Tag: စစ်ကိုင်းတိုင်း
-

အညာသူ/အညာသားတွေ စစ်ဘေးကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်နေလဲ
အညာသူ/အညာသားတွေ စစ်ဘေးကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်နေလဲခေတ်ငြိမ်းအေး“စစ်ကြောင်းက အရှေ့ကလာရင် အနောက်ကိုပြေးပြီး အနောက်ကလာရင် အရှေ့ကိုပြေးကြရတာပဲ ဖြစ်ပါတယ်။ စစ်ဘေးဒဏ်ကို ကိုယ်တိုင်ခံစားနေကြရတာမို့ ဆင်းရဲငတ်မွတ်နေကြသော်လည်း စစ်ဘေးရှောင်တွေကိုတော့ ဧည့်ဝတ်ကျေနိုင်အောင် ရှိထမင်း ရှိဟင်းနဲ့ ကြိုးစားဧည့်ခံနေကြတဲ့ အညာက စေတနာတွေကို မျက်လုံးနဲ့မြင်ရ၊ နှလုံးသားနဲ့ ခံစားသိရှိရပါတယ်။ ဒါ့ကြောင့်လဲ အညာက အညာဖြစ်နေတာပေါ့”[embedyt] https://www.youtube.com/watch?v=QMzY9l1je5Y[/embedyt]#RedNewsAgency -

တိုင်းစစ်ဌာနချုပ်အနီး ကာကင်းစခန်းကိုတော်လှန်ရေးအင်အားစုများ ဝင်တိုက် စစ်ကောင်စီလက်အောက်ခံ ၂၀ ခန့်သေဆုံးပြီး ၅ ဦးအရှင်ဖမ်းမိ
RNA_ဇွန်(၁၂)၊၂၀၂၄ ခုနှစ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာ – ရေဦး အဝေးပြေးလမ်းမကြီး အနီးရှိိ စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နှင့် တစ်မိုင်ခန့်ဝေးသည့် ကာကင်းစခန်းအား ဒေသခံတော်လှန်ရေးအင်အားစုများက ဝင်တိုက်ခိုက်သည့်အတွက် စစ်ကောင်စီလက်အောက်ခံ (၂၀)ခန့်သေဆုံးပြီး ၅ ဦးအရှင်ဖမ်းမိကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ထံမှ သိရသည်။
စစ်ကောင်စီ၏ နမခအား ဇွန်လ ၁၁ ရက်နေ့က ညနေ ၅ နာရီခန့်က ယင်းမာပင်မြို့နယ် ပကဖ ( ULF စစ်ကြောင်းမှုး ) ဦးစီးသော ကာကွယ်ရေးတပ်ဖွဲ့များက မိနစ် ၃၀ ခန့်တိုက်ခိုက်ပြီး ကာကင်းစခန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သား အများအပြားထွက်ပြေးကြကြောင်း၊ သုံ့ပန်း ၅ ဦးနှင့် လက်နက်ငယ် ၉ လက်၊ ကွန်မန်ဒို စိန်ပြောင်း ၁ လက်၊ ၆၀ မမ ၅ လုံး၊ 79 အသီး ၂ လုံး၊ 5.56 ကျည် ၁၃၃၀ တောင့် သိမ်းဆည်းရမိခဲ့ပြီး နမခမှ အင်အား ၁၀ ခန့် စစ်ကူလာနေသည့်အတွက် တော်လှန်ရေးအင်အားစုများ ပြန်ဆုတ်ခဲ့ကြောင်း သိရသည်။
-

အညာသူ/အညာသားတွေ စစ်ဘေးကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်နေလဲ
