ကျဆုံး

ရဲစခန်းအား တိုက်ခိုက်ခြေမှုန်းအပြန် တိုက်ပွဲဖြစ်ပြီး MSRO တာဝန်ခံ ရဲဘော် သီဟနေစိုး ကျဆုံး 

ရဲစခန်းအား တိုက်ခိုက်ခြေမှုန်းအပြန် တိုက်ပွဲဖြစ်ပြီး MSRO တာဝန်ခံ ရဲဘော် သီဟနေစိုး ကျဆုံး 

RNA_အောက်တိုဘာ(၁၈)၊၂၀၂၂ခုနှစ်။ မွန်ပြည်နယ်၊ ရေးမြို့အနောက်ဘက် (၇) မိုင်ခန့် အကွာရှိ အစင်ကျေးရွာအုပ်စု၊ဇီးဖြူသောင်ကျေးရွာ နယ်မြေရဲစခန်းအား အောက်တိုဘာလ (၁၇) ရက်နေ့က သွား ရောက်တိုက်ခိုက် ခြေမှုန်းပြီးအပြန် တိုက်ပွဲဖြစ်ကာ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့စည်း (MSRO) မှ တာဝန်ခံရဲဘော် ကိုသီဟနေစိုး (ခ) တိုဘီ (ခ) ကိုအဂ္ဂ သည် မြင့်မြတ်စွာကျဆုံးခဲ့ပါကြောင်း ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
တန့်ဆည်မြို့နယ် တိုက်ပွဲမှာ TRF ရဲဘော် (၂) ဦး ကျဆုံး

တန့်ဆည်မြို့နယ် တိုက်ပွဲမှာ TRF ရဲဘော် (၂) ဦး ကျဆုံး

RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ပေကုန်းရွာအဝင်တွင် စစ်ကောင်းစီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ စက်တင်ဘာလ (၂၃) ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီး ရွှေဘိုခရိုင်၊ တပ်ရင်း (၁၆) Taze Revolution Force - TRF မှ ရဲဘော် (၂) ဦးကျဆုံးခဲ့ကြောင်း တာဝန်ရှိသူ တဦးက ပြောထားသည်။ စစ်ကောင်စီတပ်က ကျူးကျော်ဝင်ရောက်လာသည့် တိုက်ပွဲဖြစ်ပွားခဲ့ရပြီး၊ စစ်ကောင်စီတပ်၏ လူမဆန်သည့် လုပ်ရပ်များကြောင့် ဒေသခံသောင်းချီထွက်ပြေးနေရပြီး ကျေးရွာတချို့ မီးရှို့ခံနေရကြောင်း သိရသည်။ Red News Agency
Read More
ရန်ကုန်တက္ကသိုလ် ‌ကျောင်းသား ကိုအောင်ဘုန်းကျော် စစ်ကြောရေးတွင် ကျဆုံ

ရန်ကုန်တက္ကသိုလ် ‌ကျောင်းသား ကိုအောင်ဘုန်းကျော် စစ်ကြောရေးတွင် ကျဆုံ

RNA_ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ ရန်ကုန်တက္ကသိုလ် တတိယနှစ် ဘူမိဗေဒ ပညာရပ်သင် ကျောင်းသား ကိုအောင်ဘုန်းကျော်သည် တာမွေမြို့နယ်၌ ဒီဇင်ဘာလ ၂၆ ရက်နေ့က ဖမ်းဆီးခံရပြီး စစ်ကြောရေးတွင် ယနေ့ ( ဒီဇင်ဘာလ ၂၇ ရက်) ကျဆုံးသွားပြီဖြစ်ကြောင်း သိရသည်။ Red News Agency
Read More