မကွေးတိုင်

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး မင်းဘူးမြို့ ဆန္ဒပြမှု မြင်ကွင်း

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး မင်းဘူးမြို့ ဆန္ဒပြမှု မြင်ကွင်း

ဒီလှိုင်း မင်းဘူး၊ ဖော်ဝါရီလ ၉ ရက်။ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့တွင် ဖော်ဝါရီလ ၉ ရက်နေ့က လူ ၄ သိန်းကျော် အာဏာသိမ်းစစ်အစိုးရကို လမ်းပေါ်ထွက်ချီတက်ကာ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ Red News Agency
Read More
မကွေးတိုင်းတွင် ကန္တာရကျိုင်းကောင်များ ရောက်ရှိနေသည်မှာ မဟုတ်ဟုဆို

မကွေးတိုင်းတွင် ကန္တာရကျိုင်းကောင်များ ရောက်ရှိနေသည်မှာ မဟုတ်ဟုဆို

မကွေးတိုင်းအတွင် ကန္တာရကျိုင်းကောင်များ ရောက်ရှိနေသည်မှာ မဟုတ်ကြောင်း၊ နှစ်စဉ်ကျရောက်နေသည့် ပိုးကောင်များသာဖြစ်သည်ဟု မကွေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာ ဦးစီးမှူးက ပြော ဒီလှိုင်း၊ မကွေး၊ ဇူလိုင် ၉ ရက်။ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ကြူချောင်းကျေးရွာနှင့် အခြားကျေးရွာ တချို့တွင် ကန္တာရ ကျိုင်းကောင်များ ရောက်ရှိနေသည်မှာ မဟုတ်ကြောင်း၊ ရာသီဥတုကြောင့် နှစ်စဉ်ကျရောက်နေသည့် ကျိုင်းကောင် ( ဒေသအခေါ် – ဓားခုတ်ကောင်) သာဖြစ်ကြောင်း၊ စိုးရိမ်ရသည့် အနေအထားမဟုတ်ကြောင်း မကွေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးခိုင်မင်းက ပြောကြားထားပါတယ်။ Red News Agency
Read More
မကွေးတွင် ကျူးကျော်ဟုဆိုကာ အိမ်ခြေ ၁၃၀ ကျော်ကို ပြောင်းရွေ့ပေးရန် အမိန့်စာထုတ်ထား

မကွေးတွင် ကျူးကျော်ဟုဆိုကာ အိမ်ခြေ ၁၃၀ ကျော်ကို ပြောင်းရွေ့ပေးရန် အမိန့်စာထုတ်ထား

ဒီလိုင်း၊ မကွေး၊ ဇူလိုင် ၄ ရက်။ ” ကိုယ့်ဝိုင်းကိုယ့်စည်းနဲ့နေချင်လို့မလို့ ရှိတဲ့ငွေနဲ့‌ခြိုးခြံချွေတာပြီးတော့ ဝယ်ပြီးနေတာပါ၊ အဲဒါကို သူတို့က ကျူးဆိုပြီးသတ်မှတ်ပြီးတော့ ဖယ်ရှားခိုင်းတာပါ။ ကျူးဆိုပြီးတော့ဖယ်ရှားခိုင်းတာ ၁၃၅အိမ်ရှိပါတယ်” ဟု ယင်းနေရာတွင် နေထိုသည့် ဒေါ်ယုဇနလွင်က ပြောထားပါတယ်။ မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊မကွေးမြို့နယ်၊မယ်လှတောင်ကျေးရွာအုပ်စု (ကွင်းအမှတ်-၁၆၅၄-မြင်းကင်းကွင်း) တွင် အခကြေးငွေပေးဝယ်ပြီး အိမ်ဆောက်နေထိုင်သူများကို တရားမဝင် (ကျူးကျော်) ဟုဆိုကာ မကွေးမြို့နယ် အုပ်ချုပ်ရေး ဦးစီးဌာနက ဇူလိုင်လ ၂၁ ရက်နေ့ နောက်ဆုံးထားရွေ့ပြောင်းရမည်ဟု အမိန့်စာထုတ်ထားကြောင်း ဒေသခံများက ပြောကြားထားသည်။ ” ကျူးကျော်ဆိုပြီးသတ်မှတ်ပြီးရောက်လာပါတယ်၊ ကျွန်မတို့က ကိုယ့်ချွေးနည်းစာနဲ့ဒီရပ်ကွက်မှာရှိတဲ့ပိုင်ရှင်တွေဆီကနေပြီး တတ်နိုင်သလောက်ပေး ဝယ်ထားတာဖြစ်တဲ့အတွက်ကျူးမဟုတ်လို့၊ ကျူးကျော်နေထိုင်တာလို့ မသတ်မှတ်နိုင်ပါဘူး၊ ဒီတစ်ရပ်ကွက်လုံးမှာကျူးကျော်တစ်အိမ်မှမပါဘာဘူး” ဟု ယင်းရပ်ကွက်နေထိုင်သူ တဦးက…
Read More
QUARANTINE ဝင်နေသည့် အမျိုးသမီးအခန်း တံခါးဆွဲဖွင့်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့သည့် ဆယ်အိမ်မှူးကို ထောင်ဒဏ် ၆လ ချမှတ်