“ကျွန်မအရီးဆိုရင်ခြုံထဲတိုးလိုက် ပြေးလိုက်နဲ့ အတွင်းခံလက်ကြိုး ပါမလာတာကို ဘေးကင်းရာရောက်မှ သတိထားမိတော့တယ်။ တကယ်ပြေးနေရတာဆိုတော့ အတွင်းခံကြိုးရှိမရှိလည်း သတိမထားမိကြတော့ပါဘူး။ လေယာဥ်အသံငြိမ်တော့ ကျွန်မတို့နေရာနဲ့ တော်တော်ဝေးတဲ့ရွာကို ပြောင်းနေကြတယ်။ အဲ့ဒီရွာကိုရောက်လို့ အဖေ့ကိုရေချိုးခိုင်းတော့ အဖေက ပစ္စည်းထည့်ယူလာတယ်သာပြောတယ် အိင်္ကျီမပါဘဲ ပုဆိုးတွေပဲယူလာခဲ့တာမို့ ကျွန်မတို့မှာ ငိုရခက် ရယ်ရခက်ပါပဲ”
ခေတ်ငြိမ်းအေး
အညာလို့ပြောလိုက်ရင် တောင်ဆင်းတောင်တက်တွေနည်းပြီး ကွင်းပြင်ကြီးတွေ တမျှော်တခေါ်ရှိတဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေးက လယ်ကွင်းစိမ်းစိမ်းထဲဒေသကို မြင်ကြလိမ့်မယ်။ အညာဟာ မိုးခေါင်ရေရှားလို့ ပြောကြပေမယ့် ရာသီဥတုကို အံ့တုပြီး ဆန်၊ရေ၊စပါး ပေါများအောင် ကြိုးစားတတ်ကြတဲ့ စိတ်ဓာတ်မာကြောသူတွေ ရှိတဲ့အရပ်တခုလည်းဖြစ်တယ်။ ဒီလိုပဲ အညာသူ အညာသားဆိုတာ အစောကတည်းကမှ မာရေကျောရေနဲ့ လက်ကြောတင်းကြသလို စိတ်ဓာတ်ဆိုတာလည်း တော်တော်လေး ခိုင်မာကြတာ အားလုံးအသိဖြစ်မှာပါ။ ဒီလိုလူတွေက မတရားတာကို မတရားမှန်းသိလေတော့ တော်လှန်လိုစိတ်အပြည့်နဲ့ ကျွန်မတို့ အညာသူ၊ အညာသာတွေလည်း ဆန္ဒဆိုတော့ ပြကြ၊ သပိတ်ဆိုတော့လည်း သပိတ်ကြ၊ လက်နက်ကိုင်တော်လှန်ရေးဆိုလည်း ကျွန်မတို့အညာ နောက်မကျခဲ့ပါဘူးရှင်။
အညာက အဲ့သလိုပဲ ပြေးဆိုရင်လည်း ညီကြပြန်ပါရော။ ကျွန်မတို့ရွာရဲ့ အနောက်ဖက် နှစ်ရွာခြားမှာ စစ်သားတွေရောက်နေတော့ ကျွန်မတို့ရွာတွေက လူတွေက ထမင်းထုပ်ကိုယ်စီနဲ့ မိုးရေထဲ ရှောင်ကြတာပေါ့။ ကျွန်မကတော့ မရှောင်ပါဘူး။ ကြောက်စရာလို့လည်း မထင်ခဲ့ပါဘူး။ ဟန်ပါပါနဲ့ အရီးအိမ်မှာ ကလေးတွေ၊ အရီးတွေနဲ့ စကားလက်ဆုံကျနေတာပေါ့။ နေလေးနည်းနည်းစောင်းလာတော့ အဲ့ရွာဆီကနေ သေနတ်သံတွေလည်းကြားရော ကျွန်မ အိမ်ကနေ လည်ပင်းလောက်ထိရှိတဲ့ ရိုးကိုဖြတ်ပြီး စပါးခင်းတွေထဲ အပြေးသွားတာ ဆယ်မိနစ်တောင်ကြားရဲ့လား မသိဘူး။
သေနတ်သံတွေကြောင့် အသွားသာ သေမှာကြောက်တဲ့စိတ်နဲ့မို့ ပြေးတာ အပြန်ကျ ရေခါးလာက်ရှိတဲ့ စပါးခင်းကို စမ်းတဝါးဝါးနဲ့ ဖြတ်ရင်း အရီးက “ငါ့တူမတော့ သူ့အဖေက ဖူးဖူးမှုတ်ထားလို့ အိမ်ကစပါးခင်း ဘယ်နားရှိမှန်းမသိရှာတာ၊ ခွေးသား မင်းအောင်လှိုင်နဲ့မှ ရေပေါင်းနှုတ်တဲ့သူတွေကို နားလည်တော့မယ်” တဲ့။ အရီပြောတာလဲ ဟုတ်တယ်။ ကျွန်မကို အဖေက ဘာအလုပ်မှ မခိုင်းတာမို့ ကျွန်မက တောင်သူရဲ့သားသမီးဖြစ်ရတာ ဂုဏ်ယူရမယ့်စိတ်တောင်ပျောက်နေခဲ့တာကြာပြီ။ အဲ့ဒီစကားသံကြားမှ အညာသူက ဒီကာလတော့ အညာသူပီပီနေသင့်တာပဲလို့ စဥ်းစားမိတယ်။
