Tag: စစ်ကိုင်းတိုင်း

  • စစ်ပွဲအတွင်းခက်ခဲနေသော အညာဒေသ ပညာရေး

    စစ်ပွဲအတွင်းခက်ခဲနေသော အညာဒေသ ပညာရေး

    RNA_အောက်တိုဘာ(၂၇)၊၂၀၂၄ခုနှစ်။
     
    မြေပြင်တိုက်ပွဲပြင်းထန်မှုနှင့်အတူ လေကြောင်းတိုက်ခိုက်ခံရမှုများအကြား အညာဒေသတွင်း ပညာသင်ယူရေးခက်ခဲနေမှုနဲ့ ကြိုးစားရုန်းကန်နေရသော အခြေအနေများကို တင်ပြလိုက်ပါသည်။
    [embedyt] https://www.youtube.com/watch?v=GvVDGQ57f08[/embedyt]
    #RedNewsAgecny

  • အမျိုးသမီးတဦးကို သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် PDF ဒုတပ်ခွဲမှူး ပြည့်ထွန်းနိုင်အား ထောင်ဒဏ် (၁၀) နှစ်ချမှတ်

    အမျိုးသမီးတဦးကို သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် PDF ဒုတပ်ခွဲမှူး ပြည့်ထွန်းနိုင်အား ထောင်ဒဏ် (၁၀) နှစ်ချမှတ်

    RNA_အောက်တိုဘာ(၂၃)၊၂၀၂၄ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟံလင်းတိုက်နယ်၊ သခွတ္တောကျေးရွာမှ အမျိုးသမီးတဦးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ(၁) – ဒုတပ်ခွဲမှူး ရဲဘော် ပြည့်ထွန်းနိုင် (ခ) လင်းစေက သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်အတွက်ထောင်ဒဏ် (၁၀) နှစ်ချမှတ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။

    ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် သမီးရည်းစားချင်း စကားများကြရာမှ ရဲဘော်ပြည့်ထွန်းနိုင်က သေနတ်ဖြင့် တချက်တည်း ပစ်သတ်ခဲ့ခြင််််််းဖြစ်​ကြောင်းဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း “မချစ်လို့ ပစ်သတ်မှု” ဟု နာမည်ကြော်ကြားခဲ့သည့် အမှုဖြစ်ပြီး၊ ပစ်သတ်ခံရသူ မယုမွန်ထိုက်နှင့် ပစ်သတ်သူတို့သည် သမီးရည်းစားများမဟုတ်ကြောင်း မိသားစုဝင်များက ပြောကြားထားသည်။

    (more…)

  • အိပ်မက်တွေ ပျက်စီးသွားပေမဲ့ ကြိုးစားရုန်းကန် ပညာသင်ကြားနေသော ကျောင်းသားများ

    အိပ်မက်တွေ ပျက်စီးသွားပေမဲ့ ကြိုးစားရုန်းကန် ပညာသင်ကြားနေသော ကျောင်းသားများ

    RNA_အောက်တိုဘာ(၁၃)၊၂၀၂၄ ခုနှစ်။

    စစ်တပ်အာဏာသိမ်းပြီးနောက် အညာဒေသ စစ်ကိုင်းတိုင်းအတွင်းက ကျောင်းသူ ကျောင်းသားများ၏ အိပ်မက်​တွေ ပျက်စီးသွားပေမဲ့ ကြိုးစားရုန်းကန် ပညာသင်ကြားနေကြသည့် အခြေအနေများကို တင်ပြလိုက်ရပါသည်။

    [embedyt] https://www.youtube.com/watch?v=hgIDf8OisNA[/embedyt]

    Red News Agency

  • ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ပါဝင်သော KIA နှင့်မဟာမိတ်တပ်ရင်းတပ်ဖွဲ့များအားလုံးကို ကျေးဇူးတင်ဂုဏ်ယူကြောင်း ကျားသစ်နက်တပ်မတော်ထုတ်ပြန်

    ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ပါဝင်သော KIA နှင့်မဟာမိတ်တပ်ရင်းတပ်ဖွဲ့များအားလုံးကို ကျေးဇူးတင်ဂုဏ်ယူကြောင်း ကျားသစ်နက်တပ်မတော်ထုတ်ပြန်

    RNA_အောက်တိုဘာ(၁၁)၊၂၀၂၄ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် KIA နှင့် မဟာမိတ်တပ်ရင်းတပ်ဖွဲ့များသာမက MOD လက်အောက်ခံ ပြည်သူ့ကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများအပါအဝင် တပ်ထောက် ရဲဘော်များ၊ စားနပ်ရိက္ခာမှစ၍ အပြည့်အဝတာဝန်ယူပေးသော နယ်မြေခံ တာဝန်ရှိသူများအား ကျေးဇူးတင် ဂုဏ်ယူမိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်ဟု ကျားသစ်နက်တင်္ပမတော်က ယနေ့ ထုတ်ပြန်ထားသည်။