QUARANTINE ဝင်နေသည့် အမျိုးသမီးအခန်း တံခါးဆွဲဖွင့်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့သည့် ဆယ်အိမ်မှူးကို ထောင်ဒဏ် ၆လ ချမှတ်

ဒီလှိုင်း၊ မြိုင် ၊ မေ ၁၂ ရက် ။ Quarantine ဝင်နေသည့် အမျိုးသမီး အခန်းတံခါးဆွဲဖွင့်ခြင်း၊ မီးထိုးကြည့်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့သည့် ဆယ်အိမ်မှူးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ဟု မြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်က ယနေ့ ( မေလ ၁၂ ရက်) နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြန်အလှန်ဆွေးနွေးခြင်း တိုက်ရိုက်ထုတ်လွှင့်ချက် အစီအစဉ်တွင် ပြောကြားခဲ့သည်။ မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်၊မန်းကျီးကန်အုပ်စု၊ကန်ကြီးကျေးရွာ စာသင်ကျောင်းတွင် မေလ ၆ ရက်နေ့က Quarantine ၂၁ ရက်ဝင်နေသည့် ဒေါ်ဌေးခိုင်နှင့် သမီးဖြစ်သူတို့ အိပ်နေစဉ် ည ၁၁ နာရီဝန်းကျင်က…
Read More
ပိုင်ရှင်မဲ့ သစ်ကား ဖမ်းမိစဉ် ရဲတပ်သားများကို ရွာသားတဦးက ဓားနှင့် ခုတ်သဖြင့် သေနတ်ပစ် ဖမ်းဆီးခဲ့ရ

ပိုင်ရှင်မဲ့ သစ်ကား ဖမ်းမိစဉ် ရဲတပ်သားများကို ရွာသားတဦးက ဓားနှင့် ခုတ်သဖြင့် သေနတ်ပစ် ဖမ်းဆီးခဲ့ရ

ဒီလှိုင်း။ အောင်လံ၊ ဇန်နဝါရီ ၃၀ ရက်။ မကွေးတိုင်းဒေသကြီး၊အောင်လံမြို့နယ်၊ရွှေပန်းတောကျေးရွာအနီးမှာ ဇန်နဝါရီ ၂၈ ရက်နေ့ ညပိုင်းက သစ်ကားဖမ်းဆီးခဲ့တဲ့ရွှေပန်းတောရဲစခန်းက ရဲတပ်ဖွဲ့ဝင်များကို ဒေသခံသရက်ချောင်းကျေးရွာသားတစ်ဦးက ဓားဖြင့် တိုက်ခိုက်ခဲ့တဲ့အတွက်သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရသည်ဟု မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တိုင်းဦးစီးအရာရှိ ဒုရဲမှူးကြီးတင်မိုးက ပြောပါတယ်။ ပိုင်ရှင်များထွက်ပြေးသွားပြီး ပိုင်ရှင်မဲ့ဖမ်းဆီးရမိတဲ့သစ်တွေကို သက်ဆိုင်ရာသစ်တောဌာနကိုပြန်သယ်ဖို့စောင့်ရှောက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို သရက်ချောင်းကျေးရွာမှ အသက်၃၀ဝန်းကျင်သန်းဇော်ဦးဆို သူကဓားဖြင့်ဝင်ခုတ်ခဲ့တာ ဖြစ်ပါတယ်။ ပစ်ခတ်ဖမ်းဆီးမှုဖြစ်စဉ်မှာ ရဲတပ်သားတစ်ဦးဓားဒဏ်ရာရရှိခဲ့ပြီး ဓားဖြင့်ခုတ်သူသန်းဇော်ဦးမှာ ခါးအောက်ပိုင်းဘယ်ညာခြေထောက်နဲ့ပေါင်ကိုသေနတ်ဒဏ်ရာ တစ်ချက်စီ ထိမှန်ခဲ့တဲ့အတွက်ပြည်ဆေးရုံကိုပို့ဆောင်ကုသထားတယ်လို့သိရပါတယ်။ ဖြစ်စဉ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲဝင်တွေကို တာဝန်ဝတ္တရားနှောက်ယှက် တိုက်ခိုက်ခဲ့သူသန်းဇော်ဦးကို ရာဇသတ်ကြီးပုဒ်မ(၃၀၇/၃၃၂)ဖြင့် ဇန်နဝါရီ၂၉ရက်နေ့မှာရွှေပန်းတောရဲစခန်းမှာအမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါသည်။Red News Agency  
Read More
အစိုးရဌာနတွေမှာ လာဘ်စားမှုများရှိနေသေး