-

တိုင်းပြည်က လိုအပ်လာတဲ့အခါ လူငယ်တွေက ရှေ့ဆုံးမှာ
“ငါတို့နဲ့ စစ်တပ်ကကောင်တွေနဲ့က မီတာတစ်ရာလောက်ပဲဝေးတာ တချို့နေရာတွေဆိုလှမ်းတောင်မြင်ရတယ်.. ဒါပေမဲ့ ဒီကောင်တွေတက်မလာရဲတော့ဘူး..တခါတလေဆေးကြောင်ပြီး ကျွံလာတဲ့ကောင်တွေတော့ရှိတယ်..အဲ့လိုကောင်မျိုးဆိုရင်တော့ ဖမ်းထားလိုက်တာပဲကွာ.. အာဏာရှင်ကို တော်လှန်နေတာတော့ဟုတ်တယ် အတက်နိုင်ဆုံးတော့ လူမသတ်ခြင်ဘူး ယဖရာ..ဆိုပြီး ပြောသွားခဲ့ပါတယ်…”
ချမ်းမင်း – Wiper
“တော်လှန်ရေး” ဒီစကားအသုံးအနှုန်းဟာ ကျွန်တော်တို့မျိုးဆက်အတွက် မစိမ်းလှတဲ့ စကားအသုံးအနှုန်းဖြစ်ပေမဲ့လည်း တကယ့်တကယ် နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့လာရတဲ့အချိန်မှာတော့ အခက်အခဲတွေ၊ ပင်ပန်းမှုတွေများစွာနဲ့ ကြုံတွေ့ရင်ဆိုင်ခဲ့ရတယ်။ အထူးသဖြင့် ၈၈ လူထုအရေးတော်ပုံနဲ့ ၇၃/၇၄ ကျောင်းသားသပိတ်နဲ့ အလုပ်သမားအရေးအခင်းတွေအကြောင်း စာအုပ်တွေထဲမှာ လူကြီးတွေ ပြန်ပြောပြတဲ့အကြောင်းအရာတွေထဲမှာလောက်တော့ သိရှိခဲ့ဖူးခဲ့ပေမဲ့လည်း တကယ့်တကယ် ကိုယ်တွေမျိုးဆက်လက်ထက်မှာခုလိုဖြစ်လာကြတော့ မျိုးဆက်သစ်လူငယ်တွေဟာ တကယ့်ကို ကိုယ်ကျိုးစွန့်ပြီး စစ်အာဏာသိမ်းမှုကို ရွပ်ရွပ်ချွံချွံ ခုခံတော်လှန်ခဲ့ကြတာကို ကိုယ်တွေပတ်ဝန်းကျင်မှာကော၊ နီးစပ်ရာအသိုင်းအဝိုင်းတွေမှာပါ မြင်တွေ့ခဲ့ရတယ်။
ပြီးခဲ့တဲ့ နှစ်ရက်လောက်က အညာဘက်ကို ရောက်နေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ VC ပြောနေရင်း ကိုယ့်ဟာကိုယ်တွေးမိပါတယ်။ အဆိုပါသူငယ်ချင်းဟာ မန္တလာတက္ကသိုလ်ကနေ မြန်မာစာနဲ့ဘွဲ့ရပြီး ကိုယ့်မြို့မှာ Street Food လေးတွေ စမ်းသပ်ရောင်းရင်း ဘဝကိုစတင်ဖို့ကြိုးပမ်းနေတဲ့အချိန်မှာ အာဏာသိမ်းမှုတွေဖြစ်သွားခဲ့တယ်။ အာဏာသိမ်းပြီးတဲ့နောက်မှာလည်း ဆန္ဒပြပွဲတွေ၊ သပိတ်မှောက်ပွဲတွေမှာ သူနဲ့မကြာခဏဆုံခဲ့ပြီး နောက်ဆုံး သင်္ကြန်အပြီးမှာ သူမြို့ကနေပျောက်သွားခဲ့ပါတယ်။ အဲ့တုန်းက စစ်တပ်အနေဖြင့် ဆန္ဒပြပွဲမှာပါတဲ့လူငယ်တွေ၊ ကျောင်းသားတွေနဲ့နိုင်ငံရေး သမားတွေကို အိမ်တွေရပ်ကွက်တွေထဲထိ ဝင်ရောက်ဖမ်းဆီးတာတွေပြုလုပ်နေတဲ့ကာလဖြစ်တာကြောင့် ထိုသူငယ်ချင်းအနေဖြင့် ခေတ္တရှောင်တိမ်းနေတာဖြစ်မယ်လို့ အစောပိုင်းက တွေးထင်မိပါသေးတယ်။
