်ကိုင်းဖက်က ဂိတ်တခုကနေ ခရီးသွားယာဥ်ပေါ်တက်လိုက်လာတယ်။ အလှူခံနေတဲ့ ဂိတ်ရောက်မှ ကားမရပ်ခိုင်းဘဲ ကားပေါ်ကနေ သေနတ်နဲ့ပစ်သွားတယ်။ လူငယ်တွေမှာ ပြဆင်ဆင်ချိန်မရှိ ခုခံမှုမရှိ အသက်ပေးရတယ်”

    ခေတ်ငြိမ်းအေး

    ကျွန်မ  မန္တလေးကနေ မုံရွာကို ကားနဲ့သွားတဲ့နေ့က လမ်းမှာလည်း ကျွန်မက လှတပတဝတ်စားထားပြီး မုန့်တွေတမျိုးပြီးတမျိုးစားပြီး လိုက်လာတာပေါ့။ ကြည့်လိုက်တာနဲ့ ပိုက်ဆံသုံးနိုင်တဲ့သူမှန်း သိသာနေတာမျိုးပဲ။ ကျွန်မစီးလာတဲ့ ကားက မန္တလေးကနေ စစ်ကိုင်းမြို့ကိုဖြတ်ပြီး မန္တလေး မုံရွာလမ်းမကြီးပေါ်အတိုင်း မှန်မှန်မောင်းလာရင်း ကားကို PDF ရဲဘော်တွေက တားကြတယ်။ စစ်ဆေးရေးဂိတ်လားလို့ ထင်ပေမယ့် သူတို့ အလှူခံနေကြတာဖြစ်တယ်။ ဆယ်မိနစ်လောက်ကားစီးပြီးရင် တဖွဲ့ တခါ နောက်ဆယ်မိနစ်ကျော်လောက် ကားစီးပြီးရင် တဖွဲ့နဲ့ တော်လှန်ရေးအဖွဲ့တွေ အလှူခံနေကြတာ အဲ့လမ်းပိုင်းလေးမှာတင် ဆယ်ဖွဲ့ကျော်တယ်။ 

    အဲ့ဒီတော်လှန်ရေးသမားတွေ ထွက်အလှူခံတဲ့ လမ်းပိုင်းနာမည်က ချောင်းဦး မြင်းမူး စစ်ကိုင်း လမ်းပိုင်းဖြစ်ပြီး အဲ့ဒီလမ်းက မုံရွာကနေ မန္တလေးကို သွားတဲ့ လမ်းပိုင်း တခုဖြစ်တယ်။ အဲ့ဒီလမ်းက မုံရွာမြို့အပြင် မုံရွာမြို့နှင့် အနီးတဝိုက် မြို့နယ်များမှ ရန်ကုန် မန္တလေး အစရှိသော မြို့ကြီးတွေကို သွားလာနိုင်တဲ့ တခုတည်းသော လမ်းဖြစ်တယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးမှာ စစ်ကိုင်းတိုင်းက ပုံစံမျိုးစုံနဲ့ နေရာပေါင်းစုံတွင် တက်အားသ၍ ပါဝင်နေသော နေရာတခုဖြစ်တယ်ဆိုတာ ထူးပြီးပြောပြနေစရာတော့ လိုမယ်မထင်ပါဘူး။ 

    စစ်ကိုင်းတိုင်းလို့ ပြောလိုက်တာနဲ့ လက်ညှိုးထိုးမလွှဲ တော်လှန်ရေးတပ်ဖွဲ့များ ကြင်လည်ကျက်စားနေတယ်ဆိုတာကို   တွေ့ရပါလိမ့်မယ်။ အလားတူ ချောင်းဦးမြို့နယ် မြင်းမူမြို့နယ်တို့ကလည်း တော်လှန်ရေးမှာ အားသွန်ခိုက်စွာ ပါဝင်လှုပ်ရှားနေကြတဲ့နေရာတွေဖြစ်သလို Local PdF၊ ရပ်ရွာကာကွယ်ရေးအဖွဲ့အပါအဝင် NUG – MOD ရဲ့ တပ်ရင်းတပ်ဖွဲ့များ အခြေစိုက်လှုပ်ရှားနေကြတယ်။    

    အဲ့ဒီလက်ညိုးထိုးမလွှဲတဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးအသုံးစရိတ်နှင့် စခန်းစရိတ်တွေကို ပြည်တွင်းပြည်ပ အလှူရှင်များ အင်တိုက်အားတိုက် ကူညီနေကြပေမယ့် လုံလောက်တဲ့ အနေအထားမဟုတ်ပေ။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကလည်း တပ်ရင်းဘယ်လောက် တပ်ဖွဲ့ ဘယ်လောက်လို့ ပြောပေမဲ့ အလုံးစုံ ပြည့်စုံအောင် ထောက်ပံ့မထားနိုင်တာ အားလုံးအသိဖြစ်ပါတယ်။ ဒါကြောင့် ဒီဒေသက တော်လှန်ရေးတပ်ဖွဲ့တွေဟာ Online ကနေ အလှူခံတာ၊ သီးနှံတွေကို ကိုယ်တိုင်စိုက်ပျိုးတာ၊ ကိုယ့်အသိမိတ်ဆွေတွေဆီက အလှူခံတာအပြင် လမ်းပေါ်မှာ အလှူခံထွက်လာကြရတယ်။ 

    (more…)