မကွေးတိုင်

BNRA နှင့် ပူးပေါင်းခဲ့သည့်အတွက် Southern YSO PDF ကို SYSO အဖွဲ့က ကူညီပံ့ပိုးမှုရပ်ဆိုင်းခဲ့

BNRA နှင့် ပူးပေါင်းခဲ့သည့်အတွက် Southern YSO PDF ကို SYSO အဖွဲ့က ကူညီပံ့ပိုးမှုရပ်ဆိုင်းခဲ့

RNA_ဇန်နဝါရီ(၂၂)၊၂၀၂၄ခုနှစ်။   ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA နှင့် ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်ခဲ့သည့် Southern YSO PDF ကို ကိုရီးယားအခြေစိုက် SYSO အဖွဲ့အစည်း၏ ကူညီပံ့ပိုးမှုများကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့ကတည်းက ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။   Southern YSO PDF အနေဖြင့် အဓိက ကူညီပံ့ပိုးသည့်အဖွဲ့က ရပ်ဆိုင်းမှုနှင့်ပတ်သက်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့က ထုတ်ပြန်ထာသည့် ရုပ်သံကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က ပြဿနာဖန်တီးနေသာ လူတစုရှိနေသည့်အတွက် ပြန်လည်ဖော်ပြထားခြင်းဖြစ်သည်။   မြေပြင်လိုအပ်ချက်အရ မဟာမိတ်ပူးပေါင်းတိုက်ခိုက်ရသည်ကို…
Read More
စုစုစည်းစည်း ပူးပေါင်းပြီး ရေစကြိုမြို့ပေါ်မှာ ဖော်ဆောင်နိုင်ခဲ့ဟု ဗိုလ်မိုက်ခဲပြော

စုစုစည်းစည်း ပူးပေါင်းပြီး ရေစကြိုမြို့ပေါ်မှာ ဖော်ဆောင်နိုင်ခဲ့ဟု ဗိုလ်မိုက်ခဲပြော

RNA_ဇန်နဝါရီ(၁၉)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့အတွင်း စစ်ကောင်စီတပ်သားများ စခန်းချထားသည့် စုပေါင်းရုံး (ထွေအုပ်ရုံး) နှင့် ငြိမ်းဇာနည် ( စစ်မှုထမ်းဟောင်းရုံး) တပ်စခန်းတို့ကို စုစုစည်းစည်းနှင့် ပူးပေါင်းတိုက်ခိုက်နိုင်ခဲ့သည်ဟု Myingyan Black Tiger (MBT) မှ ဗိုလ်မိုက်ခဲက Red News Agency ကိုပြောကြားထားသည်။ Myingyan Black Tiger (MBT)နှင့် ညီနောင်မဟာမိတ်များမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၇ရက် နံနက် ၆နာရီ ၁၀မိနစ်မှ စတင်ကာ စစ်ကောင်စီလက်အောက်ခံများ တပ်စွဲထားသည့် ထွေအုပ်ရုံးနှင့် စစ်မှုထမ်းဟောင်းရုံးတို့ကို တပြိုင်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံများ ကျဆုံး ဒဏ်ရာရရှိမှုရှိကြောင်း သိရသည်။ ယင်းစစ်ဆင်ရေးအတွင်း NY…
Read More
ဒေါ်ယဉ်မင်းလှိုင်ဦးဆောင်သည့် ပအဖ အဖွဲ့ကို လက်ခံကြောင်း ဒေသခံပြည်သူများ ဆန္ဒထုတ်ဖော်

ဒေါ်ယဉ်မင်းလှိုင်ဦးဆောင်သည့် ပအဖ အဖွဲ့ကို လက်ခံကြောင်း ဒေသခံပြည်သူများ ဆန္ဒထုတ်ဖော်

