မကွေးတိုင်

အမ်း – ပဒါန်း လမ်းတိုက်ပွဲတွင် PRA-Magway မှ ရဲဘော် ဟန်ဘို ကျဆုံးခဲ့ရ

အမ်း – ပဒါန်း လမ်းတိုက်ပွဲတွင် PRA-Magway မှ ရဲဘော် ဟန်ဘို ကျဆုံးခဲ့ရ

RNA_မေ(၁)၊၂၀၂၄ ခုနှစ်။ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်အစပ် အမ်း -ပဒါန်း လမ်းပိုင်း တိုက်ပွဲအတွင်း လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) မှ ရဲဘော် ဟန်ဘိုသည် စစ်ရေးတာဝန်များ ထမ်းဆောင်ရင်း လက်နက်ကြီးကျည်ထိမှန်ကာ ဧပြီလ (၃၀) ရက်နေ့ နံနက်ပိုင်းက မြင့်မြတ်စွာ ကျဆုံးသွားကြောင်း သိရသည်။ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း AA နှင့် ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်နေသည့်အတွက် စစ်ကူနှင့် ရိက္ခာပို့ လမ်းကြောင်းများကို အများပြည်သူသုံး ယာဉ်များဖြင့် သွားလာနေသည့်အတွက်ရခိုင်ပြည်နယ် အမ်းမြို့နှင့် မကွေးတိုင်း ပဒါန်းတို့ကို ဆက်သွယ်ထားသော အမ်း-ပဒါန်း ကားလမ်းအား အာရက္ခတပ်တော် - AA နိုဗာစစ်ဒေသ (၁) က ဧပြီလ…
Read More
မြိုင်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် (၅) ဦးသေဆုံး (၆) ဦးအရှင်ဖမ်းဆီးရမိ

မြိုင်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် (၅) ဦးသေဆုံး (၆) ဦးအရှင်ဖမ်းဆီးရမိ

RNA_ဧပြီ(၂၃)၊၂၀၂၄ ခုနှစ်။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဖလန်ကိုင်းကျေးရွာအနီးနှင့် ကျောက်မဏ္ဍပ် (ဝါးရင်းချိုင်ကျေးရွာနှင့် ကမ်းပါးဖြူကျေးရွာကြား) တိုက်ပွဲများတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ (၅) ဦးသေပြီး ၆ ဦးအရှင်ဖမ်းဆီးရမိကြောင်း မြိုင် ပကဖ ထံမှ သိရသည်။ မြိုင်မြို့ စက်မှု (၂) မှ ထွက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဧပြီလ ၁၅၊ ၁၆၊ ၁၇ ရက်နေ့တို့က ဖလန်းကိုင်းရွာရောက်ရှိချိန် တော်လှန်ရေးအင်အားစုများက ဒရုန်းဗုံးသီးများဖြင့် တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် (၅) ဦးသေဆုံးကြောင်း၊ တိုက်ပွဲများသည် ဧပြီလ ၂၂ ရက်နေ့အထိ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ကျောက်မဏ္ဍပ်အနီးတွင်လည်း သင်္ကာမကင်းဖွယ် လက်နက်ကိုင် ၆ ဦးတွေ့ရှိသည့်အတွက် ပစ်ရာ ဖလန်ကိုင်းရေနံမြေမှ…
Read More
ပျူခေါင်းဆောင်အုပ်ချုပ်ရေးမှူးနေအိမ်က ကော်စေ့သေနတ် (ပစ္စတိုအတု)ပါ သိမ်းဆည်းရမိ

