PRA-Magway ရဲဘော်များ AA နှင့်အတူ တိုက်ပွဲဝင်နေ

RNA_မတ်(၃၀)၊၂၀၂၄ ခုနှစ်။
 
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ဧရာဝတီမြစ်အနောက်ဘက်ခြမ်းအခြေစိုက်၊ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (People’s Revolution Alliance – PRA – Magway) ရဲဘော်များအနေဖြင့် AA နှင့်အတူ တိုက်ပွဲဝင်နေပြီး၊ ရှေ့တန်းရောက်နေသည့်အတွက် (၃) နှစ်ပြည့်အခမ်းအနားကို မကျင်းပနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
 
PRA – Magway ရဲဘော်များသည် ရက္ခိုင့်တပ်တော်နှင့်အတူ စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းနိုင်ရေးအတွက် တိုက်ပွဲဝင်နေကြောင်း၊ ယခုရက်ပိုင်းအတွင်း ငဖဲမြို့နယ်အတွင်းဖြစ်ပွားသည့် တိုက်ပွဲများတွင် ရက္ခိုင့်တပ်တော်နှင့်အတူ PRA – Magway များ ပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့ကြောင်း သိရသည်။

“ဒီနှစ်က ရဲဘော်တွေရှေ့တန်းရောက်နေလို့ အခမ်းအနား မကျင်းပဖြစ်တာပါ။ အခု တိုက်ပွဲတွေက မကွေးတိုင်း ငဖဲထိ ရောက်လာပြီ။ AA ကလည်း တိုက်ပွဲသတင်းတွေ ကြေညာထားပြီးဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကလည်း ဧရာဝတီဖြစ်အနောက်ဘက်ခြမ်း လွတ်မြောက်ရေးဖြစ်တယ်။ မဟာမိတ်တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်ရတာပါပဲ” ဟု PRA – Magway ဗဟိုကော်မတီ ဥက္ကဋ္ဌ ကိုနေမွန်က ပြောသည်။
 
PRA – Magway တည်ထောင်ခဲ့သည်မှာ ၂၀၂၄ ခုနှစ် မတ်လ (၂၈) ရက်နေ့က (၃) နှစ်ပြည့်ဖြစ်ကြောင်း၊ MOD အပါအဝင် နိုင်ငံရေးပါတီများနှင့်တော်လှန်ရေးအဖွဲ့အစည်းအသီးသီးက သဝဏ်လွှာများပေးပို့ခဲ့ကြောင်း၊ ရက္ခိုင့်တပ်တော် Nova စစ်ဒေသမှပေးပို့သည့် သဝဏ်လွှာတွင်လည်း PRA – Magway သည် လက်တွဲတိုက်ပွဲဝင်နေသော အဖွဲ့အစည်းများထဲမှ တစ်ဖွဲ့ဖြစ်ည်ဟု ပြောကြားထားသည်။
 
လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (People’s Revolution Alliance – PRA – Magway) ၏ ဗဟိုကော်မတီ ဥက္ကဋ္ဌမှာ ကိုနေမွန်ဖြစ်ပြီး စစ်ဦးစီးချုပ်မှာ ကိုနေသူရိန်ဖြစ်ကြောင်း၊ PRA – Magway (၂) နှစ်ပြည့်အခမ်းအနားကျင်းပချိန်က စစ်ဦးစီးချုပ်မှာ ဟာကြူလီဖြစ်သည်။ ယခုဖော်ပြပါ ရုပ်သံသည် PRA – Magway (၂) ပြည့်အခမ်းအနားကျင်းပခဲ့စဉ်က ရုပ်သံကို ပြန်လည်ဖော်ပြထားခြင်းဖြစ်ကြောင်း အသိပေးအပ်ပါသည်။
 
#RedNewsAgency #RNA #REDNEWS
By Editor