RNA_ဇန်နဝါရီ(၆)၊၂၀၂၃ခုနှစ်။   မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်ပတ်သက်ပြီး ယခင် NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ယဉ်မင်းလှိုင်ဦးဆောင်သည့် အဖွဲ့ကိုသာ ပြည်သူများ လက်ခံကြောင်း ဒေသခံပြည်သူများက ဇန်နဝါရီလ ၅ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို NUG ဦးဆောင်မှုဖြင့် အခြားမြို့နယ်က ဝင်ရောက်စွက်ဖက်နေသည်ကို ဒေသခံများ လက်မခံနိုင်ကြောင်း၊ နွေဦးတော်လှန်ရေး ကာလအတွင်း ဒေသခံပြည်သူများ၏ သဘောထားဖြင့် ဒေါ်ယဉ်မင်းလှိုင်ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။   #RedNewsAgency
Read More
NUG ဝန်ကြီးဌာနများအနေဖြင့် ပုဂ္ဂိုလ်စွဲဖြင့် အလုပ်လုပ်နေမှုများ မကြိုက်ကြောင်း ဆန္ဒပြသူများပြောကြား

NUG ဝန်ကြီးဌာနများအနေဖြင့် ပုဂ္ဂိုလ်စွဲဖြင့် အလုပ်လုပ်နေမှုများ မကြိုက်ကြောင်း ဆန္ဒပြသူများပြောကြား

RNA_ဒီဇင်ဘာ(၃၀)၊၂၀၂၃ခုနှစ်။   မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်အရေးအဖွဲ့ ပြန်လည်ဖွဲ့စည်းမည့်အရေးနှင့် မြို့နယ်ပြင်ပမှ ဝင်ရောက်စွက်ဖက်နေမှုများ အလိုမရှိကြောင်း၊ NUG ဝန်ကြီးဌာများအနေဖြင့် ပုဂ္ဂိုလ်စွဲဖြင့် အလုပ်လုပ်နေမှုများ မကြိုက်ကြောင်း စသည်တို့ကို ဒီဇင်ဘာ ၂၈ ရက်နေ့က ဂန့်ဂေါမြို့နယ်အတွင်း ဆန္ဒပြသူများကိုယ်စား ဦးဆောင်သူက ပြောကြားထားသည်။ Red News Agency
Read More
မကွေးတိုင်းက စစ်ရေးနိုင်ငံရေးအခြေအနေ ဘာတွေဖြစ်ပြီး ဘာတွေထူးနေပြီလဲ

မကွေးတိုင်းက စစ်ရေးနိုင်ငံရေးအခြေအနေ ဘာတွေဖြစ်ပြီး ဘာတွေထူးနေပြီလဲ

RNA_ဒီဇင်ဘာ(၈)၊၂၀၂၃ခုနှစ်။   မကွေးတိုင်းအတွင်းမှာ စစ်ကောင်စီ၏ စစ်ရေးပြင်ဆင်မှုများနှင့် ဖက်ဒရယ်ကိစ္စအပါအဝင် စစ်ရေး နိုင်ငံရေး ထူးခြားလာသည့် အပြောင်းအလဲများနှင့် ပတ်သက်ပြီး မကွေးသား တော်လှန်ရေးသမား ကိုချစ်ဝင်းမောင်က ရှင်းပြထားသည်။   #RedNewsAgency
Read More
စခန်းသိမ်းတိုက်ပွဲများနဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ပွဲများ အညာမှာ မကြာခင် စတော့မယ်

စခန်းသိမ်းတိုက်ပွဲများနဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ပွဲများ အညာမှာ မကြာခင် စတော့မယ်