ပျူခေါင်းဆောင်အုပ်ချုပ်ရေးမှူးနေအိမ်က ကော်စေ့သေနတ် (ပစ္စတိုအတု)ပါ သိမ်းဆည်းရမိ

RNA_ဧပြီ(၁၉)၊၂၀၂၄ ခုနှစ်။   မကွေးတိုင်း၊ နတ်မောက်မြို့နယ် အရှေ့ခြမ်း၊ ဖန်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် ခင်မောင်အေးနေအိမ်အနီးတွင် ပစ်ခတ်ရှင်းလင်းခံရပြီး နေအိမ်မှပစ္စည်းများ သိမ်းဆည်းရမိသည့်အထဲတွင် ကော်စေ့သေနတ် (ပစ္စတိုအတု) အပါအဝင် ယူနီဖောင်းများ၊ ကာဘိုင်သေနတ် ၁ လက်၊ ကာဘိုင်ကျည် ၁၉ တောင့်နှင့် စစ်သုံးပစ္စည်းများသိမ်းဆည်းရမိခဲ့သည်။ စစ်ကောင်စီလက်အောက်ခံ ခင်မောင်အေးမှာ ဧပြီလ ၁၇ ရက်နေ့က နေအိမ်အနီး ရှင်းလင်းခံခဲ့ရပြီး နေအိမ်မှ ကာဘိုင်သေနတ် ၁ လက်၊ ကာဘိုင်ကျည် ၁၉ တောင့်၊ ပစ္စတိုအတု ၁ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ ၉မမ ကျည် ၄ တောင့်၊ စစ်ဝတ်စုံ ၁၁…
Read More
ပ.က.ဖ ဦးဆောင်သူကိုဝင်းရွှေက ပြည်သူ့ဆန္ဒမပါပဲ အိမ်ခြံဝန်းများကို ဘူဒိုဇာနှင့်ထိုး

ပ.က.ဖ ဦးဆောင်သူကိုဝင်းရွှေက ပြည်သူ့ဆန္ဒမပါပဲ အိမ်ခြံဝန်းများကို ဘူဒိုဇာနှင့်ထိုး

RNA_ဧပြီ(၁၃)၊၂၀၂၄ ခုနှစ်။   မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဌေးအောင်ရွာအုပ်စု၊ ကျက်စားကျေးရွာတွင် ရပ်ရွာဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပ.က.ဖ ခေါင်းဆောင်ဆိုသူကိုဝင်းရွှေက ပြည်သူ့ဆန္ဒမပါပဲ အိမ်ခြံဝန်းများကို ယမန်နေ့ (ဧပြီ ၁၂ ရက်)က ဘူဒိုဇာဖြင့်ထိုး ဖြိုချနေသည့်ကိစ္စကို NUG ဝန်ကြီးများ ကာကွယ်ဖြေရှင်းပေးရန် ဒေသခံများက တောင်းဆိုထားသည်။ ပ.က.ဖ ဦးဆောင်သူ ကိုဝင်းရွှေက ရပ်ရွာနေပြည်သူများ၏ ဆန္ဒမပါပဲ ဖွံ့ဖြိုးရေးခေါင်းစဉ်တပ်ကာ ရွာကွက်သစ်ရိုက်မည့်အနေအထားပြုရန် ခြံဝန်းများကို ဘူဒိုဇာဖြင့်ထိုးဖြိုချဖျက်ဆီးနေမှုကို သက်ဆိုင်ရာ NUG ဝန်ကြီးများနှင့် သက်ဆိုင်ရာ ခေါင်းဆောင်များမှ ယခုကိစ္စကို အမြန်ဆုံး ကူညီကာကွယ် ဖြေရှင်းပေးရန် ရွာခံပြည်သူတချို့က တောင်းဆိုထားသည်။   #RedNewsAgency #RNA #RedNews
Read More
စစ်ကောင်စီရိက္ခာပို့ယာဉ်တန်းမှ မတရာဖမ်းဆီးခံရသူများကို တော်လှန်ရေးအင်အားစုများ ကယ်ထုတ်

စစ်ကောင်စီရိက္ခာပို့ယာဉ်တန်းမှ မတရာဖမ်းဆီးခံရသူများကို တော်လှန်ရေးအင်အားစုများ ကယ်ထုတ်

