Tag: စစ်ကောင်စီယာဉ်တန်း

  • လက်နက်ခဲယမ်း သယ်ဆောင်လာသောယာဉ်တန်း တိုက်ခိုက်ခံရပြီီး ယာဉ် (၁) စီးမီးလောင် (၇) ဦးသေဆုံး

    လက်နက်ခဲယမ်း သယ်ဆောင်လာသောယာဉ်တန်း တိုက်ခိုက်ခံရပြီီး ယာဉ် (၁) စီးမီးလောင် (၇) ဦးသေဆုံး

    RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၅ခုနှစ်။
    မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် လေကြောင်းကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်းများ သယ်ဆောင်လာသော ယာဉ်တန်း ဖေဖော်ဝါရီလ ၂၂ ရက် နေ့လယ် ၁ နာရီ ၃၀ မိနစ်ခန့်က တိုက်ခိုက်ခံရပြီး ယာဉ် (၁) စီး မီးလောင်ပျက်စီးသွားသည့်အပြင် စစ်ကောင်စီတပ်သား (၇) ဦးသေဆုံးသွားကြောင်း သိရသည်။

    (more…)

  • စစ်ကောင်စီရိက္ခာပို့ယာဉ်တန်းမှ မတရာဖမ်းဆီးခံရသူများကို တော်လှန်ရေးအင်အားစုများ ကယ်ထုတ်

    စစ်ကောင်စီရိက္ခာပို့ယာဉ်တန်းမှ မတရာဖမ်းဆီးခံရသူများကို တော်လှန်ရေးအင်အားစုများ ကယ်ထုတ်

    RNA_ဧပြီ(၇)၊၂၀၂၄ ခုနှစ်။

    မကွေးတိုင်း၊ ကမ္မမြို့နယ်၊ သာကြီးတောင် ရေနံမြေအနီးမှာ စစ်ကောင်စီ၏ ရိက္ခာပို့ ယာဉ်တန်းကို ဒေသတွင်း တော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားပြီး မတရားဖမ်းဆီးခံထားရသည့် အရပ်သားပြည်သူများကို ကြားကာလအစိုးရ၏ သက်ဆိုင်ရာ တာဝန်ရှိသူများထံ အပ်နှံခဲ့သည်ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)က ယနေ့ ထုတ်ပြန်ထားသည်။

    မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ စစ်ကောင်စီ၏ တပ်မ (၁၀၁) မှ ယာဉ် ၁၀၀ နီးပါးဖြင့် ထွက်လာသည့် ယာဉ်တန်းကို ဧပြီလ (၂) ရက်နေ့က တော်လှန်ရေးအင်အားစုများက သာကြီးတောင် ရေနံမြေအနီးမှာ မိနစ် (၄၀) ခန့်ကြာ ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံများ ထွက်ပြေးကြသည့်အတွက် ယာဉ် (၇) စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ သိမ်းဆည်းရမိသည့် စစ်ကောက်စီတပ်၏ ရိက္ခာတချို့ကို နီးစပ်ရာ စစ်ဘေးသင့်ပြည်သူများဆီသို့ ပြန်လည်မျှဝေခဲ့သည်ဟု သိရသည်။

    [embedyt] https://www.youtube.com/watch?v=tsl6UC703cg[/embedyt]

    (more…)

  • ရပ်ကွက်နေပြည်သူများ ကြားရသည့်ပေါက်ကွဲသံသည် စကစ ယာဉ်တန်း တိုက်ခိုက်ခံရမှုဖြစ်

    ရပ်ကွက်နေပြည်သူများ ကြားရသည့်ပေါက်ကွဲသံသည် စကစ ယာဉ်တန်း တိုက်ခိုက်ခံရမှုဖြစ်

    RNA_ဒီဇင်ဘာ(၁၅)၊၂၀၂၂ ခုနှစ်။

    ဒီဇင်ဘာလ ၁၄ ရက်နေ့ညပိုင်းက မြောက်ဒဂုံမြို့နယ်နှင့်မြောက်ဥက္ကလာပမြို့နယ်အတွင်းထိ ကြားခဲ့ရသည့် ပေါက်ကွဲသံသည် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုဖြစ်ကြောင်း သိရသည်။

    ရန်ကုန်မြို့၊ အရှေ့ဒဂုံမြို့နယ်၊ အမှတ် (၂)လမ်းမကြီးနှင့် ကျန်စစ်သားလမ်းဆုံမီးပွိုင့်အရောက် ကင်းလှည့်နေသည့် စစ်ကောင်စီယာဉ်တန်းကို ဒီဇင်ဘာ ၁၄ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ဝန်းကျင်က Generation Z Defense Force & Supply Army (GZDF) မှ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

    [embedyt] https://www.youtube.com/watch?v=ycQFwAoPRHY[/embedyt]

    ရန်ကုန်မြို့ရှိ မြို့ပြပြောက်ကျားတပ်ဖွဲ့များသည် အခွင့်ရတိုင်း စစ်ကောင်စီတပ်သားများနှင့်လက်အောက်ခံများကို တိုက်ခိုက်မှုများရှိကြောင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြသူများကလည်း လမ်းမထွက်ပြီး ဆန္ဒပြမှုများရှိကြောင်း သိရသည်။

    #RedNewsAgency

  • Mytel တာဝါတိုင်ပေါက်ကွဲမှု လာစစ်သည့် စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ 

    Mytel တာဝါတိုင်ပေါက်ကွဲမှု လာစစ်သည့် စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ 

    RNA_ဇူလိုင်၁၉၊၂၀၂၂ခုနှစ်။

    ရန်ကုန်မြို့၊ သာကေတမြို့နယ်အတွင်းရှိ Mytel တာဝါတိုင်ကိုယနေ့ နေ့လည် ၁၂ နာရီ ၁၅ မိနစ်ဝန်းကျင်က လက်ပစ်ဗုံးပစ်ပေါက်ကွဲပြီးချိန် လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲခံခဲ့ရကြောင်း သိရသည်။

    ” စခတွေယာဉ်တန်းမိုင်းဆွဲခံရတယ် အသေအပျောပ်တော့ သေချာမသိ‌ရသေးပါဘူး။ ပေါက်ကွဲလို့လာစစ်တဲ့ယာဉ်တန်း မိုင်းထပ်ခွဲတာပါ၊ မြို့ပြတော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး ဒါကိုလုပ်တာပါ” ဟု မြို့ပြတော်လှန်ရေးအင်အားစုအဖွဲ့ဝင် တဦးကပြောသည်။

    ဓာတ်ပုံ : ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ် တွင်တွေ့ရသည့် စစ်ကောင်စီယာဉ်တန်း။ 

     

    ယနေ့ ကျရောက်သည့် (၇၅) နှစ်မြောက် အာဇာနည်နေ့မှာ ပြည်သူလူထု အစိုးရထံမှ အဓမ္မအာဏာသိမ်းယူထားသည့် စစ်ကောင်စီတပ်သားများ တိုင်းနှင့်ပြည်နယ်အနှံ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ တိုက်ခိုက်ခံရကာ သေဆုံးမှုများရှိကြောင်း သိရသည်။

    Red News Agency