မင်းတပ်မြို့သိမ်းတိုက်ပွဲပြန် ရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

RNA_ဇန်နဝါရီ(၃)၊၂၀၂၅ခုနှစ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်နှင့် အခြားသောမဟာမိတ်များနှင့်အတူ တိုက်ပွဲဝင်ပြီး ပြန်လာခဲ့သော စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အမှတ် (၃) တပ်ရင်းမှ အောင်ပွဲရ ရဲဘော်များကို ဒေသခံတော်လှန်ပြည်သူများက ဝမ်းသာအားရ အောင်သပြေများဖြင့် ကြိုဆိုခဲ့ကြကြောင်း ရုပ်သံမှတ်တမ်းကို ယနေ့ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက ထုတ်ပြန်ထားသည်။

ချင်းညီနောင်နှင့်အတူ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းရဲဘော်များ၊ အခြားသော မဟာမိတ်ရဲဘော်များက မင်းတပ်မြို့သိမ်း စစ်ဆင်ရေးကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ (၉) ရက်မှ စတင်တိုက်ခိုက်ကာ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် မြို့သိမ်းနိုင်ခဲ့ကြောင်း၊ ယင်းမြို့သိမ်းတိုက်ပွဲအတွင်း မုံရွာခရိုင် အမှတ် (၃) တပ်ရင်းမှ ရဲဘော် (၇) ကျဆုံးခဲ့ရပြီး၊ ပြင်ထန်းစွာ ဒဏ်ရာရရှိခဲ့သူ ရဲဘော် (၃) ဦး၊ ထိုက်ခိုက်ဒဏ်ရာရရှိသူ ရဲဘော် (၉) ဦး၊ ကိုယ်အင်္ဂါ ပြတ်တောက်ခဲ့သူ ရဲဘော် (၂) ဦးရှိကြောင်း သိရသည်။

#rednews #rednewsagency #rna #ahnyar

By RNA Editor