အခုနောက်ပိုင်း သူ့သတင်းတွေကို တဖြည်းဖြည်းနဲ့ ပြန်ကြားလာရတဲ့အချိန်မှာတော့ ကျွန်တော်ထင်သလို ခေတ္တရှောင်တိမ်းသွားတာမျိုးမဟုတ်ဘဲ ဆန္ဒပြရုံ၊ သပိတ်မှောက်ရုံနဲ့ စစ်အာဏာရှင်ကို တိုက်ထုတ်လို့မရကြောင်း သေချာတာမို့ သူတို့ကျောင်းက သူငယ်ချင်းတွေစုပြီး ကချင်ပြည်နယ် လိုင်ဇာမြို့မှာ သင်တန်းသွားတက်တာဖြစ်ကြောင်း ပြန်သိခဲ့ရတယ်။ ထိုအချိန်က စစ်တပ်အနေဖြင့် အင်တာနက်နဲ့ FB ကို အဓိကဖြတ်တောက်ထားတဲ့ကာလဖြစ်တဲ့အပြင် သူကိုယ်တိုင်လည်း စစ်သင်တန်းတက်နေတာကြောင့် အဆက်အသွယ်သိပ်တော့မရခဲ့ပါဘူး။ တစ်ခါတစ်လေ လိုင်းပေါ်တက်လာရင် သူအဆင်ပြေကြောင်း၊ အခုဆို လက်ဖြောင့်သင်တန်းပါ ဆက်တက်နေကြောင်း သင်တန်းမှာ ထူးချွန်ဆုရတာကြောင့် မြေပြင်ကိုမဆင်းရသေးဘဲ မွမ်းမံသင်တန်းတွေဆက်တက်နေရကြောင်းတွေ ပြောပြလေ့ရှိပါတယ်။
-

ပုလဲမြို့ အဝင်အထွက်ကို တော်လှန်ရေးအင်အားစုများက ပိတ်ချလိုက်ပြီ
RNA_ဇွန်(၁၁)၊၂၀၂၄ ခုနှစ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ အဝင်အထွက်လမ်းများကို အသုံးပြုပြီး ခရီးသွားပြည်သူများ အသုံးမပြုတော့ရန် ၊ မြို့တွင်းရှိစစ်ကောင်စီတပ်များကို ဒေသတွင်းသတင်းအချက်အလက် ဖြတ်တောက်ရန် စသည့်ရည်ရွယ်ချက်များဖြင့် လမ်းမရှိ သစ်ပင်ကြီးများလှဲချပြီး ပိတ်ချလိုက်ပြီဖြစ်ကြောင်း သိရသည်။
ပုလဲမြို့တွင်းရှိ စစ်ကောင်စီတပ်များ အထိုင်ချနေရာများကို တော်လှန်ရေးအင်အားစုများက ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပြီး မကြာခဏတိုက်ခိုက်လေ့ရှိသော်လည်း ခရီးသွားပြည်သူများ ပုလဲမြို့အတွင်းကို အဝင်မခံတော့သည်မှာ ပြီးခဲ့သည့် တပတ်အတွင်းလုပ်ဆောင်ခဲ့ပြီး ယမန်နေ့ကတော့ အထွက်ကိုပါ ပိတ်ချလိုက်ပြီဖြစ်ကြောင်း ဒေသခံထံမှ သိရသည်။
-

မုံရွာ စက်မှုဇုန်တိုက်ပွဲအတွင်း သေနတ်တက်ကောက်စဉ် ဒဏ်ရာရရှိခဲ့သည့်ရဲဘော် ကျဆုံး
