Tag: MSPDF
-

တော်လှန်ရေးအခြေအနေက အားရစရာကောင်းနေပြီ
RNA_ဒီဇင်ဘာ(၂၁)၊၂၀၂၄ခုနှစ်။တော်လှန်ရေးအခြေအနေက အားရစရာကောင်းနေပြီး အညာလူထုတစ်ရပ်လုံး အားသွန်ခွန်စိုက်ပါဝင်နေကြောင်း၊ ယုံကြည်ချက်တစ်ခုတည်းဖြင့် ပန်းတိုင်ကို လျှောက်လှမ်းနေသည့်အတွက် ပန်းတိုင်ကိုရောက်မည်ဟု ယုံကြည်ကြောင်း စသဖြင့် ရဲဘော်လွင်ဂူးက ပြောပြထားသည်။[embedyt] https://www.youtube.com/watch?v=1XQfnnelQxk[/embedyt]Red News Agency -

မိဘအတွက် ဘွဲ့ယူပေးချင်တဲ့ အိပ်မက်ပျက်သွားပေမဲ့ ရွေးချယ်ခဲ့တဲ့လမ်းပေါ်မှာ ဘယ်တော့မှ နောင်တမရဘူး
RNA_နိုဝင်ဘာ(၂၃)၊၂၀၂၄ခုနှစ်။
“ညီမ မိဘအတွက် ဘွဲ့လေးယူပေးချင်တယ်ပေါ့နော် အဲဒီအိပ်မက်လေးတော့ပျက်သွားတယ်ပေါ့နော် ဒါပေမဲ့ ညီမ ကိုယ်ရွေးချယ်ခဲ့တဲ့လမ်းပေါ်မှာတော့ ညီမ ဘယ်တော့မှ နောင်တမရပါဘူး ညီမအကောင်းဆုံး ဆက်လျှောက်သွားမှာပါ” ဟု စစ်ကိုင်းခရိုင် အမှတ် (၄) တပ်ရင်း သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် လွင်ဂူးက ပြောကြားထားသည်။
[embedyt] https://www.youtube.com/watch?v=ouEcBnf7C8k[/embedyt]
တော်လှန်ရေးအတွင်း ပါဝင်လာမှုအကြောင်းအရင်းများ၊ စစ်တပ်အာဏာသိမ်းလိုက်သည့်အတွက် ပျက်စီးသွားသော အိပ်မက်များ၊ တော်လှန်ရေးအတွင်း ကြုံတွေ့နေရမှုများစသည့် ရဲဘော်လွင်ဂူးပြောကြားထားသည့် ရုပ်သံအပြည့်အစုံကို ထပ်မံတင်ပါမည်။
Red News Agency
-

စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုများနှင့် အညာဒေသအခြေအနေများ
RNA_နိုဝင်ဘာ(၁၆)၊၂၀၂၄ခုနှစ်။
စစ်ကောင်စီတပ်များသည် အညာဒေသအတွင်း ကျေးရွာများကို မီးရှို့မှုများအပြင် ပြည်သူများကို သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို အဓမ္မပြုကျင့်မှုများ အပါအဝင် လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေသော်လည်း တော်လှန်ရေးအားကောင်းနေမှုနှင့် ဒေသတွင်းအခြေအနေများကို စစ်ကိုင်းခရိုင် အမှတ် (၄) တပ်ရင်းမှ ဆေးတပ်သား (၂) ဦးက ပြောပြထားခြင်းဖြစ်သည်။
[embedyt] https://www.youtube.com/watch?v=Kho2ZTmf1Ho[/embedyt]
-

မြိုင်မြို့ ရဲစခန်းနှင့် မြို့အဝင်ဂိတ်တို့အား ဒရုန်းဖြင့် တိုက်ခိုက်
RNA_မတ်(၂၀)၊၂၀၂၃ ခုနှစ်။မကွေးတိုင်း၊ မြိုင်မြို့ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနှင့် ပြည်သူများ သွားလာသည့်လမ်းတွင် စစ်ဆေး အကြောင်းအမျိုးမျိုးပြကာ ဆက်ကြေးကောက်နေသည့် မြို့အဝင်ဂိတ်တို့အား Shar Htoo Waw Drone နည်းပညာ တိုက်ခိုက်ရေး Fixed Wing Drone ဖြင့် တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။[embedyt] https://www.youtube.com/watch?v=q_vPuqV4VAk[/embedyt]မြိုင်ရဲစခန်းနှင့် မြို့အဝင်ဂိတ်တို့ကို မြိုင် ပကဖနှင့်အတူ Salingyi Special Task Force – SSTF (ယင်းမာပင်ခရိုင်တပ်ရင်း ၁၄ ၊ ၁၅)၊ Shar Htoo Waw Drone နည်းပညာအဖွဲ့၊ စစ်ကိုင်းခရိုင် တပ်ရင်း -၄ (MSPDF)၊ CDSOM အနောက်ပိုင်းတိုက်ခိုက်ရေးအဖွဲ့ 001၊ အညာသား ပြောက်ကျားတပ်ဖွဲ့၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ မြိုင် ပ.က.ဖ (ဘာဂျာ “AERIAL Drone Team”)၊ Salingyi Special Task Force – SSTF တပ်ခွဲ “SPACE MAN” Drone အဖွဲ့ တို့ ပူးပေါင်းပြီး မတ်လ (၁၈) ရက်နေ့က ညနေ (၄) နာရီ (၃၀) မိနစ်ဝန်းကျင်က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း မြိုင် ပကဖ ကထုတ်ပြန်ထားသည်။#RedNewsAgency