RAN_ဒီဇင်ဘာ(၂)၊၂၀၂၃ခုနှစ်။ "လက်နက်ခဲယမ်းနည်းပါးနေတဲ့ မပြည့်စုံတဲ့လက်လုပ်တွေနဲ့ တိုက်နေရတဲ့အညာဒေသမှာလည်း ကျွန်တော်တို့ နိုင်တဲ့ဘက်က ကျွန်တော်တို့ လုပ်ဆောင်နိုင်တာထက်ပိုပြီး​တော့ အစွမ်းကုန် ကျွန်တော်တို့ ကြိုးစားပြီးတော့ ဒီစကစတပ်သားတွေကို အမြစ်ပြတ်တိုက်ထုတ်တော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ခုခံစစ်ကနေတဆင့် တန်ပြန်တိုက်စစ် တန်ပြန်တိုက်စစ်ကနေတဆင့် ကျွန်တော်တို့ အခုဆိုရင် စခန်းသိမ်းတိုက်ပွဲတွေ ဒီကောင်တွေကို တန်ပြန်ထိုးစစ်မဲ့ ထိုးစစ်ဆင်တိုက်ပွဲတွေ ကျွန်တော်တို့ အညာမှာ မကြာခင် စတော့မှာ ဖြစ်ပါတယ်" ဟု Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။ #RedNewsAgency
Read More
စစ်ကောင်စီ၏ အမှတ် ၂၀ ကာကွယ်ရေးပစ္စည်းစက်ရုံကို MH-60R Rocket အလုံး ၂၀ ပစ်ခတ်ခဲ့

စစ်ကောင်စီ၏ အမှတ် ၂၀ ကာကွယ်ရေးပစ္စည်းစက်ရုံကို MH-60R Rocket အလုံး ၂၀ ပစ်ခတ်ခဲ့

RNA_ဒီဇင်ဘာ(၁)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်းအခြေစိုက် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု - PRA Magway နှင့် Z-Fighter တို့ပူးပေါင်းပြီး စေတုတ္တရာမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ အမှတ် (၂၀) ကာကွယ်ရေးပစ္စည်းစက်ရုံကို ယမန်နေ့ ( နီုဝင်ဘာ ၃၀ ရက်) က MH-60R Rocket အလုံး ၂၀ ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။   အမှတ် (၂၀) ကာကွယ်ရေးပစ္စည်းစက်ရုံအတွင်း ပစ်ခတ်မှုတွင် စက်ရုံအဆောက်အဦများအတွင်း ကျရောက်ပေါက်ကွဲပြီး ယနေ့( ဒီဇင်ဘာ ၁ ရက်)အထိ ယမ်းသိုလှောင်ရုံ မီးလောင်နေကြောင်း၊ ထိခိုက်ကျဆုံးမှုနှင့် အဆောက်အဦပျက်စီးမှုကို အသေးစိတ်စုံစမ်းနေကြောင်း၊ ယင်းတိုက်ခိုက်မှုကို မဟာဗျူဟာမြောက်ပစ်မှတ်များ ချေမှုန်းတိုက်ခိုက်ဖြစ်ကြောင်း PRA Magway ကထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
ပြည်သူချစ်သည့် PDF အနေဖြင့် နိုင်ကိုနိုင်ရမည်ဆိုသည့် စိတ်ဖြင့် တိုက်ပွဲဝင်နေ

ပြည်သူချစ်သည့် PDF အနေဖြင့် နိုင်ကိုနိုင်ရမည်ဆိုသည့် စိတ်ဖြင့် တိုက်ပွဲဝင်နေ

RNA_နိုဝင်ဘာ(၂၅)၊၂၀၂၃ ခုနှစ်။ ပြည်သူချစ်သည့် PDF များအနေဖြင့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဝင်သည့်အချိန်တွင် နိုင်ကိုနိုင်ရမည်ဆိုသည့် စိတ်ဖြင့် တိုက်ပွဲဝင်နေကြသည်ဟု Southern YSO PDF မှ ကိုအောင်မောင်းက ပြောသည်။ မကွေးတိုင်း၊ ပခုက္ကူမြို့ နှင့် ရေစကြိုမြို့  ဆက်သွယ်ရေးလမ်းမ၌ရှိသော ပန်းတိုင်းခြုံကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို နိုဝင်ဘာ ၂၁ ရက်နေ့က BNRA ဦးစီးပြီး Southern YSO PDF၊ Yesagyo Revolution Group (YRG) (ပခုက္ကူခရိုင် ရင်း ၂) စသည့် ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အခြေအနေများကို ကိုအောင်မောင်းက ရှင်းလင်းပြောကြားထားခြင်းဖြစ်သည်။ #RedNewsAgency
Read More
ပြိုလဲနေသော စစ်ကောင်စီတပ် ခံစစ်ပြင်ဆင်မှုများလည်း မအောင်မြင်