RNA_ဇွန်(၆)၊၂၀၂၄ ခုနှစ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်အတွင်း စစ်ကောင်စီလက်အောက်ခံ (၇) ဦးသေဆုံးပြီး သေနတ် (၂) လက်သိမ်းဆည်းရမိခဲ့သည့် တိုက်ပွဲတွင် သေဆုံး စစ်ကောင်စီတပ်သားအနီးမှ သေနတ်တပ်ကောက်စဉ် ဦးခေါင်းဒဏ်ရာရရှိခဲ့သည့် Monywa The Boys တပ်ဖွဲ့ဝင် ရဲဘော် IC ကျဆုံးသွားပြီဖြစ်ကြောင်း သိရသည်။
မုံရွာမြို့၊ စက်မှုဇုန်၊ သမစိတ္တလမ်းဆုံအနီး တိုက်ပွဲတွင် သေဆုံးစစ်ကောင်စီတပ်သားအနီးမှ လက်နက်တက်ကောက်သည့်ရဲဘော် ဦးခေါင်းကျည်ထိမှန်ခဲ့ပြီး ဇွန်လ (၅) ရက်နေ့က ကျဆုံးသွားကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၄ တပ်ရင်း -Chindwin Attack Force ထံမှ သိရသည်။
-

လက်နက်ခဲယမ်း လိုအပ်ချက်ကြောင့် ယင်းမာပင်ခရိုင်အတွင်း မြို့သိမ်းတိုက်ပွဲဆင်နွှဲရန် မလွယ်ကူသေးဟုပြောကြား
RNA_မေ(၂၂)၊၂၀၂၄ ခုနှစ်။စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်းအတွင်းရှိ ကနီမြို့၊ ယင်းမာပင်မြို့၊ ဆားလင်းကြီးမြို့များကို မြို့သိမ်းတိုက်ပွဲဆင်နွှဲရန် လူအင်အားရှိသော်လည်း လက်နက်ခဲယမ်း လုံလောက်မှု မရှိသည့်အတွက် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲရန် မလွယ်ကူသေးကြောင်း ကျားသစ်နက်တပ်မတော် – Black Leopard Army တာဝန်ခံ ကိုဥက္ကာက ပြောကြားထားသည်။ယင်းမာပင်မြို့အတွင်းရှိ စစ်ကောင်စီလက်အောက်ခံများ အထိုင်ချနေသည့် စုပေါင်းရုံးနှင့် ရဲစခန်းတို့ကို မေလ ၂၀ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်က အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ယင်းမာပင်ခရိုင်တပ်ရင်း (၁၁) ကျားသစ်နက်တပ်မတော် Black Leopard Army၊ ချင်းတွင်းဒိုင်းနပိုက်၊ တောင်ပံနီ၊ Brother Defense Force၊ ဒေါင်းမင်း တပ်ခွဲ (၂) စသည့် ပူးပေါင်းတပ်ဖွဲ့က စစ်ကြောင်း ၂ ကြောင်းခွဲကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြေင်း သိရသည်။ -

ကျားသစ်နက်တပ်မတော် အထူးတိုက်ခိုက်ရေး သင်တန်းဆင်း ထူးချွန်ရဲဘော်များကို ဆုချီးမြှင့်
