RNA_ဇန်နဝါရီ(၂)၊၂၀၂၅ခုနှစ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်တသမ္ဓ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အတွင်း စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်မှ အကျဉ်းသား (၃) ဦးလွတ်မြောက်ခဲ့သည်ဟု သိရသည်။
ဖောင်းပြင်မြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှူကြီးကြပ်ရေး ဝန်ကြီးဌာန နိုင်ငံတော်သမ္ဓ၏ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခြင်းအခမ်းအနားကို ဖောင်းပြင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ ဇန်နဝါရီ လ ၁ ရက်နေ့က လွတ်မြေက် ဒေသတစ်နေရာတွင် ပြုလုပ်ခဲ့ပြီး၊ မူးစိတ်၁၆ (ဂ) ၁ ဦး၊ ရာဇသတ် -၃၀၄(က) ၂ ဦး၊ စုစုပေါင်း (၃) ဦးလွတ်ငြိမ်းချမ်းသာခွင့်ရခဲ့သည်ဟု သိရသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ကို အကျဉ်းထောင်၊ အကျဉ်းစခန်း အသီးသီတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/သူ (၁၆၉) ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သည်ဟု ထုတ်ပြန်ထားသည်။
#RedNewsAgency #REDNEWS #RNA