အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ထွက်ပြေးလာသော ၄ ဦးအပါဝင် စစ်ကောင်စီလက်အောက်ခံ (၆) ဦးကို PRA – Magwayက ဖမ်းဆီးထား

RNA_ဧပြီ(၃)၊၂၀၂၄ခုနှစ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်နေသည့်အတွက် မကွေးတိုင်းအတွင်း ထွက်ပြေးလာသည့် ရခိုင်ပြည်နယ် အမ်းမြို့အနေခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ထွက်ပြေးလာသော ခမရ (၃၄၆) လက်အောက်ခံတပ်ဖွဲ့ဝင် (၄) ဦးနှင့် တတက (၉) မှထွက်ပြေးလာသော ခလရ (၆၃) လက်အောက်ခံ (၂) ဦးတို့ကို PRA – Magway ကဖမ်းဆီးရမိကြောင်း သိရသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ထွက်ပြေးလာသော ခမရ (၃၄၆) လက်အောက်ခံ တပ်ဖွဲ့ဝင် (၄) ဦးကို ၂၀၂၄ ခုနှစ် ဧပြီ (၁) ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ခလရ (၆၃) လက်အောက်ခံ (၂) ဦးကို ၂၀၂၄ ခုနှစ် မတ်လ ၂ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့သည်ဟု လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (People’s Revolution Alliance – PRA-Magway) က ယနေ့ ထုတ်ပြန်ထားသည်။

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု – (People’s Revolution Alliance – PRA-Magway) အနေဖြင့် လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီနှင့် စစ်ဒေသအချို့တွင် ရင်ဆိုင်တိုက်ပွဲဝင်နေကြောင်း၊ စစ်သုံးစစ်တိုက်ဖျက်ရေးကို အနိမ့်ဆုံးဘုံလုပ်ငန်းစဉ်အဖြစ် သတ်မှတ်ထားကြောင်း၊ မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်း အခြေစိုက် စစ်ကောင်စီလက်အောက်ခံ တပ်ရင်းများ၊ ကင်းစခန်းများ၊ ဂိတ်များမှ စစ်ကောင်စီလက်အောက်ခံများ အနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းရန် တိုက်တွန်းထားသည်။

#RedNewsAgency

By Editor