RNA_မေ(၂၁)၊၂၀၂၄ ခုနှစ်။စစ်ကိုင်းတိုင်း၊ NUG – MOD ယင်းမာပင်ခရိုင် အမှတ် (၁၁) တပ်ရင်း ကျားသစ်နက်တပ်မတော် – Black Leopard Army ရဲဘော် (၃၀) ဦးသည် အထူးတိုက်ခိုက်ရေး သင်တန်းဆင်းလာပြီးနောက် မေလ ၁၈ ရက်နေ့က စခန်းသွင်းပြန်လေ့ကျင်မှုများ ပြုလုပ််ပြီး ထူးချွန်သူများကို ဆုချီးမြှင့်မှုများ ပြုလုပ်ပေးခဲ့ကြောင်း ကျားသစ်နက်တပ်မတော် တာဝန်ခံ ကိုဥက္ကာထံမှ သိရသည်။[embedyt] https://www.youtube.com/watch?v=jY1mKK04no8[/embedyt]စစ်ကိုင်းတိုင်းအခြေစိုက် ကျားသစ်နက်တပ်မတော် – Black Leopard Army ရဲဘော် (၃၀) ဦးသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသ၊ လေ့ကျင့်ရေးဌာမှ ဦးစီးသင်ကြားပေးသည့် အထူးတိုက်ခိုက်ရေး သင်တန်းကို တက်ရောက်ခဲ့သူများဖြစ်ကြောင်း၊ သင်တန်းပြီးဆုံး၍ ပြန်ရောက်လာစဉ် စခန်းသွင်းပြီး ပြန်လေ့ကျင်ခဲ့ကြခြင်း ဖြစ်သည်။#RedNewsAgency -

ပြည်သူများ တော်လှန်ရေးအပေါ် အားစိုက်မှုလျော့မသွားသည့်အတွက်် စစ်ကောင်စီ ပိုရက်စက်ပြနေ
RNA_မေ(၁၃)၊၂၀၂၄ ခုနှစ်။
ယခုရက်ပိုင်း မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်း ပြည်သူ ၆၀ ဝန်းကျင်ကို စစ်ကောင်စီတပ်နှင့်လက်အောက်ခံများက သတ်ဖြတ်သွားမှုသည် ပြည်သူများတော်လှန်ရေးအပေါ် အားစိုက်မှုလျော့မသွားအသည့်အတွက် စစ်ကောင်စီက ပိုရက်စက်ပြနေဖြစ်နေသည်ဟု ဒေသခံတော်လှန်ရေး အင်အားစုများက သုံးသပ်ထားသည်။
အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံများ၏ သတ်ဖြတ်မှုကြောင့် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာမှ ပြည်သူ (၃၁) ဦးသေဆုံးခဲ့ရကြောင်း၊ မကွေးတိုင်း၊ ဆောမြို့နယ်၊ အကြည်ပန်းပလွန်းကျေးရွာ ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်သည့်အတွက် ၂၀ ဦးခန့်သေဆုံးခဲ့ရကြောင်း၊ ဒီပဲယင်းမြို့နယ်နှင့် ဝက်လက်မြို့နယ်အတွင်းလည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယခုရက်ပိုင်း သေဆုံးခဲ့ရမှုများရှိခဲ့သည်။
“နေရာတိုင်းက သူတို့ချည်းခံနေရတော့ ဘာလက်နက်မှ မရှိတဲ့ပြည်သူတွေကိုပဲ ပိုမဲနေတာထင်တယ်။ ပြည်သူတွေ တော်လှန်ရေးအပေါ် အားစိုက်မှုက လျော့မသွားတဲ့အတွက် ပိုရက်စက်ပြနေသလိုပါပဲဗျာ။ စစ်ကော်စီမှာက စစ်ရေးပစ်မှတ်ဆိုတာ မထားတော့ပါဘူး အားလုံးရဲ့ ဘုံရန်သူဟာ စစ်ကောင်စီဖြစ်သလို စစ်ကောင်စီကလဲ သူတို့အချင်းချင်းကလွဲရင် အားလုံးဟာ သူတို့ရန်သူလို့ပဲ သဘောထားလာနေပါပြီ” ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM မှ ကိုနွေဦး (မြောင်) ကပြောကြားထားသည်။
