Tag: ပဒါန်း

  • အမ်း – ပဒါန်း လမ်းတိုက်ပွဲတွင် PRA-Magway မှ ရဲဘော် ဟန်ဘို ကျဆုံးခဲ့ရ

    အမ်း – ပဒါန်း လမ်းတိုက်ပွဲတွင် PRA-Magway မှ ရဲဘော် ဟန်ဘို ကျဆုံးခဲ့ရ

    RNA_မေ(၁)၊၂၀၂၄ ခုနှစ်။

    မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်အစပ် အမ်း -ပဒါန်း လမ်းပိုင်း တိုက်ပွဲအတွင်း လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) မှ ရဲဘော် ဟန်ဘိုသည် စစ်ရေးတာဝန်များ ထမ်းဆောင်ရင်း လက်နက်ကြီးကျည်ထိမှန်ကာ ဧပြီလ (၃၀) ရက်နေ့ နံနက်ပိုင်းက မြင့်မြတ်စွာ ကျဆုံးသွားကြောင်း သိရသည်။

    ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း AA နှင့် ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်နေသည့်အတွက် စစ်ကူနှင့် ရိက္ခာပို့ လမ်းကြောင်းများကို အများပြည်သူသုံး ယာဉ်များဖြင့် သွားလာနေသည့်အတွက်ရခိုင်ပြည်နယ် အမ်းမြို့နှင့် မကွေးတိုင်း ပဒါန်းတို့ကို ဆက်သွယ်ထားသော အမ်း-ပဒါန်း ကားလမ်းအား အာရက္ခတပ်တော် – AA နိုဗာစစ်ဒေသ (၁) က ဧပြီလ (၂) ရက်နေ့ကတည်းက အကန့်အသတ်မရှိ အရေးပေါ်ပိတ်ထားခဲ့သည်။

    အာရက္ခတပ်တော်နှင့် မဟာမိတ်များက အမ်းမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံများကို တိုက်ထုတ်နေစဉ်အတွင်း အမ်းကို စစ်ကူသွားသည့် စစ်ကောင်စီလက်အောက်ခံများက ပဒါန်းကျော်သည်နှင့် လက်နက်ကြီး လက်နက်ငယ်များဖြင့် ကျေးရွာများကို ပစ်ခတ်နေကြောင်း၊ အမ်းတက်သည့် စစ်ကောင်စီတပ်များလည်း လမ်းတွင် ကြားဖြတ်တိုက်ခိုက်ခံရမှုရှိပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

     

    (more…)

  • ပါတီတခုထဲ ထင်ရာစိုင်းမရအောင် ပါတီစုံဒီမိုကရေစီစနစ်ကို တောင်းဆိုခဲ့ဟု ဦးကိုကိုကြီးပြော

    ပါတီတခုထဲ ထင်ရာစိုင်းမရအောင် ပါတီစုံဒီမိုကရေစီစနစ်ကို တောင်းဆိုခဲ့ဟု ဦးကိုကိုကြီးပြော

    ဒီလှိုင်း ။ ပဒါန်း။ ဇန်နဝါရီ ၂၆ ရက် ။

    ” ပါတီစုံဒီမိုကရေစီစနစ်ကိုတောင်းဆိုခဲ့တာကိုယ်၌က တစ်ပါတီထဲ ထင်ရာစိုင်းလို့မရအောင် အပြန်အလှန်ထိန်းကြောင်းတဲ့ ထိန်းညှိတဲ့စနစ်တစ်ရပ်ပေါ်ပေါက်လာအောင် တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့်မလို့လည်း ပြည်သူ့ပါတီအနေနဲ့နိုင်ငံတော်အတွက် အကျိုးရှိတဲ့ကိစ္စတွေမှာပူးပေါင်းဆောင်ရွက်ဖို့၊ထောက်ခံဖို့၊ကျွန်တော်တို့အအဆင်သင့်ရှိသလို၊အားနည်းချက်တွေလိုအပ်ချက်တွေရှိရင်လည်းထောက်ပြတာဝေဖန်တာဆောက်ရွက်နိုင်ဖို့အတွက်ပါတီစုံဒီမိုကရေစီစနစ်အားကောင်းအောင်ကျိုးပမ်းဆောင်ရွက်နေတာဖြစ်ပါတယ်” လို့ ပြည်သူ့ပါတီ (ဗဟို) ဥက္ကဌ ဦးကိုကိုကြီးက ပြောပါတယ်။

    ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်နေ့မှာ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် ၊ ပဒါန်းမြို့မှာ ပြည်သူ့ပါတီ ရုံးဖွင့်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ပြည်သူ့ပါတီ တရားဝင်မှတ်ပွုံတင်ကျခဲ့တာ ၁ နှစ်ကျော်သာရှိသေးပေမဲ့ တိုင်းနဲ့ပြည်နယ်၊ မြို့နယ်တွေမှာ ရုံးပေါင်း ၆၀ လောက်နဲ့ ရပ်ကွက် ကျေးရွာ ၂၀၀ ကျော်လောက် ရုံးခန်းတွေ ဖွင့်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ပြည်သူ့ပါတီကို ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင်တချို့ ဦးဆောင်ပြီး တည်ထောင်ထားတာဖြစ်ပါတယ်။ [embedyt] https://www.youtube.com/watch?v=HRa1IvCOtZU[/embedyt]Red News Agency