RNA_ဧပြီ(၇)၊၂၀၂၄ ခုနှစ်။ မကွေးတိုင်း၊ ကမ္မမြို့နယ်၊ သာကြီးတောင် ရေနံမြေအနီးမှာ စစ်ကောင်စီ၏ ရိက္ခာပို့ ယာဉ်တန်းကို ဒေသတွင်း တော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားပြီး မတရားဖမ်းဆီးခံထားရသည့် အရပ်သားပြည်သူများကို ကြားကာလအစိုးရ၏ သက်ဆိုင်ရာ တာဝန်ရှိသူများထံ အပ်နှံခဲ့သည်ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)က ယနေ့ ထုတ်ပြန်ထားသည်။ မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ စစ်ကောင်စီ၏ တပ်မ (၁၀၁) မှ ယာဉ် ၁၀၀ နီးပါးဖြင့် ထွက်လာသည့် ယာဉ်တန်းကို ဧပြီလ (၂) ရက်နေ့က တော်လှန်ရေးအင်အားစုများက သာကြီးတောင် ရေနံမြေအနီးမှာ မိနစ် (၄၀) ခန့်ကြာ ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံများ ထွက်ပြေးကြသည့်အတွက် ယာဉ် (၇) စီးကို…
Read More
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ထွက်ပြေးလာသော ၄ ဦးအပါဝင် စစ်ကောင်စီလက်အောက်ခံ (၆) ဦးကို PRA – Magwayက ဖမ်းဆီးထား

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ထွက်ပြေးလာသော ၄ ဦးအပါဝင် စစ်ကောင်စီလက်အောက်ခံ (၆) ဦးကို PRA – Magwayက ဖမ်းဆီးထား

RNA_ဧပြီ(၃)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်နေသည့်အတွက် မကွေးတိုင်းအတွင်း ထွက်ပြေးလာသည့် ရခိုင်ပြည်နယ် အမ်းမြို့အနေခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ထွက်ပြေးလာသော ခမရ (၃၄၆) လက်အောက်ခံတပ်ဖွဲ့ဝင် (၄) ဦးနှင့် တတက (၉) မှထွက်ပြေးလာသော ခလရ (၆၃) လက်အောက်ခံ (၂) ဦးတို့ကို PRA - Magway ကဖမ်းဆီးရမိကြောင်း သိရသည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ထွက်ပြေးလာသော ခမရ (၃၄၆) လက်အောက်ခံ တပ်ဖွဲ့ဝင် (၄) ဦးကို ၂၀၂၄ ခုနှစ် ဧပြီ (၁) ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ခလရ (၆၃) လက်အောက်ခံ (၂) ဦးကို ၂၀၂၄ ခုနှစ် မတ်လ ၂…
Read More
ပခုက္ကူမြို့နယ်အတွင်း စိုးမိုးထိန်းချုပ်နေရာများတွင် သတ်မှတ်နေရာမှလွဲ၍ အခွန်ကောက်ခံခြင်း မပြုလုပ်ရန် တားမြစ်

ပခုက္ကူမြို့နယ်အတွင်း စိုးမိုးထိန်းချုပ်နေရာများတွင် သတ်မှတ်နေရာမှလွဲ၍ အခွန်ကောက်ခံခြင်း မပြုလုပ်ရန် တားမြစ်

RNA_ဧပြီ(၂)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ လမ်းမကြီးများနှင့် လမ်းပိုင်းအချို့တွင် စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်ရာ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အခွန်ကောက်ခံရန်သတ်မှတ်ထားသော နေရာများမှလွဲ၍ အခွန် ကောက်ခံခြင်း ဆက်ကြေးတောင်းခံခြင်း လုံးဝ(လုံးဝ) ဆောင်ရွက်ခွင့်မပြုကြောင်း အမိန့် ထုတ်ပြန်ထားသည်။ တော်လှန်ရေးကာလတွင် တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် ပြည်သူ လူထုအား ဝန်ထုတ်ဝန်ပိုးဖြစ်စေမည့် အခွန်အခကောက်ခံခြင်းနှင့် ပြန်ပေးဆွဲခြင်း၊ ဓါးပြတိုက်ခြင်းဖြင့် ရန်ပုံငွေရှာဖွေခြင်းသည် မှားယွင်းသောနည်းလမ်းဖြစ်ကြောင်း၊ အဖွဲ့အစည်းများ၏ စည်းလုံးမှုကိုအသုံးချ၍ စုပေါင်းစိုက်ပျိုး/မွေးမြူရေး၊ စုပေါင်းကုန်ထုတ်စနစ်များဖော်ဆောင်၍ ရန်ပုံငွေရရှိအောင်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More
PRA-Magway ရဲဘော်များ AA နှင့်အတူ တိုက်ပွဲဝင်နေ