    [embedyt] https://www.youtube.com/watch?v=tHDQ78P3508[/embedyt]

    (more…)

  • ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း (၁၂၀) ဦးဖမ်းဆီးရရှိမှုနှင့်အတူ လက်နက်ခဲယမ်း အမြောက်အများ၊ မူးယစ်ဆေးနှင့် ကျောက်စိမ်းများပါ သိမ်းဆည်းရမိ

    ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း (၁၂၀) ဦးဖမ်းဆီးရရှိမှုနှင့်အတူ လက်နက်ခဲယမ်း အမြောက်အများ၊ မူးယစ်ဆေးနှင့် ကျောက်စိမ်းများပါ သိမ်းဆည်းရမိ

    RNA_အောက်တိုဘာ(၁၁)၊၂၀၂၄ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၇၀) ခန့်သေဆုံးပြီး (၂၇၅) ဦးပျောက်ဆုံးကာ အလင်းဝင််််််ခဲ့သူ (၄၈) ရှိပြီး စစ်သုံ့ပန်း (၁၀၂) ဦးနှင့်အတူ လက်နက်ခဲယမ်းအမြောက်အများ၊ မူးယစ်ဆေးဝါးနှင့် ကျောက်စိမ်းများပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

    (more…)

  • စစ်ကောင်စီတပ်ပျူရွာမှာခြေချပြီး အနီးအနားကျေးရွာများကို ဒရုန်းဗုံးကြဲ

    စစ်ကောင်စီတပ်ပျူရွာမှာခြေချပြီး အနီးအနားကျေးရွာများကို ဒရုန်းဗုံးကြဲ

    RNA_အောက်တိုဘာ(၉)၊၂၀၂၄ခုနှစ်။

    စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ မူးတိမ်ပျူရွာနှင့်မူးခွပျူရွာတို့တွင် စစ်ကောင်စီလက်အောက်ခံများ အခြေချပြီး အနီးအနားကျေးရွာများဖြစ်သည့် ထန်းကုန်းကြီး၊ သာဂရ နှင့် မြောက်ရွာရှည်စသည့် ကျေးရွာများကို ဒရုန်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    စစ်ကောင်စီတပ်နှင့်ပျူများက အောက်တိုဘာ ၆ ရက်နေ့က ထန်းကုန်းကြီးကျေးရွာ စာသင်ကျောင်း၊ အောက်တိုဘာ ၇ ရက်နေ့က သာဂရကျေးရွာ၊ အောက်တိုဘာ ၈ ရက်နေ့က မြောက်ရွာရှည် ကျေးရွာတို့ကို ဒရုန်းဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    (more…)

  • ရှမ်းမန်း စစ်ဆင်ရေးတွင်  ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်မှ ဒုစစ်ရေးတာဝန်ခံ တဦးအပါအဝင် ရဲဘော် (၉) ဦးကျဆုံးခဲ့ရ

    ရှမ်းမန်း စစ်ဆင်ရေးတွင်  ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်မှ ဒုစစ်ရေးတာဝန်ခံ တဦးအပါအဝင် ရဲဘော် (၉) ဦးကျဆုံးခဲ့ရ

    RNA_အောက်တိုဘာ()၊၂၀၂၄ခုနှစ်။ 

    ၁၀၂၇ စစ်ဆင်ရေးအပိုင်း () နှင့် ရှမ်းမန်း စစ်ဆင်ရေးအတွင်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အခြေစိုက်  ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ် – DOUNG NI People Defence Force – DNPDF မှ ဒုစစ်ရေးတာဝန်ခံ ၁ ဦး၊ တပ်ခွဲမှူး ၂ ဦး၊ တပ်စိတ်မှူး ၁ဦး၊ ရဲဘော် () တို့ ကျဆုံးခဲ့ရသည်ဟု ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ် တာဝန်ခံ ကိုလင်္ကျာက ပြောသည်။ 

    ရှမ်းမန်းစစ်ဆင်ရေးအတွင်း မန္တလေး PDF နှင့်အတူ ကျောက်ဆည်ခရိုင်တပ်ရင်း () ()၊ မြင်းခြံခရိုင်းတပ်ရင်း ()၊ ညောင်ဦးခရိုင်တပ်ရင်း()၊ ရွှေဘိုခရိုင်တပ်ရင်းများ၊ ဝက်လက်ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်၊ စဉ့်ကိုင်တော်လှန်ရေးတပ်ဖွဲ့၊ တလုပ် PDF တပ်ဖွဲ့၊ National Liberation Army (NLA) တမူး၊ SSTF ရဲတပ်ဖွဲ့တို့ ပူးပေါင်းပါဝင် တိုက်ပွဲဝင်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့ကလည်း ထုတ်ပြန်ထားသည်။ 

    (more…)