အစိုးရဌာနတွေမှာ လာဘ်စားမှုများရှိနေသေး

ဒီလှိုင်း ။ မကွေး၊ ဒီဇင်ဘာ ၁၁ ရက်။ ” NLD အစိုးရတက်လာပြီးနောက်ပိုင်း အဂတိလိုက်စားမှုကို အကောင်းဆုံး လုပ်ဆောင်နိုင်ပေမဲ့ အဂတိလိုက်စားမှုကင်းစင်ပြီလားပပျောက်ပြီလားဆိုလို့ရှိရင်တော့ အစိုးရဌာအချို့က လာဘ်စားမှုတွေကရှိ‌နေသေးတယ်” ”ပထမဦးဆုံးNLDအစိုးရတက်လာပြီးတဲ့နောက်ပိုင်းမှာတော့အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီးတော့မှသူတို့ကအကောင်းဆုံးကိုင်တွယ်နိုင်ပါတယ်လို့ပြောရမှာပေါ့နော်၊ကျွန်မတို့မကွေးတိုင်းမှာကြည့်မယ်ဆိုလို့ရှိရင်ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုကနေပြီးတော့အဂတိလိုက်စားမှုကိုလုံးဝသည်းမခံဘူးပေါ့နော်၊အပစ်ပေးစရာရှိရင်အပစ်ပေးတယ်၊အရေးယူစရာရှိရင်အရေးယူတယ် ၊ အဂတိ လိုက်စားမှုတွေကတော့ ရှိနေတုန်းဖြစ်ပါတယ်” ဟုကျေးလတ်မြေ ဒါရိုက်တာဒေါ်မူဆယ်ကပြောသည်။ မကွေးတိုင်းဒေသကြီးအတွင်း အဂတိလိုက်စားမှုများနဲ့ ပတ်သက်ပြီး အရေးယူမှုတွေကိုလည်း မကွေးတိုင်းဒေသကြီး ဒေါက်တာအောင်မိုးညိုက ပြောခဲ့ပါတယ်။ ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့က မကွေးမြို့ ဗိုလ်ချုပ်ပန်းခြံမှာ ပြုလုပ်တဲ့ ဖြောင့်မတ်တည်ကြည် အဂတိလိုက်စားမှု ကင်းဝေးသော လူ့ဘောင်ဆီ ခေါင်းစဉ်နဲ့ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား စကားဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။Red News Agency
Read More
မကွေးမြို့ လေယာဉ်ကွင်းတည်ဆောက်ရန် သိမ်းထားသည့် ပိုလျှံမြေများ ပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်

မကွေးမြို့ လေယာဉ်ကွင်းတည်ဆောက်ရန် သိမ်းထားသည့် ပိုလျှံမြေများ ပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်

မကွေးတိုင်းဒေသကြီးမကွေးမြို့ရှိမြန်မာ့လေကြောင်းမှလေယာဉ်ကွင်းတည်ဆောက်ရန်အတွက် သိမ်းဆည်းစဉ်က ယနေ့အချိန်ထိ အသုံးမပြုဘဲ ကျန်ရှိသောပိုလျှံမြေများကိုပြန်လည်ရရှိရေးနှင့်ပုံစံ(၇) ရရှိရေးအတွက် နိုဝင်ဘာ ၅ ရက်နေ့က မကွေးမြို့ တွင် သေခံများက ဆန္ဒထုတ်ဖော်ခဲ့သည်။ မကွေးတိုင်းဒေသကြီးမကွေးမြို့ရှိမြန်မာ့လေကြောင်းမှလေယာဉ်ကွင်းတည်ဆောက်ရန်အတွက် သိမ်းဆည်းစဉ်က ယနေ့အချိန်ထိ အသုံးမပြုဘဲ ကျန်ရှိသောပိုလျှံမြေများကိုပြန်လည်ရရှိရေးနှင့်ပုံစံ(၇) ရရှိရေးအတွက် နိုဝင်ဘာ ၅ ရက်နေ့က မကွေးမြို့တွင် သေခံများက ဆန္ဒထုတ်ဖော်ခဲ့သည်။Red News Agency
Read More