PRA-Magway ရဲဘော်များ AA နှင့်အတူ တိုက်ပွဲဝင်နေ

RNA_မတ်(၃၀)၊၂၀၂၄ ခုနှစ်။   မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ဧရာဝတီမြစ်အနောက်ဘက်ခြမ်းအခြေစိုက်၊ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (People's Revolution Alliance - PRA - Magway) ရဲဘော်များအနေဖြင့် AA နှင့်အတူ တိုက်ပွဲဝင်နေပြီး၊ ရှေ့တန်းရောက်နေသည့်အတွက် (၃) နှစ်ပြည့်အခမ်းအနားကို မကျင်းပနိုင်ခြင်းဖြစ်ကြောင်း သိရသည်။   PRA - Magway ရဲဘော်များသည် ရက္ခိုင့်တပ်တော်နှင့်အတူ စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းနိုင်ရေးအတွက် တိုက်ပွဲဝင်နေကြောင်း၊ ယခုရက်ပိုင်းအတွင်း ငဖဲမြို့နယ်အတွင်းဖြစ်ပွားသည့် တိုက်ပွဲများတွင် ရက္ခိုင့်တပ်တော်နှင့်အတူ PRA - Magway များ ပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့ကြောင်း သိရသည်။ (more…)
Read More
အမ်းမြို့နယ်နှင့် ငဖဲမြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၂၅ ဦးကျော် သေဆုံး

အမ်းမြို့နယ်နှင့် ငဖဲမြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၂၅ ဦးကျော် သေဆုံး

RNA_မတ်(၂၉)၊၂၀၂၄ ခုနှစ်။ ရခိုင်ပြည်နယ် အမ်းမြို့နယ်နှင့် မကွေးတိုင်း ငဖဲမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော် - AA နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ကြရာ စစ်ကောင်စီတပ်မှ ၂၅ ဦးကျော် သေဆုံးကြောင်း သိရသည်။   အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ ရက္ခိုင်ပြည်၊ အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အနောက်ဘက် မီတာ (၁၄၀၀) ခန့်အကွာတွင် ရက္ခိုင့်တပ်တော် နှင့် အကြမ်းဖက်စစ်ကောင်စီတို့ မတ်လ ၂၆ ရက်နေ့တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ (၁၅) ဦးခန့် သေဆုံးကြောင်း AAကထုတ်ပြန်ထားသည်။ (more…)
Read More
စစ်ကောင်စီ စစ်ရှုံးသည့်ရသာကို ခံစားနေရပြီဟု ဗိုလ်မိုက်ခဲပြော

စစ်ကောင်စီ စစ်ရှုံးသည့်ရသာကို ခံစားနေရပြီဟု ဗိုလ်မိုက်ခဲပြော

RNA_ဖေဖော်ဝါရီ(၁၉)၊၂၀၂၄ ခုနှစ်။ "ကျွန်တော်အမြင်ပြောရမယ်ဆိုရင် စကစရဲ့ဘဝက ဆုပ်လဲစူး စားလဲရူးဆိုတဲ့ ဘဝရောက်နေပြီ။ သေချာတခုကတော့ ဒီကောင်စစ်ရှုံးနေပြီ စစ်ရှုံးတဲ့ အရသာကို သူတို့ခံစားဖူးပြီ စစ်ရှုံးတဲ့အရသာ သိပ်ကိုကြောက်စရာကောင်းပါတယ်" စသဖြင့် အညာရဲ့တော်လှန်ရေးအခြေအနေနှင့် လက်တလောအနေအထားများကို Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။ Red News Agency
Read More