ပြိုလဲနေသော စစ်ကောင်စီတပ် ခံစစ်ပြင်ဆင်မှုများလည်း မအောင်မြင်

"မြေပြန့်လို့ခေါ်ဆိုရမယ့် စစ်ကိုင်းနဲ့မကွေးက စစ်ကောင်စီစခန်းနဲ့ မြို့တွေကိုလည်း စွန့်လွှတ်ထားရပါတယ်။ ကောလင်းမြို့ကို ဆုံးရှုံးထားသလို ထီးချိုင့်ကိုလည်း လက်လွှတ်ရမယ့် အနေအထားမှာ ထန်တလန်ဖြစ်စဉ်လိုမျိုး ဖန်တီးနေတာကိုတွေ့ရမှာပါ" ကျော်ရဲစံ မကွေးတိုင်းအတွင်း စစ်ကောင်စီက ခံစစ်သဖွယ်ပြင်ဆင်နေတာကို တွေ့လာရပါတယ်။ အထူးသဖြင့် ရခိုင်ရိုးမနဲ့ဆက်စပ်နေရာတွေမှာ စစ်ကြောင်းထိုးတာ အင်အားဖြည့်တာတွေပြုလုပ်လာပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကဆို အမ်းဌာနချုပ်ကို သွားရာလမ်းဖြစ်တဲ့ ငဖဲ-အမ်း လမ်းတဝိုက်စစ်ကောင်စီ​က နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်တာကိုတွေ့ရပါတယ်။ ဒါဟာ ရခိုင့်တပ်တော်နဲ့ PDF တွေ မကွေးတိုင်းအတွင်း ဝင်ရောက်မလာနိုင်အောင် ကြိုတင်တားဆီးထားတဲ့သဘောပါပဲ။ ရခိုင်ပြည်နယ်မှာ ၁၀၂၇ စတင်ဖြစ်ပွားပြီးနောက်ပိုင်း စစ်တပ်စခန်း ၄၀ ကျော်လက်လွှတ်ထားရပါတယ်။ ဒါ့အပြင် စစ်တွေမြို့နဲ့ ၁၉ မိုင်သာဝေးတဲ့ ပေါက်တောမြို့ကိုလည်း လက်လွှတ်ရမယ့် အနေအထားနဲ့ စစ်ကောင်စီက ရင်ဆိုင်နေရပါတယ်။ AA…
Read More
ဇီးပြားရွာတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ၃၀ ကျော်သေပြီး၊ ပြည်သူ့ကာကွယ်ရေးရဲဘော် ၂၁ ဦးကျဆုံးခဲ့

ဇီးပြားရွာတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ၃၀ ကျော်သေပြီး၊ ပြည်သူ့ကာကွယ်ရေးရဲဘော် ၂၁ ဦးကျဆုံးခဲ့

RNA_နိုဝင်ဘာ(၁၆)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားရွာ ရဲစခန်းနှင့် ပျူရွာကို ဒေသခံတော်လှန်ရေး အင်အားစုများ (၅) ရက်တာတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် ပျူ ၃၀ ကျော်သေပြီး၊ ပြည်သူ့ကာကွယ်ရေးရဲဘော် ၂၁ ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။  ဇီးပြားရွာတိုက်ပွဲကို မြိုင် ပကဖ တပ်ရင်း ၁၊ ၂ နှင့် ပေါက်ကျေးရွာ ပကဖ တပ်ဖွဲ့များ၊  YRF ( ပေါက်)၊ Earthquake Defence Force၊ တောင်ညိုနဂါးတပ်ဖွဲ့၊ Royal 7တပ်ဖွဲ့တို့ ပူးပေါင်းပြီး စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။ နိုဝင်ဘာ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဇီးပြားရွာ ရဲစခန်းနှင့်ဇီးပြား(ပျူ)ရွာ…
Read More