  • စစ်ကောင်စီတပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး (၃၁) ဦးသေဆုံးပြီး (၄၂) ဦးအရှင်ဖမ်းဆီးခံရ

    စစ်ကောင်စီတပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး (၃၁) ဦးသေဆုံးပြီး (၄၂) ဦးအရှင်ဖမ်းဆီးခံရ

    RNA_အောက်တိုဘာ(၂)၊၂၀၂၄ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာအထိုင်ရဲစခန်းမှ ထွက်လာသော အင်အား(၉၀)ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စက်တင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံ (၃၁) ဦးသေဆုံးပြီး (၄၂) ဦးအရှင်ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

    “စစ်ကောင်စီတပ်ဖွဲဝင် ရုပ်အလောင်း (၃၁) လောင်း နှင့် စစ်သုံ့ပန်း (၄၂) ဉီး တို့ကို လက်ရဖမ်းဆီးနိုင်ခဲ့ပြီး မိမိတို့မဟာမိတ်ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်(၄)ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီ၏စစ်ကြောင်းတခုလုံးနီးပါးကို ဖျက်စီး တိုက်ခိုက်နိုင်ခဲ့ပါသည်” ဟု ULF စစ်ကြောင်းက ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • မင်းအောင်လှိုင်သည် ပညာရေးနိမ့်ပါးသည့်အတွက် တိုင်းပြည်ကို ဖျက်ဆီးနေ

    မင်းအောင်လှိုင်သည် ပညာရေးနိမ့်ပါးသည့်အတွက် တိုင်းပြည်ကို ဖျက်ဆီးနေ

    RNA_စက်တင်ဘာ(၂၉)၊၂၀၂၄ခုနှစ်။

    အကြမ်းဖက်အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပညာရေးနိမ့်ပါးသည့်အတွက် စီမံခန့်ခွဲမှုအမှားများဖြင့် တိုင်းပြည်ကို ဖျက်ဆီးနေခြင်းဖြစ်ကြောင်း CDM ကျောင်းဆရာ ဆရာဇောင်းက အညာဒေသတွင်း ပညာရေးအခြေအနေများနှင့် ပတ်သက်ပြီး ဖြေကြားရာတွင် ထည့်သွင်းပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=cirF5G1ICGw[/embedyt]

    Red News Agency

  • သစ္စာစောင့်ထိန်းမှုမရှိပါက ခွေးဖြစ်မည်ဟု လက်နက်တပ်ဆင်ပွဲအခမ်းအနားတွင် ဆရာတော် မိန့်ကြား

    သစ္စာစောင့်ထိန်းမှုမရှိပါက ခွေးဖြစ်မည်ဟု လက်နက်တပ်ဆင်ပွဲအခမ်းအနားတွင် ဆရာတော် မိန့်ကြား

    RNA_စက်တင်ဘာ(၁၀)၊၂၀၂၄ ခုနှစ်။
     
    PDF ရဲဘော်များ ပြည်သူများအပေါ် သစ္စာစောင့်ထိန်းကြရန် လိုအပ်ပြီး သစ္စာစောင့်ထိန်းမှုမပါရှိပါက ခွေးဖြစ်မည်ဟု အမျိုးသား ညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသယင်းမာပင်ခရိုင် ဗျူဟာ(၄၂) လက်နက်တပ်ဆင်ပွဲအခမ်းအနားတွင် ကြွရောက်လာသည့် ဆရာတော်က မိန့်ကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=J26F6EFP9Ow[/embedyt]
    “သစ္စာစောင့်ထိန်းမှုသာ မရှိဘူးဆိုရင် မင်းတို့လည်း ခွေးဖြစ်မှာပဲ။ ဒီခွေးတွေဟာ သစ္စာစောင့်ထိန်းမှု ပြည်သူ့အပေါ်မှာ အနိုင်ကျင့်မှု ပြည်သူ့အပေါ်မှာ သတ်ဖြတ်မှု ပြည်သူ့အပေါ်မှာ နှိပ်စက်မှုတွေနော် ဘာမှသစ္စာစောင့်ထိန်းမှုမရှိဘူး။ အဲတော့ မင်းတို့တတွေလည်းပဲ ဒီသစ္စာစောင့်ထိန်းမှုကို မလုပ်ူဘး အားမထုတ်ဘူးဆိုလို့ရှိရင် ငါပြောခဲ့သလို မင်းတို့လည်း ခွေးဖြစ်မှာပဲ။ ခွေးမဖြစ်ချင်ရင် သစ္စာစောင့်ထိန်းမှု တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ်မှာ သစ္စာစောင့်ထိန်းမှုကို ဖြစ်အောင် မကြိုးစားသင့်ဘူးလား” ဟု စက်တင်ဘာ ၈ ရက်နေ့တွင် ဆရာတော်က PDF ရဲဘော်များကို မိန့်ကြားထားသည်။
     
    #RedNewsAgency #RNA