RNA_ဒီဇင်ဘာ(၂၇)၊၂၀၂၄ခုနှစ်။
ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်နှင့်အတူ တိုက်ပွဲဝင်ခဲ့သော စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းမှ ရဲဘော် (၇) ကျဆုံးခဲ့ရပြီး၊ ပြင်ထန်းစွာ ဒဏ်ရာရရှိခဲ့သူ ရဲဘော် (၃) ဦး၊ ထိုက်ခိုက်ဒဏ်ရာရရှိသူ ရဲဘော် (၉) ဦး၊ ကိုယ်အင်္ဂါပြတ်တောက်ခဲ့သူ ရဲဘော် (၂) ဦးရှိကြောင်း မုံရွာခရိုင် အမှတ်(၃) တပ်ရင်းက ယနေ့ ထုတ်ပြန်ထားသည်။
မင်းတပ်မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်နှင့်အတူ ယောဒေသတော်လှန်ရေးတပ်၊ Yaw Army နှင့် မုံရွာခရိုင် အမှတ် (၃) တပ်ရင်းရဲဘော်များ ပူးပေါင်းပြီး အာရက္ခတပ်တော်၏ စစ်ရေး၊ စစ်လက်နက်စသည့် အကူအညီများဖြင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာ (၉) ရက်မှ စတင်တိုက်ခိုက်ကာ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် မင်းတပ်မြို့ရှိစစ်ကောင်စီလက်အောက်ခံများအားလုံးကို တိုက်ထုတ်နိုင်ပြီး မြို့သိမ်းပိုက်နိုင်ခဲ့သည်။
ချင်းညီနောင်နှင့်မဟာမိတ်များ၏ ထိုးစစ်အတွင်း မင်းတပ်မြို့ကို အလုံစုံသိမ်းပိုရရှိစဉ်၌ စစ်ကောင်စီလက်အောက်ခံ စစ်သုံ့ပန်း (၁၅၀) ကျော် ဖမ်းဆီးရမိပြီး၊ လက်နက်ကြီးများအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိကြောင်း၊ စစ်ကောင်စီဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသား (၁၃) ဦးအားလည်း ကယ်ထုတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
#RedNewsAgency #REDNEWS #RNA #revolution